#Local_News
Published 16 December 2024
▪️ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ၊ Hong Kong Convention and Exhibition Center တွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ (၁၈) ကြိမ်မြောက် အာရှဘဏ္ဍာရေးဆိုင်ရာဖိုရမ် (18th Asian Financial Forum-AFF) ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ ဖိုရမ်တွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ဟောင်ကောင်မြို့အနေဖြင့် ပြခန်း (၁) ခန်း အခမဲ့ ပါဝင်ပြသနိုင်ကြောင်း ဟောင်ကောင်ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ (HKTDC) မှ ဖိတ်ကြားလာကြောင်း၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ဟောင်ကောင်မြို့ အနေဖြင့် ယခင်ဖိုရမ်များတွင် ပါဝင်ပြသခဲ့ခြင်းမရှိသည့်အတွက် ပထမဆုံးအကြိမ် ပါဝင်ပြသမှုအဖြစ် ၆ စတုရန်းမီတာရှိ (standard hospitality booth) ပြခန်း (၁) ခန်း (ပြခန်းငှားရမ်းခ အမေရိကန်ဒေါ်လာ ၅၇၀ဝ) အား အခမဲ့ပါဝင်ပြသခွင့်ပြုမည်ဖြစ်ကြောင်း။ ပြပွဲတွင် ခင်းကျင်းပြုလုပ်သွားမည့် AFF ကမ္ဘာလုံးဆိုင်ရာရင်းနှီးမြှုပ်နှံမှုဇုံ (GIZ) ၌ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ဟောင်ကောင်မြို့အား ပထမဆုံးအကြိမ်အဖြစ် အခမဲ့ပါဝင်ပြသရန် ကမ်းလှမ်းလာခြင်းဖြစ်ကြောင်း သိရသည်။
▪️ အာရှဘဏ္ဍာရေးဆိုင်ရာဖိုရမ်သည် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ၌ နှစ်စဉ်ကျင်းပသည့် ပွဲတစ်ခုဖြစ်ပြီး အာရှဒေသဘဏ္ဍဍာရေးဈေးကွက် ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက ရည်ရွယ်ကျင်းပသည့် Asian Financial Forum – AFF 2024 သို့ ကမ္ဘာ့နိုင်ငံ/ ဒေသပေါင်း ၅၀ ကျော်မှ လူကိုယ်တိုင် တက်ရောက်သည့် ကိုယ်စားလှယ် စုစုပေါင်း ၃,၆၀ဝ ကျော် တက်ရောက်ခဲ့ကြောင်း၊ ယခုနှစ်ကျင်းပပြုလုပ်မည့် AFF ကို “Powering the Next Growth Engine” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ဘဏ္ဍာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ရည်ရွယ်ကျင်းပသည့် ငွေရေးကြေးရေးဆိုင်ရာ ဖိုရမ်ဖြစ်ပြီး တရုတ်ပြည်မ၊ ဟောင်ကောင်ဒေသနှင့် ကမ္ဘာအနှံ့မှ ကိုယ်စားလှယ်များနှင့် ပါဝင်တက်ရောက်ကြမည်ဖြစ်ရာ ပြပွဲများ၌ ပါဝင်ပြသသည့် အခြားကောင်စစ်ဝန်ချုပ်ရုံး ပြခန်းများတွင် သက်ဆိုင်ရာ နိုင်ငံအလိုက် ကုန်သည်လုပ်ငန်းရှင်အဖွဲ့အစည်းများမှလည်းကောင်း၊ ကုမ္ပဏီအနေဖြင့်လည်းကောင်း မိတ်ဖက်ရှာဖွေလိုခြင်း၊ ရင်းနှီးမြှုပ်နှံမှု ရှာဖွေလိုခြင်းကဲ့သို့သော ပူးပေါင်းဆောင်ရွက်မှုများ ရှာဖွေလိုသည့် လုပ်ငန်းများအနေဖြင့် စီမံကိန်းများအလိုက် အသေးစိတ်ရှင်းလင်း၍ မိတ်ဖက်ရှာဖွေခြင်းများကို ပြုလုပ်လေ့ရှိကြောင်း သိရသည်။
