ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်မှာတည်ရှိတဲ့ ဆယ်အိမ်တန်းကမ်းခြေကို မိုးတွင်းကာလမှာလဲ ဖွင့်လှစ် လျက်ရှိပြီး လာရောက်လည်ပတ်သူများလည်း ရှိနေတယ်လို့ ကမ်းခြေရှိ စားသောက်ဆိုင်များနဲ့ ဒေသခံတွေထံက သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_03 June 2024
#YMG #Yangon_Times #Yangon_Media_Group
ဇွန်လဆန်းရက်ပိုင်းအတွင်း အခေါက်ရွှေဈေးတစ်ကျပ်သားကို ကျပ်ငါးသိန်းခန့်အထိ ကျဆင်းလာတယ်လို့ ရွှေလုပ်ငန်းလုပ်ကိုင်သူတွေနဲ့ ဈေးကွက်ထဲက သိရပါတယ်။
Yangon_Times/NN
#Local_News
#Published_03 June 2024
#YMG #Yangon_Times #Yangon_Media_Group
ယခင်ထက်ရင်းနှီးမြုပ်နှံငွေ နှစ်ဆပိုများလာပေမယ့် အမြတ်ငွေရရှိမှု နည်းလာတာကြောင်း အုန်းသီးအရောင်းဝယ်ပြု သူတွေ အခက်တွေ့နေတယ်လို့ ဧရာဝတီတိုင်းဒေသကြီးရှိ အရောင်းဝယ်ပြုလုပ်သူတွေထံက သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_03 June 2024
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်မြိုအိမ်ခြံမြေဈေးကွက်မှာ တောင်ဥက္ကလာ၊ မရမ်းကုန်း၊ ကမ္ဘာအေး၊ သမိုင်းဘက်အခြမ်းတွေက တိုက်ခန်းတွေ၊ ကွန်ဒိုတွေကိုဝယ်ယူပြီး ရင်းနှီးမြုပ်နှံနေကြတာများပြီး ကျန်မြို့နယ်တွေမှာတော့ နေထိုင်ဖို့အတွက်ပဲ အရောင်းအဝယ်ဖြစ်နေတယ်။
Yangon_Times/tthl
#Local_News
#Published_03 June 2024
#YMG #Yangon_Times #Yangon_Media_Group
Published 3 June 2024
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် မလေးရှားနိုင်ငံ ကို ၂၀၁၇ခုနှစ်ဇန်နဝါရီမှ၂၀၂၄ခုနှစ်ဧပြီ လအထိ MOUမြန်မာအလုပ်သမား ၂သိန်းကျော် စေလွှတ်ခွင့်ပြုခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာန မှသိရသည်။
မလေးရှားနိုင်ငံသို့ မြန်မာလုပ်သားစေလွှတ်ရာတွင် ကုန်ထုတ်လုပ်ငန်း၊ဆောက်လုပ်ရေးလုပ်ငန်း၊ဝန်ဆောင်မှုလုပ်ငန်း၊စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း တို့ မှာ လုပ်ကိုင်မှု အများဆုံးဖြစ်ကြောင်းသိရသည်။
"" ၂၀၁၇ဇန်နဝါရီကနေ ၂၀၂၄ခုနှစ် ဧပြီလ အထိ မလေးရှားနိုင်ငံကိုMOU မြန်မာအလုပ်သမား 201540 ဦးကို စေလွှတ်ခွင့်ပြုခဲ့တယ်၊ဒါပေမယ့် ဆေးမအောင်တာတို့အကြောင်းအမျိူမျိုးကြောင့် မလေးရှားနိုင်ငံကို မရောက်ခြင်းတွေရှိတဲ့ အတွက် ခွင့်ပြုတဲ့ အရေတွက်ထက်တော့လျော့နည်းနိုင်မယ် ""ဟုမလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး(ကွာလာလမ်ပူ)မှတာဝန်ရှိသူကပြောသည်။
ထို့ပြင် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး အနေဖြင့် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ လိမ်လည်လှည့်ဖြားခံမှု မဖြစ်စေရန် အတွက် သံရုံး တွင် Hot line ဖုန်းနံပတ်ကို ၂၀၂၃ခုနှစ်အောက်တိုဘာ ၁၂ရက်တွင် စတင်ဖွင့်လှစ်ထားကာ ဆက်သွယ်အကူညီတောင်းခံနိုင်ကြောင်းနှင့် ကောင်စစ်ဝန်ဆိုင်ရာကိစ္စရပ်များကို လည်း အချိန်နှင့်တပြေးညီ သံရုံး၏လူမှုကွန်ယက်စာမျက်နှာတွင်ကြေညာပေးကြောင်း၊ထို့ကြောင့် မြန်မာနိုင်ငံသားများအနေဖြင့်လည်း သံရုံး၏ကြေညာချက်များကို မျက်ခြေမပြတ် ကြည်ရူရန်လိုကြောင်း ယင်းကဆက်လက်ပြောကြားသည်။
Yangon_Times/LW
#Local_News
#Published 03 June 2024
#YMG #Yangon_Times #Yangon_Media_Group
Published 03 June 2024
ဂျပန်နိုင်ငံ၊Ishikawaပြည်နယ်၌အင်အား(၅.၉ ) အဆင့်ရှိငလျင်လှုပ်ခတ်ခဲ့၍ဂျပန်နိုင်ငံတွင် နေထိုင်ကြသည့် မြန်မာနိုင်ငံသားများအတွက် သဘာဝဘေးအန္တရာယ်အသိပေးထုတ်ပြန်ချက် တိုကျိုမြို့ရှိမြန်မာသံရုံးမှ ယနေ့ ဇွန်လ (၃)ရက်၌ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ထုတ်ပြန်ချက်တွင်မဂ္ဂနီကျူ ၅.၉ ရှိသော အင်အားပြင်းငလျင်တစ်ခုသည် Ishikawa ပြည်နယ်၊ Noto ကျွန်းဆွယ်ကို ဗဟိုပြု၍ ယနေ့ ၃.၆.၂၀၂၄ ရက်နေ့ နံနက် ၆:၃၁နာရီတွင် လှုပ်ခတ်ခဲ့ကြောင်း၊
ယခုထုတ်ပြန်ချိန်အထိ ဆူနာမီ သတိပေးချက်များ ထုတ်ပြန်ထားခြင်း မရှိပါကြောင်း၊
အဆိုပါဒေသတွင် နေထိုင်ကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် ဒေသအာဏာပိုင်များ၏ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ချက်များကို အထူးအလေးထားစောင့်ကြည့်ရန် လိုအပ်ကြောင်း
JMA: www.jma.go.jp/jma/indexe.html
NHK World-Japan: https://www3.nhk.or.jp/nhkworld/en/news/
သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အကူအညီ လိုအပ်ပါက သံရုံး၏ Hot Line ဖုန်းနံပါတ် 070-4413-7383 သို့ဆက်သွယ်နိုင်ကြောင်း အသိပေးထုတ်ပြန်ထားကြောင်းသိရသည်။
Yangon_Times/tthl
#Local_News
#Published 03 June 2024
#YMG #Yangon_Times #Yangon_Media_Group
Page 382 of 1970