#Local_News
Published_ 18 February 2024
မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတားကြီးကို ရန်ကုန်မြို့တွင်းသို့ ဝင်၊ ထွက် သွားလာမည့် တန်ချိန် ၁၅၀၀၀ ရှိသည့် ပင်လယ်ကူးသင်္ဘောကြီးများ ဖြတ်သန်းနိုင်အောင် ပုံစံထုတ်၍ တည်ဆောက်ထားကြောင်း သိရပါတယ်။
နိုင်ငံတကာတံတား သတ်မှတ်ချက် စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အဆိုပါတံတားပုံစံ ထုတ်လုပ်ရာ၌ တန်ချိန် ၁၅၀၀၀ ရှိ ပင်လယ်ကူးသင်္ဘောကြီးများ ဖြတ်သန်းနိုင်ရေးအတွက် ပင်မတံတား ရေလမ်းကင်းလွတ်အမြင့်ကို ၄၉ မီတာအထိ ထားရှိခဲ့ရသဖြင့် ဆင်ခြေလျှော တံတား (Ramp Bridges) များကို အတက်၊ အဆင်း (Gradient) ပြေပြစ်စေရေးနှင့် ကမ်းနားလမ်းဈေးဆိုင်ခန်းများ၊ အဆောက်အအုံများဖယ်ရှားမှု အနည်းဆုံးဖြစ်စေရေးအတွက် ချဉ်းကပ်တံတားနှင့် ဆင်ခြေလျှောတံတား အရှည်တို့ကို တွက်ချက်ခဲ့ရပါတယ်။
မြန်မာနိုင်ငံ၌ တည်ဆောက်ပြီးစီးခဲ့တဲ့ တံတားများအနက် ရေလမ်းကင်းလွတ်အမြင့် အများဆုံးဖြစ်ပြီး တံတားကြမ်းခင်းအမြင့်ဆုံး တံတားတစ်စင်းဖြစ်ပါတယ်။
မော်တော်ယာဉ်များ ဖြတ်သန်းမောင်းနှင်ရာ၌ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် ပင်မတံတားနှင့် ချဉ်းကပ်တံတားတို့တွင် တစ်နာရီ ၅၀ ကီလိုမီတာနှုန်းနှင့် ဆင်ခြေလျှောတံတားများတွင် တစ်နာရီ ၃၀ ကီလိုမီတာနှုန်းတို့ဖြင့် မောင်းနှင်နိုင်ရန် ဒီဇိုင်းပုံစံထုတ်၍ တည်ဆောက်ထားကြောင်း သိရပါတယ်။
#Local_News #တန်ချိန်၁၅၀၀၀ရှိပင်လယ်ကူးသင်္ဘောကြီး #ဒလတံတားကို ပုံစံထုတ်တည်ဆောက်ထား #ymg_mnn #Yangon_Media_Group
လာမယ့်မတ်လမှာ ကုလားပဲစိုက်ပျိုးမှုများတဲ့ မကွေးတိုင်း ပွင့်ဖြူစကုနဲ့စလင်းမြို့နယ်တွေက ထွက်ရှိတဲ့ ကုလားပဲ တွေကို ဝယ်ယူမှာဖြစ်တယ် ပြီးခဲ့တဲ့နှစ်တွေက နှစ်စဉ်ကုလားပဲတန်ချိန် ၂၀၀၀ခန့် ဝယ်ယူပေးခဲ့တာ ယခုနှစ်မှာတန်ချိန် ၃၀၀၀ခန့်အထိ တိုးမြှင့်ဝယ်ယူဖို့အတွက် ပို့ကုန်လုပ်ငန်းရှင်နဲ့ ဆွေးနွေးထားတယ်။
#Local_News
Published_ 17 February 2024
#ကုလားပဲတန်ချိန် #ပို့ကုန်လုပ်ငန်းရှင်
#YMG/LW #Yangon_Times
#Local_News
Published 18 February 2024
အိန္ဒိယကုမ္ပဏီ Lax Corporation မှ မြန်မာနိုင်ငံ မှ ကွမ်းသီးခြောက်တန်ချိန် ရာနဲချီပြီး ဝယ်ယူလိုကြောင်း ကမ်းလှမ်းထားချက်ရှိပြီး လက်ရှိ တင်ပို့နိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း မွန်ပြည်နယ်အခြေစိုက် ကွမ်းသီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှသိရသည်။
