#Local_News
Published 17 May 2025
▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ထိုင်းဘတ်၁သန်းကျော်နှင့်ဒေါ်လာ၃သိန်းကို ယမန်နေ့က ထုတ်ရောင်းခဲ့ကြောင်း သိရသည်။
▪️ ထိုသို့ရောင်းချရာတွင် ငွေလဲနှုန်း ၃၆၀၆ ကျပ်ဖြင့် အမေရိကန်ဒေါ်လာ သုံးသိန်းအပြင် ငွေလဲနှုန်း ၁၃၁.၇၈ ကျပ်နှင့် ထိုင်းဘတ် ၁.၆၀၂ သန်းလည်း ရောင်းပေးခဲ့ခြင်းဖြစ်သည်။
▪️ ၎င်းနေ့တစ်ရက်တည်းတွင် AD လိုင်စင်ရဘဏ်များနှင့် လုပ်ငန်းရှင်များ အကြား အမေရိကန်ဒေါ်လာ ၁၈.၀၁၉ သန်း၊ တရုတ်ယွမ် ၁.၁၉၈ သန်းနှင့် ထိုင်းဘတ် ၄၁.၁၄၃ သန်း အလွှဲအပြောင်းရှိခဲ့ကြောင်း သိရသည်။
▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေများကို အဆက်မပြတ် ထုတ်ရောင်းပေးလျှက်ရှိရာမေလ ၁၅ရက်ကလည်း ငွေလဲနှုန်း ၃၆၀၆ ကျပ်နှင့် အမေရိကန်ဒေါ်လာ ၁၃၈,၅၀၀ ၊ ငွေလဲနှုန်း ၁၃၁.၇၈ ကျပ်ဖြင့် ထိုင်းဘတ် ၃.၀၅၅ သန်းများကိုလည်းရောင်းပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 17 May 2025
▪️ မန္တလေးငလျင်ကြီး ကြောင့်ပြိုကျခဲ့ရသည့်မန္တလေးမြို့ Sky Villa အဆောက်အဦရှိ မီးခံသေတ္တာအတွင်းမှ ဘဏ်စာအုပ် ၃၁ အုပ်အပါအဝင် ရွှေတုံးနှင့်လက်ဝတ်ရတနာများအားပိုင်ရှင်ထံပြန်ပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ မေ၁၆ ရက်နေ့တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ယန္တရားများနှင့်အတူ ရုပ်အလောင်းကျန်ရှိနေသော မန္တလေးမြို့ Sky Villa အဆောက်အဦ (B)အဆောင်နှင့် (C) အဆောင်များအား ဖယ်ရှားရှင်းလင်းခြင်းနှင့် ရုပ်အလောင်းထုတ်ယူနိုင်ရေးဆောင်ရွက်ရာတွင် B ဆောင် အခန်းအမှတ် (14)မှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။
▪️ အဆိုပါ မီးခံသေတ္တာအတွင်းမှ ထွက်ရှိလာသည့် အရေးကြီးစာရွက်စာတမ်းဖိုင် (၂၃)ဖိုင်၊ ဘဏ်စာအုပ်(၃၁)အုပ်၊ ရွှေဆွဲကြိုး(၁၅)ကုံး၊ ရွှေလက်ကောက် (၁၂)ကွင်း၊ ရွှေဟန်းချိန်း(၁၁)ကုံး၊ ရွှေလက်စွပ်(၂၅)ကွင်း၊ ရွှေဆွဲသီး(၂၁)ခု၊ ရွှေနားကပ်(၁၅)ရံ၊ (၁)ကျပ်သားရွှေတုံး(၁၀)တုံး၊ 0.2g ရွှေပြား(၆)ပြား၊ ရွှေတွယ်ချိတ်(၃)ခု ထုတ်ယူရရှိမှုအား ပိုင်ရှင်ဖြစ်သူထံသို့ ပစ္စည်းလက်ခံလွှဲပြောင်းရေးအဖွဲ့နှင့်အတူ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
▪️ ယင်းနေ့တစ်ရက်တည်းမှာပင် ၁၆ ရက်နေ့တွင် Sky Villa အဆောက်အဦ C ဆောင် အခန်းအမှတ် M-10 မှ တွေ့ရှိသော US ဒေါ်လာ (၁၀၀)တန် (၈)ရွက်၊ ၁ဒေါ်လာ (၁)ရွက်၊ ယူပီ(၅၀၀)တန်(၁၈)ရွက်၊ ရွှေနားကပ်(၄)ရံ၊ ကျောက်ပါရွှေဆွဲသီး(၁)ခု၊ ရွှေဆွဲသီး(၂)ခု၊ ရွှေလက်စွပ်(၂)ကွင်း၊ ရွှေဆွဲကြိုး (၁)ကုံး၊ ဖန်စီလက်ဝတ်လက်စား (၁)အိတ်၊ Shashi Bushan အမည်ပါစာရွက်စာတမ်းများ၊ Shashi Bushan အမည်ပါ passport (၂)အုပ်၊ Cosmatic ပစ္စည်းများအား ပစ္စည်းလက်ခံလွှဲပြောင်းရေးအဖွဲ့နှင့်အတူ ပိုင်ရှင်ဖြစ်သူ၏ ကိုယ်စားလှယ်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
▪️ ထို့အပြင် ယင်းနေ့ ညနေ ၅နာရီ၅၅မိနစ် အချိန်တွင် C ဆောင် အခန်းအမှတ် M2 မှ ကျား(၁)ဦး၏ ရုပ်အလောင်းအား ထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 16 May 2025
၁။ ငလျင်ဘေးသင့်ဒေသများတွင် သန့်ရှင်းသောသောက်သုံးရေ ရရှိရေးရေသန့်စင်စက်များတပ်ဆင်
၂။ ကျိုက်ထီးရိုးစေတီတော်သို့ ဘုရားဖူးဧည့်သည် ၁ သန်းကျော်လာရောက်ပြီးပြည်ပဘုရားဖူးများတွင် ထိုင်းမှ အများဆုံးလာရောက်ဖူးမျှော်
၃။ ငလျင်ဘေးသင့်ဒေသမှ မသန်စွမ်းသူများအား ဆက်လက်ထောက်ပံ့သွားမည်
၄။ တရုတ်နှင့်ဗီယက်နမ်ကုန်းတွင်းပိုင်းအထိ တိုက်ရိုက်ချိတ်ဆက်ထားသော ပထမဆုံးကုန်းကြောင်း ပို့ဆောင်ရေးလမ်းမသစ်ကြီးဖွင့်လှစ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 16 May 2025
