#Local_News
Published 23 December 2024
▪️ ဖန်ကန်ရာဇီရေခဲတောင်သို့ တက်ရောက်လိုသူများအတွက် ရေခဲတောင်တက်ခ ရီးစဉ်များကို လာမည့်နှစ် ဖေဖော်ဝါရီလဆန်းပိုင်းတွင် စတင်သွားမည်ဖြစ်ကြောင်း နှစ်စဉ်ခရီးသွားများကို ပို့ဆောင်ပေးလျှက်ရှိသည့် ကိုရဲ(ပူတာအို)ထံမှ သိရသည်။
▪️ ရေခဲတောင်တက်ခရီးစဉ်အတွက် ဖေဖော်ဝါရီလမှမေလအထိ ခရီးစဉ် လေးခုစီစဉ်ထားပြီး ခရီးစဉ်တစ်ခုလျှင် တစ်ပတ်ကြာမြင်မည်ဖြစ်ကာခရီး စဉ်များကို ပူတာအိုမြို့မှ စတက်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
▪️ "ခုခရီးစဉ်လေးခုက တောင်တက်သမားတွေမဟုတ်တဲ့ သာမန်တောင်တက်ဝါသနာရှင်တွေနဲပ ရေခဲကိုထိတွေ့ကိုင်တွယ်လိုသူတွေအတွက် စီစဉ်ပေးတဲ့ခရီးစဉ်ပါ"ဟု ကိုရဲ(ပူတာအို)က ပြောသည်။
▪️ ဖန်ကန်ရာဇီရေခဲတောင်သို့ စုပေါင်း ထွက်ခွါမည့် ရက်စွဲများမှာ ၆.၂.၂၀၂၅ ရက်မှ ၁၂.၂.၂၀၂၅ ရက်အထိ၊ ၆.၃.၂၀၂၅ ရက်မှ ၁၂.၃.၂၀၂၅ ရက်အထိ၊၁၀.၄.၂၀၂၅ ရက်မှ ၁၆.၄.၂၀၂၅ ရက်အထိနှင့်၁.၅.၂၀၂၅ ရက်မှ ၇.၅.၂၀၂၅ ရက်အ ထိမိမိအဖွဲ့နှင့် မိမိ သီးသန့် တက်ရောက်လိုသူများကိုလည်း နှစ်သက်ရာ ရက်စွဲဖြင့် စီစဉ်ပေးကြောင်း၊ ဖုန်ကန်ရာဇီ ရေခဲတောင်တက်ခရီးသည် သာမန်သူများ အနေဖြင့် ပူတာအိုမှ ဖန်ကန်ရာဇီ ရေခဲတောင်သို့ ပုံမှန်လမ်းလျှောက်သွားလျှင် ၄ ညအိပ် ၅ ရက် ကြာမြင့်မည်ဖြစ်ပြီး၊ ဆိုင်ကယ် (၂)ရက်၊ ရန်ကုန် - မန္တလေး- မြစ်ကြီးနားမှ လာလျှင် လေယာဉ်ဖြင့်လာရပြီး ပူတာအိုရောက်ရှိသောနေ့နှင့် ပူတာအိုမှမိမိနေရပ်သို့ ပြန်သောနေ့ နှစ်ရက်ပိုမည်ဖြစ်သောကြောင့် ဖန်ကန်ရာဇီခရီးစဉ်သည် ရန်ကုန် မန္တလေး မြစ်ကြီးနားမှ လာလျှင် ၈ ညအိပ် ၉ ရက် ကြာမြင့်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 23 December 2024
▪️ ယခုဘဏ္ဍာနှစ် ရှစ်လတာကာလအတွင်း ပြည်ပနိုင်ငံများသို့ အမေရိကန်ဒေါ်လာ ၁၇သန်းကျော် တန်ဖိုးရှိ ပုစွန်မက်ထရစ်တန်ချိန် ၅,၀၀၀ ကျော်တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
▪️ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ နိုဝင်ဘာလ ၃၀ ရက်အထိ ရှစ်လတာကာလအတွင်း ပြည်ပသို့ပုံမှန်ကုန်သွယ်မှုမှ မက်ထရစ်တန် ၄,၃၃၅ ဒသမ ၆၅၇ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၅၄၃ သန်းရရှိခဲ့ပြီး နယ်စပ်ကုန်သွယ်မှုမှ မက်ထရစ်တန် ၉၆၂ ဒသမ ၉ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၅ ဒသမ ၃၂၈ သန်းရရှိခဲ့ကြောင်းသိရသည်။
▪️ ထို့ကြောင့် စုစုပေါင်းတင်ပို့မှု ပုစွန်မက်ထရစ်တန် ၅,၂၉၈ ဒသမ ၅၅၇ တန်တင်ပို့ခဲ့ရာမှ အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၈၇၁ သန်း ရရှိခဲ့ကြောင်း သိရသည်။