အိန္ဒိယသို့ ကွမ်းသီးခြောက်များတင်ပို့ရန် နမူနာပုံစံတွေကို Lax Corporation ထံ ဇန်နဝါရီလကုန်ပိုင်းမှာ ပေးပို့ထားပြီး ပထမအသုတ် အနေဖြင့် ၁၇တန် ကိုပေ၂၀ကွန်တင်နာပုံးတပုံးဖြင့် အရည်သွေး စံချိန်စံညွှန်းများကောင်းမွန်လက်ခံ အတည်ပြုပြီးလျှင် တန်ချိန် ၂၀၀လစဉ် ဝယ်ယူသွားရန်နှင့်ဆက်လက်၍ ပိုမိုဝယ်ယူရန်လည်း သဘောတူညီမှုရရှိထားကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ်ကွမ်းသီတန်ချိန် ၂ သိန်း ၃ သောင်းခန့်ထွက်ရှိပြီး ပြည်တွင်းစားသုံးမှုထက် များစွာပိုလျှံနေတဲ့ ကုန်ပစ္စည်းအမယ်လည်းဖြစ်ကြောင်း သိရသည်။
"လက်ရှိအခြေအနေမှာတင်ပို့ဖို့အတွက် တင်ပို့မယ့်ပုံစံ၊ တင်ပို့ရမယ့်နေရာ၊ ဈေးနှုန်း၊ ငွေပေးချေမှုပုံစံတွေကို ဆွေးနွေးညှိနှိုင်းလျက်ရှိပြီး သဘောတူညီမှုရမယ်ဆိုရင် နှစ်ဖက်စာချုပ်ချုပ်ဆိုကာ စတင် တင်ပို့တော့မယ်"ဟုမွန်ပြည်နယ်အသင်းဥက္ကဋ္ဌ ဦးအောင်နေလင်းက ပြောသည်။
အိန္ဒိယနိုင်ငံက ကွမ်းသီးလိုအပ်ချက်များပြီး တန်ဖိုးမြှင့်ထုတ်ကုန်တွေ ထုတ်ကုန်တွေ ထုတ်လုပ်ဖို့အတွက် ဝယ်ယူနေတာဖြစ်သဖြင့် မြန်မာ့ကွမ်းသီးများတိုးမြှင့်တင်ပို့နိုင်ရေး၊ ဈေးကွက်ရရှိရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကွမ်းသီးကို တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်တို့မှာ အများဆုံးစိုက်ပျိုးကြပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် တန်ချိန် ၂၂၉၄၁၂.၄၇၂ တန် ထွက်ရှိခဲ့ကြောင်း သိရသည်။
#Local_News #မြန်မာ့ကွမ်းသီးခြောက် #တန်ချိန် ရာနှင့်ချီလစဉ်တင်ပို့ #YMG/LW #Yangon_Times
#Local_News
Published 18 February 2024
ထိုင်းနိုင်ငံဘန်ကောက်မြို့ ထေ့ယမ်းထလေ ဂတ်အိုးစက်ရုံတွင် အလုပ်လုပ်ကိုင်ရင်း မတော်တဆကြောင့် လက်ထိခိုက် မိသော မြန်မာအလုပ်သမားတစ်ဦး နစ်နာကြေးဂဘတ်၆သောင်းကျော်ရရှိကြောင်း ကူညီပေးသည့် ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲထံကသိရသည်။
အဆိုပါ မြန်မာရွှေ့ပြောင်းလုပ်သား ကိုအေးညွန့်မောင်သည်အလုပ်ချိန်အတွင်း မတော်တဆထိခိုက်မိသဖြင့် လက်ခလယ်တစ်ဆစ် ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် လုပ်ငန်းခွင်အတွင်း ထိခိုက်မှုအတွက် နစ်နာကြေးရရှိရန် မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ကကူညီဆောင်ရွက်ပေးခဲ့ရာ သုံးလခန့် ကြာပြီးနောက် ဖေဖေါ်ဝါရီ ၁၅ ရက် က နစ်နာကြေးထိုင်း ဘတ်ငွေ ၆၄၂၄၆ ဘတ်ရရှိခဲ့ ခြင်းဖြစ်သည်။
#Local_News #မြန်မာအလုပ်သမားနစ်နာကြေးရ #YMG/LW #Yangon_Times
#Local_News
Published 18 February 2024
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပို့ကုန်ရငွေ အသုံးပြုခွင့်ကို မူလသတ်မှတ်ချက်အတိုင်း ဆက်လက်ခွင့်ပြုပေးလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာချက်အရသိရသည်။
