အခုနှစ်သရက်သီးရာသီမှာ တရုတ်ဝယ်လိုအားရှိနေပေမယ့် ခရီးလမ်းကြန့်ကြာတာနဲ့ သယ်ယူပို့ဆောင်စရိတ်မြင့်မားတာတွေကြောင့် ပြည်တွင်းကထွက်ရှိတဲ့ သရက်သီးတင်ပို့မှုနည်းပါးနေတယ်လို့ သရက်ခြံပိုင်ရှင်နဲ့ ပို့ကုန်လုပ်ငန်းရှင်တွေဆီကသိရပါတယ်။
#Local_News
Published 10 May 2025
#သရက်သီးတင်ပို့မှုနည်းပါး #ပို့ကုန်လုပ်ငန်းရှင်
#YMG/NN #Yangon_Times
#Local_News
Published 10 May 2025
▪️ ဒေသတစ်ခုမှ တစ်ခုသို့ ဆန်များ စီးဝင်စီးထွက် ဆောင်ရွက်ရာတွင် သတင်းပို့စနစ် ဆောင်ရွက်ရန်အပါအဝင် ဆန်သိုလှောင်ရောင်းချခြင်းများကို ဆန်ပွဲရုံများ၊ ဆန်လက်လီဆိုင်များ၊ ဆန်အကျိုးဆောင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ကျင်းပခဲ့ကြောင်း သိရသည်။
▪️ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းမှ တာဝန်ရှိသူများနှင့် ဆန်ပွဲရုံများ၊ ဆန်လက်လီဆိုင်များ၊ ဆန်အကျိူးဆောင်များ တွေ့ဆုံဆွေးနွေးပွဲကို မေလ (၉)ရက်နေ့တွင် ရန်ကုန်မြို့ မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကုမ္ပဏီလီမီတက် MAPCOရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
▪️ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်၊ အထွေထွေအတွင်းရေးမှူး ဦးလူမော်မြင့်မောင်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်၊အထွေထွေအတွင်းရေးမှူး ဦးအောင်ဇော်ဦး၊ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း) ဥက္ကဋ္ဌ ဦးကျော်ကိုဆန်းတို့မှ သတ်မှတ် ရည်ညွှန်းဈေးများအတိုင်း ရောင်းဝယ်ရန်၊ သိုလှောင်ရုံမှတ်ပုံတင် စနစ် MyROတွင် သတ်မှတ်ချက်များနှင့် အညီ မှတ်ပုံတင်ရန်၊ လစဉ်ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းကို သတ်မှတ်ရက်အတိုင်း စာရင်းရေးသွင်းကြရန်၊ သိုလှောင်ရုံ စစ်ဆေးမည့် ကိစ္စများ၊ ရည်ညွှန်းဈေးဖြင့် ဆန်ဝယ်ယူရရှိရန် ဆောင်ရွက်ပေးမည့်ကိစ္စများ၊ ဒေသတစ်ခုမှ တစ်ခုသို့ ဆန်များ စီးဝင်စီးထွက် ဆောင်ရွက်ရာတွင် သတင်းပို့စနစ် ဆောင်ရွက်ရန် ကိစ္စများ စသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး၊ တက်ရောက်လာသူများမှ ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။
#YMG/NN #Yangon_Times
လာမယ့်အပတ်အတွင်းမှာရန်ကုန်တိုင်းမှာ မိုးကြီးနိုင်ပြီး မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းနဲ့ ရခိုင်ကမ်းရိုးတန်းအနီး ရှိပင်လယ်ပြင်တွေမှာ လေတိုက်နှုန်းနဲ့ လှိုင်းအမြင့်ပေတွေ မြင့်တက်နိုင်တယ်လို့ ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။
#Local_News
Published 10 May 2025
#ရခိုင်ကမ်းရိုးတန်းအနီး #လေတိုက်နှုန်းမြင့်နိုင်
#YMG/NN #Yangon_Times
ကလော-ရွှေညောင် ရထားလမ်းပိုင်းမှာ ပြေးဆွဲမယ့်မီးရထားခရီးစဉ်သစ်ကိုကျောက်မီးသွေးသုံး ရှေးဟောင်းရေနွေးငွေ့စက်ခေါင်းအသုံးပြုသွားမယ်လို့ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News
Published 10 May 2025
#ရေနွေးငွေ့စက်ခေါင်းမီးရထား #ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
#YMG/SW #Yangon_Times
ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်တွေအနေနဲ့ ငလျင်ဘေးသင့်ဒေသတွေနဲ့ ပြည်တွင်း ခရီးစဉ်ဒေသတွေ၊ ခရီးသွားဆွဲဆောင်ရာ နေရာတွေကို ပုံမှန်အတိုင်း သွားလာလည်ပတ်နိုင်တယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ အသိပေးကြေညာထားပါတယ်။
#Local_News
Published 10 May 2025
#ရီးသွားဆွဲဆောင်ရာနေရာ #ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန
#YMG/SW #Yangon_Times
မြန်မာ-တရုတ် နှစ်နိုင်ငံခေါင်းဆောင်များ၏
မော်စကိုဆွေးနွေးပွဲ
အဓိကရလဒ်များ
တရုတ်သမ္မတရှီကျင့်ဖျင်
◾️မြန်မာ့ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဆက်လက်ထောက်ခံ
◾️နိုင်ငံတည်ငြိမ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ရေး
မြန်မာနိုင်ငံဆောင်ရွက်ချက်များကိုထောက်ခံ
◾️မန္တလေးငလျင်အကျိုးဆက်များအပေါ်စာနာမှုနှင့်
ပြန်လည်ထူထောင်ရေးကူညီမည်ဟုကတိပြု
မြန်မာနစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
◾️ဒေသတွင်းနှင့်နိုင်ငံတကာကိစ္စများတွင် တရုတ်၏ထောက်ခံမှုကိုကျေးဇူးတင်
◾️ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်နေမှုဆွေးနွေး
◾️တရုတ်နိုင်ငံ၏အကူအညီများကို မြန်မာကကျေးဇူးတင်
#ymg/knl
#Local_News
Published_10 May 2025
▪️ မြန်မာနိုင်ငံတွင် ကျင်းပမည့်ရွေးကောက်ပွဲကို အားပေးထောက်ခံကြောင်း တရုတ်သမ္မတက ပြောကြားခဲ့ကြောင်း သိရသည်။