▪️ ထို့ကြောင့် အာရှဘဏ္ဍဍာရေးဆိုင်ရာဖိုရမ် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ဟောင်ကောင်မြို့အနေဖြင့် အခမဲ့ ပါဝင်ပြသခွင့်ရရှိမည့် ပြခန်း (၁) ခန်းတွင် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပါဝင်ပြသလိုပါက မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ သို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published_ 16 December 2024
▪️ ဗီယက်နမ်နိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ ၂ ဦးဖြစ်သည့် မနွယ်နီဝင်းနှင့် မချစ်စုစုကျော်တို့အား မြန်မာနိုင်ငံသို့ ဒီဇင်ဘာ ၁၄ ရက်တွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နေပြည်တော်သို့ ပျံသန်းထွက်ခွာသည့် တပ်မတော်(လေ)မှ လေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။
▪️ မနွယ်နီဝင်းနှင့် မချစ်စုစုကျော်တို့သည် တရားမဝင် အလုပ်အကိုင်ပွဲစား၏ ချိတ်ဆက် ပေးမှုဖြင့် ဗီယက်နမ်နိုင်ငံသို့ နိုဝင်ဘာ ၁၆ ရက်တွင် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး၊ ဗီယက်နမ်-တရုတ်နယ်စပ်ရှိ ဗီယက်နမ်ပြည်နယ်တစ်ခုဖြစ်သည့် Cao Bang ပြည်နယ်သို့ ပို့ဆောင်ချိန်တွင် မိုဘိုင်းဖုန်း၊ ငွေကြေးများကိုသိမ်းဆည်းပြီးနောက် ၎င်းတို့အား စွန့်ပစ်ခဲ့တာ ဖြစ်ပါတယ်။
▪️ ၎င်းတို့အနေဖြင့် အခက်အခဲကြုံတွေ့နေခဲ့ပြီး ယင်းဒေသရှိ ဗီယက်နမ်ရဲစခန်းမှ တစ်ဆင့် မြန်မာသံရုံးသို့ ဒီဇင်ဘာ ၁၁ ရက်တွင် ဆက်သွယ် အကူအညီတောင်းခံခဲ့တာဖြစ်ပါတယ်။
▪️ မြန်မာသံရုံးမှ တာဝန်ရှိသူများက ဗီယက်နမ်ရဲတပ်ဖွဲ့ဝင်များနှင့် ညှိနှိုင်းဆောင်ရွက်ကာ သံရုံးသို့ ခေါ်ဆောင်၍ ၎င်းတို့ခေတ္တနေထိုင် စားသောက်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးပြီး လိုအပ်သော ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရပါတယ်။
▪️ မြန်မာနိုင်ငံသို့ ချောမောစွာ ပြန်လည်ထွက်ခွာခွင့်ရရှိရေးအတွက် ဗီယက်နမ်နိုင်ငံ တာဝန်ရှိ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာ တပ်မတော်(လေ)မှ လေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်ခဲ့တာ ဖြစ်ပါတယ်။
▪️ အစိုးရအနေဖြင့် မြန်မာသံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများ၏ ညှိနှိုင်းကူညီ ဆောင်ရွက်ပေးမှု မှတစ်ဆင့် ပြည်ပနိုင်ငံများ၌ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသားများအား အစဉ်တစိုက် ကူညီစောင့်ရှောက်ပေးလျက်ရှိကြောင်းသိရပါတယ်။
#Ymg_mnn #Yangon_Media_Group
#Local_News
Published 16 December 2024
