#Daily_News
Published 5 November 2024
၁။ ဗိုလ်တထောင်စေတီတွင် မသိုးရွှေကြာသင်္ကန်းယှဉ်ပြိုင်ရက်ခတ် ပူဇော်ပွဲကျင်းပမည်
၂။ အိပ်စပိုတာများအဝယ်လိုက်နေ၍ ဘုရင့်နောင်၌ ဆန်အဝင်အထွက်ညီမျှနေ
၃။ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်(YUFL)မှ သင်တန်းသားများစတင်ခေါ်ယူနေ
၄။ ပါလက်စ်တိုင်းကို လူမျိုးသုဉ်းသတ်ဖြတ်နေသည့်အစ္စရေးလ်အားထောက်ပံ့နေသော အမေရိကန်အစိုးရကို ပြည်သူများဆန္ဒပြကန့်ကွက် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကနေ အမေရိကန်ဒေါ်လာ၁၅သန်းအပါအဝင် နိုင်ငံခြားငွေကြေးတွေဆက်တိုက်ထပ်မံထုတ်ရောင်းပေးနေပြီး ဒေါ်လာဈေးတွေလည်း ကျဆင်းလာတယ်လို့ သိရပါတယ်။
#Local_News
Published 5 November 2024
#နိုင်ငံခြားငွေကြေး #အမေရိကန်ဒေါ်လာ
#YMG/NN #Yangon_Times
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်(YUFL)မှ မဟာဝိဇ္ဇာတန်းနဲ့အချိန်ပြည့်နဲ့အချိန်ပိုင်း ဒီပလိုမာသင်တန်းအတွက် သင်တန်းသားတွေစတင်ခေါ်ယူနေပြီး နိုဝင်ဘာလ(၁၃)ရက် နောက်ဆုံးပေးပို့လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။
#Local_News
Published 5 November 2024
#နိုင်ငံခြားဘာသာတက္ကသိုလ် #သင်တန်းသားများခေါ်ယူ
#YMG/tthl #Yangon_Times
မိုးစပါးအထွက်ကောင်းချိန်၌ ဘုရင့်နောင်ကို ဆန်အဝင်အနည်းငယ် ပိုလာပေမယ့် အိပ်စပိုတာတွေ အဝယ်လိုက်နေတာကြောင့် ဆန် အဝင်အထွက်ညီမျှနေတယ်လို မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း (ဘုရင့်နောင်ဆန်ကုန်စည်ဒိုင် ) ကသိရပါတယ်။
#Local_News
Published 5 November 2024
#အိပ်စပိုတာ #ဆန်အဝင်အထွက်ညီမျှ
#YMG/NN #Yangon_Times
#Local_News
Published 5 November 2024
▪️ ကိုရီးယားသမ္မတနိုင်ငံ၊ ဘူဆန်မြို့ရှိ ဘူဆန်နိုင်ငံခြားဘာသာတက္ကသိုလ် (Busan University of Foreign Studies) မှ မြန်မာစာအထူးပြုဘွဲ့ကြိုသင်တန်းတက်ရောက်နေကြသည့် တက္ကသိုလ် ကျောင်းသား/ကျောင်းသူ (၁၂) ဦး၊ ပါမောက္ခ Dr. JiHye KIM နှင့် အတွင်းရေးမှူး (၁) ဦးတို့သည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက် (တနင်္လာနေ့)၊ ၁၄:၃၀ နာရီမှ ၁၆:၀၀ နာရီအထိမြန်မာသံရုံး၊ ဆိုးလ်မြို့သို့ လေ့လာရေးခရီးစဉ် လာရောက်ခဲ့ကြကြောင်း တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ သိရသည်။
▪️ အဆိုပါ ကျောင်းသား၊ကျောင်းသူများအား ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်ဦးဆောင်သည့် သံရုံးဝန်ထမ်းများသည် တက္ကသိုလ်ကျောင်းသား/ကျောင်းသူအဖွဲ့အား သံရုံးအစည်းအဝေးခန်း၌ လက်ခံတွေ့ဆုံကာ မြန်မာ-ကိုရီးယားနှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးကိစ္စ၊ စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုကိစ္စ၊ People-to-people relation ကိစ္စရပ်များ၊ ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များနှင့် သံရုံးမှ ဆောင်ရွက်ပေးလျက်ရှိသည့် မြန်မာနိုင်ငံသားအကျိုးကိစ္စအပါအဝင် မြန်မာ အလုပ်သမားကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