▪️ ရေထွက်ကုန်များကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန် စသည့် နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့လျက်ရှိပြီး ပင်လယ်ရေကြောင်းအပြင် နယ်စပ်ကုန်သွယ်ရေးမှလည်း တိုက်ရိုက်တင်ပို့လျက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 23 December 2024
▪️ (၉) ကြိမ်မြောက် သီတဂူမျက်စိအလှူတော်ကို ရန်ကုန်မြို့၌ ဒီဇင်ဘာ၂၄ရက် မနက်ဖန်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းသီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) မှ သိရသည်။
▪️ အဆိုပါ (၉) ကြိမ်မြောက် သီတဂူမျက်စိအလှူတော် အစီအစဉ်ကို ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၌ သီတဂူအဖွဲ့က မြန်မာနိုင်ငံ အရပ်မျက်နှာအသီးသီးမှ မျက်စိဝေဒနာရှင်များအား ကြည့်ရှု စစ်ဆေးစမ်းသပ် ခွဲစိပ်ကုသခြင်းလုပ်ငန်းများကို အခမဲ့ (FOC) စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ယင်းအစီအစဉ်အား ဒီဇင်ဘာလ ၂၄ ရက်မှ ၂၉ ရက်အထိ ခြောက်ရက်တိုင်တိုင် ပြုလုပ်သွားမည် ဖြစ်ကာ နိုဝင်ဘာလအတွင်းက စမ်းသပ်စစ်ဆေးပြီးသူများကိုသာ ခေါ်ယူသွားမည်ဖြစ်ပြီး ယခုအကြိမ်တွင် ပြင်ပစမ်းသပ်ခြင်းမရှိ၍ အသစ်မခေါ်သေးကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 21 December 2024
၁။ မြန်မာ့ပြောင်း တန်ချိန် ၁၇ သိန်းကျော်ပြည်ပသို့တင်ပို့ထား
၂။ ၂၀၂၅ ခုနှစ် မိုးဦးအကျစောနိုင်ပြီး လာနီညာဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်းကျော်သာရှိဟုဆို
၃။ လာမည့်နှစ်တွင် သဘာဝဘေးကြုံတွေ့ပါက လှူဒါန်းရန် ဆန်တန်ချိန် ၃၅၀ဝ ကို စီစဉ်ထား
၄။ ဆီးရီးယားပဋိပက္ခများဖြစ်ပြီးနောက် စီးပွားရေးပြန်လည်ထူထောင်ရန်လိုအပ်ချက်များအား ကုလသမဂ္ဂအထူးကိုယ်စားလှယ်ထောက်ပြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ပြည်ပမှ စားသုံးဆီတွေတင်သွင်းနေရတာကြောင့် ဆီထွက်သီးနှံတွေ ပိုမိုစိုက်ပျိုးထုတ်လုပ်ပြီး စားသုံးဆီဖူလုံရေး ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
#Local_News
Published 21 December 2024
#ပြည်တွင်းစားသုံးဆီ #ဆီထွက်သီးနှံ
#YMG/SW #Yangon_Times
လာမည့်နှစ်မှာ သဘာဝဘေးကြုံတွေ့ပါက လှူဒါန်းရန် ဆန်တန်ချိန် ၃၅၀ဝ ကို စီစဉ်ထားတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက သိရပါတယ်။
#Local_News
Published 21 December 2024
#စိုက်ပျိုးရေး #လှူဒါန်းရန်ဆန်
#YMG/SW #Yangon_Times
လာမယ့် ၂၀၂၅ ခုနှစ်မှာ မိုးဦးအကျစောနိုင်ပြီး လာနီညာဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်းကျော်သာရှိတယ်လို့ မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။
#Local_News
Published 21 December 2024
#လာနီညာဖြစ်နိုင်ခြေ #ဦးဝင်းနိုင်
#YMG/NN #Yangon_Times
Page 377 of 2186