▪️ မြန်မာနိုင်ငံ၌ လာမည့်(၃၆)နာရီအတွင်း အင်အားအသင့်အတင့်ရှိ မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်နိုင်ကြောင်း မြန်မာနိုင်ငံ မြေငလျင် သတင်းများစင်တာမှ အသိပေးထားသည်။
▪️ ပြည်တွင်း၌ ယခုလအတွင်း မြေငလျင်ငယ်များခပ်စိတ်စိတ်လှုပ်ခတ်လျှက်ရှိရာ ဒီဇင်ဘာ(၁၁)ရက်မှ ဒီဇင်ဘာ (၁၅)ရက်အထိ(၅)ရက်တာ ကာလအတွင်း စစ်ကိုင်းတိုင်း မော်လိုက်မြို့အနီးတွင် ၄ ဒသမ၇ အဆင့်ရှိ ငလျင်တစ်ခု အပါအဝင် မိုင်းဆတ်မြို့အနီး ၃ ဒသမ ၃ အဆင့် မြေငလျင်၊ ဟားခါးမြို့အနီး ၃ ဒသမ၈ အဆင့်မြေငလျင်၊ လင်းခေးမြို့တွင် ၂ ဒသမ၈ အဆင့်မြေငလျင်၊ ရန်ကုန်တိုင်း ဖောင်ကြီးမြို့အနီး ၂ဒသမ ၇ အဆင့်ရှိမြေငလျင်၊ ဖားကန့်မြို့အနီး ၃ ဒသမ ၆ အဆင့်ရှိ မြေငလျင် စသည်ဖြင့်မြေငလျှင်လှုပ်ခတ်မှု (၇) ကြိမ်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့အနီး၌ ဒီဇင်ဘာ(၁၅)ရက်က ၂ ဒသမ ၈ အဆင့်ရှိ မြေငလျင်ငယ်တစ်ခုလှုပ်ခတ်ခဲ့ ကြောင်း၊ ပြည်တွင်း၌လည်း ၃၆နာရီအတွင်း မြေငလျင်ငယ်လှုပ်ခတ်နိုင်သည့်အတွက် သတိပြုကြရန် မြေငလျင်စင်တာယမန်နေ့ညက သတိပေးထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 14 December 2024
၁။ ထိုင်းဗီဇာလျှောက်ထားရာတွင် e-Visa (အွန်လိုင်း) စနစ်သစ်ဖြင့် လျှောက်ထားရမည်
၂။ အိန္ဒိယနှင့်ဖိလစ်ပိုင်သို့တင်ပို့နေသောကြောင့် ပြောင်းဈေးအတက်ဘက်သာရှိနေ
၃။ လတ်တလော ရွှေဈေးကွက်အေးနေပြီး ရွှေဈေးထပ်ကျဦးမည်
၄။ ကမ္ဘာ့စီးပွားရေး မရေရာမှုများရှိသော်ငြား တရုတ်စီးပွားရေးခံနိုင်ရည်ရှိမှုကြောင့် ဂျီဒီပီတိုးတက်မှု (၅)ရာခိုင်နှုန်းပြည့်မီဖွယ်ရှိဟုဆို ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 14 December 2024
▪️ ဒို့အိမ်အဖွဲ့အစည်းအနေဖြင့် စိတ်ကျန်းမာကြံ့ခိုင်ရေးဆိုင်ရာ ပံ့ပိုးကူညီမှုရရှိနိုင်ရန် တစ်ထောင့်တစ်နေရာမှ ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ၁၅ရက်တွင် လူငယ်များ၏ စိတ်ကျန်းမာရေးနှင့် စိတ်လူမှုရေးတို့ကို အထောက်အပံ့ဖြစ်နိုင်မည့်ရုပ်ရှင်တိုများကို ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ ရုပ်ရှင်များကို အခြေခံကာ ကျွမ်းကျင်သူ Counsellor များမှ ဦးဆောင်၍ စိတ်ခံစားမှုများကို ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ထိုရုပ်ရှင်တို့ ပြသခြင်းနှင့် ဆွေးနွေးပွဲကို ဗိုလ်တထောင်မြို့နယ်၊၄၇လမ်းရှိ Doh Eain Youth Space တွင် နေ့လယ် ၂နာရီမှ ၄နာရီအထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ " စိတ် ကျန်းမာရေးဟာ အလုံးစုံသောကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်း တစ်ခုပါ။ လူသားတို့ရဲ့ အတွေးအခေါ်၊ စိတ်ခံစားချက်၊ ပတ်ဝန်းကျင်နဲ့ ချိတ်ဆက် ပြောဆိုခြင်းစတဲ့ နေ့စဉ်ဘဝရဲ့ ကဏ္ဍတိုင်းနဲ့ ဆက်နွယ်နေတာဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး အထိပါ သက်ရောက်မှုရှိပါတယ်။ အလုပ်အကိုင် အကျပ်အတည်း၊ ငွေရေးကြေးရေးဖိအား၊ ဆိုရှယ်မီဒီယာအပါအဝင် ခေတ်မီလူနေမှု ဘဝရဲ့ ဖိအား တွေကြားမှာ စိတ်ကျန်းမာရေးဆိုင်ရာ ပံ့ပိုးကူညီမှုများဟာလည်း ပိုမိုလိုအပ်လို့လာ ပါတယ် " ဟု ဒို့အိမ်အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
▪️ ထိုပွဲအတွက် လူဦးရေ စုစုပေါင်း (၂၀) ဦးသာ လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 14 December 2024
▪️ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတရားမဝင်လုပ်သားများအတွက် တရားဝင် နေထိုင် အလုပ်လုပ်ခွင့်ကတ် ပန်းရောင်ကတ် (ဘတ်) လျှောက်ထားရန် နာမည်စာရင်း တင်သွင်းခြင်းကို ဒီဇင်ဘာ ၁၆ ရက်နေ့တွင် စတင်လက်ခံမည်ဖြစ်ကြောင်း ဗန်ကောက်မြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်လိုက်သည်။
▪️ အမည်စာရင်း (Name List) တင်သွင်းခြင်းကို ဒီဇင်ဘာ ၁၆ ရက်မှ ၃၀ ရက်အထိ ၁၅ ရက်အထိ လက်ခံမည်ဖြစ်ပြီး ဒုတိယအဆင့် အလုပ်လုပ်ကိုင်ခွင့် (ပါမစ်) လျှောက်လွှာတင်သွင်းရာတွင် ကျန်းမာရေးစစ်ဆေးမှု ခံယူရန်လိုကြောင်း၊ တရားဝင် ကျန်းမာရေးလက်မှတ်နှင့် ကျန်းမာရေးအာမခံ စာရင်းသွင်းအထောက်အထားတို့ကို ပူးတွဲ၍ တင်သွင်းရမည်ဖြစ်ပြီး မည်သည့်အစိုးရဆေးရုံ၌မဆို၊ သို့မဟုတ် အလုပ်အ ကိုင်ဦးစီးဌာန မှ ခွင့်ပြုကြေငြာထားသည့် ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုဌာနတွင် ကျန်းမာရေး စစ်ဆေးမှုခံယူနိုင်ကြောင်း၊ ထိုအဆင့်ပြီးပါက အလုပ်လုပ်ကိုင်ခွင့်ပါမစ် လျှောက်ထားခြင်းကို ဒီဇင်ဘာ ၃၁ ရက်မှ ၂၀၂၅ ခုနှစ် မတ်လ ၃၀ ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့နောက် စာရွက်စာတမ်းပြန်လည်သုံးသပ်ခြင်းနှင့် အလုပ်ခွင့်ပြုချက်လုပ်ငန်းစဉ် ကာလကို ရက် ၃၀ ကြာဆောင်ရွက်မည်ဖြစ်ပြီး ဇီဝဆိုင်ရာ အချက်အလက် (Biometric Data) စုဆောင်းခြင်းကို မတ်လ ၃၁ ရက်နေ့မှ စတင်ပြီး ရက် ၉၀ ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ကိုယ်ရေးကိုယ်တာမှတ်တမ်းများ မှတ်ပုံတင်ခြင်းကို အလုပ်ပါမစ် သက်တမ်း ၁ နှစ်အတွင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
အခု ၂၀၂၄-၂၀၂၅ ကြံကြိတ်ခွဲရာသီ၌ ကြံတစ်တန်ဈေးနှုန်းတွေ စံချိန်တင်ရရှိနေတယ်လို့ မြန်မာနိုင်ငံသကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Local_News
Published 14 December 2024
#ကြံကြိတ်ခွဲရာသီ #ကြံထွက်ပစ္စည်း
#YMG/NN #Yangon_Times
Page 386 of 2186