▪️ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ် စစ်ပွဲကြီး အောင်ပွဲ နှစ်(၈၀)ပြည့် အ ထိမ်း အမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက် ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် နှင့် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင် တို့ Soluex Hotel Moscow ရှိ BEIJING ဧည့်ခန်းမဆောင်၌ ယနေ့ မေလ ၉ ရက် တွင် တွေ့ဆုံ ဆွေးနွေးစဉ် တရုတ်သမ္မတ က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
▪️ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင် က မြန်မာ နိုင်ငံတွင် ဖြစ်ပေါ်ကြုံတွေ့ခဲ့ရသည့် မန္တလေး ငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ ရမှုများနှင့် ဆုံးရှုံးရမှု များအတွက် မြန်မာနိုင်ငံအစိုးရ၊ ပြည်သူလူထုနှင့်ထပ် တူ ဝမ်းနည်းကြောင်း၊ မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူတို့အတူတကွ လက်တွဲ၍ ပြန်လည် တည် ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အကောင်းဆုံး ဆက်လက်ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
▪️ ယင်းအပြင် တရုတ်နိုင်ငံအနေဖြင့်လည်း လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ တရုတ်-မြန်မာ ဆက်ဆံရေးသည် ယခုနှစ်တွင် ၇၅ နှစ်ရောက်ရှိပြီဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာ နိုင်ငံ ၏ဖွံ့ဖြိုးတိုး တက်ရေး၊ အချုပ်အခြာအာဏာနှင့် မြန်မာနိုင်ငံတည်ငြိမ်အေးချမ်း ရေးတို့ကို အမြဲထောက်ခံအားပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းများတွင် ဆက်လက်ကူညီ ဆောင် ရွက်ပေး သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
▪️ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ကလည်း ငလျင်လှုပ်ခတ်မှုအပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အရေးအကြီးဆုံးအချိန်ဖြစ် သည့် (Golden Hour)တွင် တရုတ်နိုင်ငံမှ ကူညီကယ်ဆယ်ရေးအဖွဲ့များသည် ငလျင် လှုပ်ခတ်ပြီး ၁၈ နာရီအကြာ၌ မြန်မာနိုင်ငံသို့ ပထမဆုံးရောက်ရှိလာခဲ့ပြီး လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခြင်း၊ အရေးပေါ်လူသားချင်း စာနာ ထောက်ထားမှု အကူအညီ များကိုလည်း ပေးအပ်ခြင်းတို့ကို အစဉ်အမြဲကျေးဇူးတင်အမှတ်ရနေမည်ဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများသည် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဖြစ်သည့်အတွက် တရုတ်နိုင်ငံအနေဖြင့် လိုအပ်သည်များကိုဆက် လက်ကူညီပံ့ပိုးဆောင်ရွက်ပေးနိုင်ရေး မေတ္တာရပ်ခံလိုကြောင်း။ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအရေးကိစ္စများနှင့်ပတ်သက်၍ဒေသတွင်းနှင့်နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှ ရပ်တည်ပေးသည့်အတွက်လည်း ကျေးဇူးတင်ကြောင်း၊ မြန်မာနိုင်ငံတွင်ယခုနှစ် ကုန်ပိုင်းတွင် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတစ်ရပ်ကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် ရွေးကောက်ပွဲကျင်းပပြုလုပ်ချိန်တွင် နိုင်ငံတကာမှ လေ့လာရေး အဖွဲ့များကိုလည်း ဖိတ်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ များနှင့် အတူ အေးအတူပူအမျှ အနာဂတ် မျှဝေသော အသိုက်အဝန်းတစ်ခုကို တည်ဆောက်သွားရန်နှင့် အိမ်နီး ချင်းနိုင်ငံများဆိုင်ရာ လုပ်ငန်း များအတွက် အခြေခံအသစ်များ ဖော်ဆောင်သွားနိုင်ရေး ကြိုးပမ်း ဆောင်ရွက်နေမှုအပေါ် မြန်မာနိုင်ငံအနေဖြင့် အားပေးထောက်ခံပါကြောင်း၊ ယနေ့တွေ့ဆုံမှုသည် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကိုများစွာ အထောက်အကူဖြစ်စေသည့်အပြင် နှစ်နိုင်ငံအကြား နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွား နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
▪️ တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတမှ ဆွေးနွေးပြောကြားရာတွင် တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတ ကာဆက် ဆံရေးတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် ရေးမူကြီး ၅ ရပ်နှင့်အညီ ဆောင်ရွက်လျက်ရှိမှု၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာ တွင် မြန်မာနိုင်ငံဘက်မှ ရပ်တည်ပေးလျက်ရှိမှု၊ မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ ကြိုတင်ပြင်ဆင်နေမှုများနှင့် ရွေးကောက်ပွဲကို အားပေးထောက်ခံလျက်ရှိမှုတို့နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
#Yangon_Times/PP
Page 386 of 2357