နေပြည်တော်ကို Clean City ၊ Green City ၊ Smart City ဖြစ်စေရေး ဆောင်ရွက် လျက်ရှိ နေပြည်တော်မြို့ပြစီမံကိန်းရေးဆွဲရေး မေလ ၁၅ ရက် မွန်းလွဲပိုင်းက နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ဝန်ရုံးအစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးသို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ ကော်မတီဝင်များ၊ တွဲဖက်အတွင်းရေးမှူးနှင့် ဌာနကြီးမှူးများ၊ သက်ဆိုင်ရာဌာနမှူးများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန (မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန)မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး မြို့တော်ဝန်က အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
မြို့ပြစီမံကိန်းရေးဆွဲရာ၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အဆောက် အဦများ ပြန်လည်ဆောက်လုပ်နိုင်ရေးနှင့် အခြားမြို့ပြအင်္ဂါရပ်ဆိုင်ရာ အချက်အလက်များ ပြည့်စုံစွာပါဝင်ရေး၊ နေပြည်တော်ကို Clean City ၊ Green City ၊ Smart City ဖြစ်စေရေး ဆောင်ရွက်လျက်ရှိခြင်းကြောင့် မြို့တွင်းလမ်းများ စနစ်တကျ ဖောက်လုပ်နိုင်ရေး၊ သစ်ပင်/ပန်းမံများ လှပဝေဆာစွာ စိုက်ပျိုးနိုင်ရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး စသည်တို့ကို ထည့်သွင်း စီမံရေးဆွဲရန်၊ အဆောက်အဦများဆောက်လုပ်ရာတွင် ဆောက် လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Standard Operating Procedure (SOP)နှင့်အညီ ဆောင်ရွက်ရန်၊ နေပြည်တော် မြို့ပြဖွံဖြိုးရေး စီမံကိန်းရေးဆွဲရာတွင် သက်ဆိုင်ရာပညာရှင်များနှင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတိုင်ပင်၍ ပြည့်စုံစွာရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်ရန်တို့ကို မြို့တော်ဝန် ဦးသန်းထွန်းဦးက ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝန်ကြီးဌာနရုံးများနှင့် နိုင်ငံဝန်ထမ်းအိမ်ရာများအား ပြန်လည်နေရာချထားရေး အဆိုပြုစီမံချက် နှင့် နေပြည်တော် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲထားရှိမှုများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
ပြီးခဲ့တဲ့ အပတ်က စတင်ကျဆင်းလာတဲ့ ရန်ကုန်အထိုင်စက်သုံးဆီဈေးနှုန်းတွေဟာ အခုတစ်ပတ်မှာလည်း ထပ်မံကျဆင်းလာပြီး နှစ်ပတ်တာအတွင်း တစ်လီတာကို ၁၃၀ ကျပ်ကနေ၂၀၀ကျပ် အတွင်း ထပ်မံကျဆင်းလာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက သိရပါတယ်။
#Local_News
Published 16 May 2025
#စက်သုံးဆီဈေးထပ်ကျ #ရန်ကုန်အထိုင်စက်သုံးဆီဈေးနှုန်း
#YMG/NN #Yangon_Times
ငလျင်သင့်ဒေသမှ မသန်စွမ်းအဖွဲ့ဝင်တွေကို ဆက်လက်ထောက်ပံ့ပေးသွားမယ်လို့ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ)က အသိပေးထားပါတယ်။
#Local_News
Published 16 May 2025
#မသန်စွမ်းသူများ #ဆက်လက်ထောက်ပံ့သွား
#YMG/SW #Yangon_Times
မွန်ပြည်နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ ဗုဒ္ဓပူဇနိယပွဲတော် ခုနစ်လတာအတွင်း ပြည်တွင်း/ပြည်ပ ဘုရားဖူးခရီးသွား ၁ သန်းကျော် လာရောက်ဖူးမြော်ခဲ့ပြီး လာရောက်ကြတဲ့ ပြည်ပဘုရားဖူးတွေမှာတော့ ထိုင်းနိုင်ငံက အများဆုံးလာရောက်ဖူးမျှော်ခဲ့တယ်လို့ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က သိရပါတယ်။
#Local_News
Published 16 May 2025
#ဆံတော်ရှင်ကျိုက်ထီးရိုးစေတီ #ထိုင်းမှအများဆုံးလာရောက်ဖူးမျှော်
#YMG/NN #Yangon_Times
Page 377 of 2356