▪️ ထို့နောက် ကျောင်းသား/ကျောင်းသူ များမှ မေးမြန်းချက်များကို သံအမတ်ကြီးမှ ပြန်လည်ဖြေကြားကာ စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့ ကြောင်း၊ ယင်းနောက် သံအမတ်ကြီးမှ ဘူဆန်နိုင်ငံခြားဘာသာတက္ကသိုလ် အတွက် အမှတ်တရလက်ဆောင်အား ပေးအပ်ရာ ပါမောက္ခ Dr. JiHye KIM မှ လက်ခံရယူခဲ့ပါ သည်။ ၎င်းနောက် သံအမတ်ကြီးသည် ဘူဆန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ ကျောင်းသား/ ကျောင်းသူများနှင့်အတူ အမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့ကြပြီး သံရုံးအား လှည့်လည်ပြသခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ ဘူဆန်နိုင်ငံခြားဘာသာတက္ကသိုလ် (Busan University of Foreign Studies) တွင် မြန်မာစာ အထူးပြုဘာသာရပ်ဖြင့် တက္ကသိုလ်ကျောင်းသား/ကျောင်းသူပေါင်း (၃၀) ဦး တက်ရောက် ပညာ သင်ကြားလျက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
ဗိုလ်တထောင်စေတီမှာကျင်းပမယ့် မသိုးရွှေကြာသင်္ကန်းယှဉ်ပြိုင်ရက်ခတ်ပူဇော်ပွဲမှာရက်ကန်းစင်တော်(၂၄)စင်နဲ့စည်ကားသိုက်မြိုက်စွာ ယှဉ်ပြိုင်ရက်ခတ်ပြီး ရရှိလာတဲ့ မသိုးရွှေကြာသင်္ကန်းတော်ကို မြတ်စွာဘုရားရှင် အဆူဆူအား ရည်မှန်းလျက် လာမယ့်တန်ဆောင်မုန်းလပြည့်နေ့ နိုဝင်ဘာလ(၁၅)ရက်၊ နံနက်ပိုင်းမှာ ဆက်ကပ်လှူဒါန်းပူဇော်ဖို့ရှိပါတယ်။
#Local_News
Published 5 November 2024
#ဗိုလ်တထောင်စေတီ #မသိုးရွှေကြာသင်္ကန်း
#YMG/tthl #Yangon_Times
#Local_News
Published 5 November 2024
▪️ ဘင်္ဂလားပင်လယ်အော်မှ ထူးခြားမိုးလေဝသအခြေအနေများကြောင့်တိုင်းနှင့်ပြည်နယ်၇ခု၌ လေပြင်းတိုက်ပြီး နေရာကွက်၍ မိုးများနိုင်ကြောင်း မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ၎င်း၏လူမှုကွန်ယက်၌ ပြောကြားထားသည်။
▪️ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းပင်လယ်ပြင်မှာ နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းကစပြီး အထက်အမြင့်လေပွေလှိုင်းမှ လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်မယ်လို့ အိန္ဒိယမိုးလေဝသဋ္ဌာနမှ ယမန်နေ့ကထုတ်ပြန်ခဲ့ပြီးဖြစ်ရာ နိုဝင်ဘာ ၅ ရက် မနက်ပိုင်း models များ၏ update အချက်အလက်များအရ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် ဆက်စပ်လျှက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းပင်လယ်ပြင် 11.223ºN, 87.122ºE မှာ လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်ကြောင်း တွေ့ရှိရသည်။
▪️ အဆိုပါကဲ့သို့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းပင်လယ်ပြင်မှ ထူးခြားမိုးလေဝသအခြေအနေကြောင့် ရခိုင်ပြည်နယ်တောင်ပိုင်း၊ ပဲခူးတိုင်းအနောက်ပိုင်းနှင့် ပဲခူးတိုင်းအရှေ့မြောက်ပိုင်း(တောင်ငူမြို့အထက်ပိုင်း စစ်တောင်းမြစ်ဖျားဒေသ)၊ နေပြည်တော်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မကွေးတိုင်းတောင်ပိုင်း၊ မန္တလေးတိုင်းတောင်ပိုင်း(မန္တလေးမြို့အောက်ဘက်ဒေသများ) တွေမှာ နေရာကွက်ကျား မိုးအသင့်အတင့်မှ မိုးများနိုင်မည်ဖြစ်ကြောင်းတွေ့ရှိရကြောင်း ၎င်းက ဆိုသည်။
▪️ ထို့အပြင် ရခိုင်ကမ်းရိုးတန်းကမ်းနီးကမ်းဝေးပင်လယ်ပြင်မှာ နိုဝင်ဘာ ၇ ရက်မှ ၉ ရက်အထိ အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီ ၂၈ မိုင်မှ ၃၇ မိုင် အထိ တိုက်ခတ်နိုင်ပြီး၊ လှိုင်းအမြင့် ၆ ပေ မှ ၇ ပေအထိရှိကာ လှိုင်းကြီးနိုင်ကြောင်း ၊ ဧရာဝတီမြစ်ဝကျွန်းပေါ်၊ ကမ်းနီးကမ်းဝေးပင်လယ်ပြင်မှာတော့ နိုဝင်ဘာ ၆ ရက်မှ ၈ ရက်အတွင်း လေတိုက်နှုန်း တနာရီ မိုင် ၂၀ မှ မိုင် ၃၀ ကျော်အထိ တိုက်နိုင်ပြီး၊ လှိုင်းအမြင့် ၄ ပေ မှ ၅ ပေခန့်အထိ ရှိနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 391 of 2146