ဗဟိုဘဏ်မှ ပို့ကုန်ရငွေနှင့် ပတ်သက်ပြီး ပြန်လည်တင်းကြပ်မှုအဖြစ် ပို့ကုန်ရငွေရဲ့ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်ဈေးဖြင့် ရောင်းချရမှာဖြစ်ပြီး ကျန် ၃၅ ရာခိုင်နှုန်းကိုသာ ပေါက်ဈေးအတိုင်း ရောင်းချခွင့်ရှိတော့မှာဖြစ်ကြောင်း ’ ဆိုသည့် သတင်းများ ထွက်ပေါ်လာသည့် အတွက် ယခုကဲ့သို့ ထုတ်ပြန်ကြေညာခြင်းဖြစ်ကြောင်း သိရသည်။
ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် ၂၆/၂၀၂၃ အရ ပို့ကုန်လုပ်ငန်းရှင်တွေအနေဖြင့် ပို့ကုန်ရငွေရဲ့ ၃၅ ရာခိုင်နှုန်းကိုသာ ဗဟိုဘဏ်ရည်ညွှန်ဈေးဖြင့် လဲလှယ်ရမှာဖြစ်ပြီး ကျန် ၆၅ ရာခိုင်နှုန်းကိုတော့ နေ့စဉ်အွန်လိုင်းဈေးနှုန်းနဲ့ လဲလှယ်အသုံးပြုခွင့်ပေးထားကြောင်း သိရသည်။
အဆိုပါ သတ်မှတ်ချက်အတိုင်း လက်ရှိမှာ ပြောင်းလဲခြင်းမရှိ ဘဲ ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာချက် တွင်ဖေါ်ပြထားသည်။
#Local_News #ပို့ကုန်ရငွေ အသုံးပြုခွင့် #ဆက်လက်ခွင့်ပြုပေးနေဟုစီးပွား/ကူးသန်းထုတ်ပြန်
#YMG/LW #Yangon_Times
#Local_News
Published 18 February 2024
မန္တလေးတိုင်းဒေသကြီး၊ပုသိမ်ကြီးမြို့နယ်၊ကျွဲနဖားအုပ်စု၊ ကျောက်ချောကျေးရွာ၊ မန္တလေး-ပြင်ဦးလွင်ကားလမ်းအဆင်း၊ Asia energy စက်သုံးဆီဆိုင်ရှေ့မှာ ဖေဖော်ဝါရီ လ၁၇ရက် ညနေ၆နာရီခွဲခန့်က ယာဉ်တစ်စီးမီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်စည့်ယာဉ်မှာ ခရီးသည်တင် Expressယာဥ်တစ်စီး ဖြစ်ပြီး မီးလောင်မှုကြောင့် ယာဥ်တစ်စီလုံး မီးလောင်ပျက်စီးခဲ့ကာ လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် မန္တလေးခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အုန်းချောအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၇နာရီ ၁၄ မိနစ် အချိန်ခန့်က မီးငြိမ်းခဲ့ကြောင်း သိရသည်။
#Local_News #စက်သုံးဆီ ဆိုင်ရှေ့ ယာဉ်တစ်စီး မီးလောင် #YMG/LW #Yangon_Times
သဘင်လောကသားများကို မျက်စိအခမဲ့ခွဲစိတ်ပေးမည်။ "မျက်စိမကောင်းတဲ့ မျက်စိတိမ်ရှိနေတဲ့နွမ်းပါးတဲ့ သဘင်လောကသားတွေအနေနဲ့ အခမဲ့ခွဲစိတ်ခွင့်ရမှာ ဖြစ်ပြီးမျက်စိခွဲစိတ်ကုသမှုခံယူလိုသူတွေ အနေနဲ့ဖေဖော်ဝါရီလ(၂၉)ရက် နောက်ဆုံးထားပြီး လသာမြိုနယ်ရှိ မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)သို လာရောက်လျှောက်ထားနိုင်တယ်"
#Local_News
Published_ 18 February 2024
#သဘင်လောက #မျက်စိအခမဲ့ခွဲစိတ်
#tthl #Yangon_Times
Page 394 of 1810