#Local_News
Published 13 August 2025

▪️ စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများ  ၊ CMP ကုမ္ပဏီများနှင့်Non-trade payment  များကို အမေရိကန်ဒေါ်လာ(၁)သန်းကျော်  မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှယမာန်နေ့က ထုတ်ရောင်းလိုက်ကြောင်းသိရသည်။

▪️ ထိုသို့ ရောင်းချရာတွင် CMP ကုမ္ပဏီများထံမှဝယ်ယူထားသည့်  နိုင်ငံခြားငွေများမှ အမေရိကန်ဒေါ်လာ ၁ဒဿမ၃၁၃ သန်းကို
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သြဂုတ်လ ၁၂ ရက်နေ့တွင်  စားသုံးဆီတင်သွင်းသည့်  ကုမ္ပဏီများသို့လည်းကောင်း ၊ အမေရိကန်ဒေါ်လာ ၄၆၇,၄၇၆ ကိုလည်း CMP ကုမ္ပဏီများကိုလည်း  Non-trade payment များအတွက် ရောင်းပေးခဲ့ကြောင်း သိရသည်။

▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်  သြဂုတ်လ(၁၂) ရက်နေ့၊ FX Trading Platform တွင်အမေရိကန်ဒေါ်လာငွေလဲနှုန်းကို ၃၆၂၃ ကျပ် သတ်မှတ်ရောင်းဝယ်ခဲ့ကြောင်းသိရသည်။

#YMG/NN #Yangon_Times