#Daily_News
Published 2 October 2024
၁။ သီတင်းကျွတ်ပိတ်ရက် ကျိုက်ထီးရိုးစေတီတော်၌ ဘုရားဖူး(၅၀၀)ကျော် အခမဲ့တည်းခိုနိုင်အောင်စီစဉ်ပေးထား
၂။ ရွှေတောင်ဒေသထွက်မီးပုံးများ အော်ဒါများစတင်ရရှိ
၃။ ကောလဟာလများ မယုံကြရန်နှင့် ရွှေထွက်ရာသီဖြစ်သောကြောင့် စိုးရိမ်ပူပန်မှုမရှိဘဲ ရောင်းဝယ်ရန် YGEA ဥက္ကဌတိုက်တွန်း
၄။ Black Myth: ဝူခုန်း ဂိမ်းဖန်တီးနေခဲ့ချိန်အတွင်း အခက်အခဲများစွာကြုံတွေ့ခဲ့ရသော်ငြားကျော်လွှားနိုင်ခဲ့ကြောင်း ဂိမ်းကုမ္ပဏီစီအီးအိုပြောကြား ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
အခုရက်ပိုင်းအတွင်းမှာ စစ်ကိုင်းအပါအဝင်ဒေသ(၁၄)ခု မိုးကြီးရေလျှံဖို့ရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။ နာဂဒေသတွေ၊ လေရှီးနဲ့ လဟယ်ကြား၊ စစ်ကိုင်းတိုင်းအထက်ပိုင်းက ခန္တီးနဲ့ထမံသီကြား မိုးအလွန်များနိုင်တယ်လို့ သိရပါတယ်။
#Local_News
Published 2 October 2024
#(၄၈)နာရီအတွင်း #မိုးကြီးရေလျှံ၊မြေပြိုနိုင်
#YMG/tthl #Yangon_Times
ရွှေဈေးကွက်နဲ့ပတ်သက်လို့ ကောလဟာလတွေ မယုံကြဖို့နဲ့ လက်ရှိအချိန်ဟာ ရွှေထွက်ရာသီဖြစ်တာကြောင့် စိုးရိမ်ပူပန်မှုမရှိဘဲရောင်းဝယ်ဖို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း YGEA ဥက္ကဌဦးမျိုးမြင့်က တိုက်တွန်းလိုက်ပါတယ်။
#Local_News
Published 2 October 2024
#ကောလဟာလတွေမယုံကြဖို့ #YGEA
#YMG/NN #Yangon_Times
ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့ကထွက်ရှိတဲ့ ဒေသထွက်မီးပုံး အော်ဒါတွေ စတင်ရရှိနေပြီလို့ မီးပုံးလုပ်ငန်းလုပ်ကိုင်သူတွေထံက သိရပါတယ်။
#Local_News
Published 2 October 2024
#ရွှေတောင်ဒေသထွက်မီးပုံး #အော်ဒါများစတင်ရရှိ
#YMG/NN #Yangon_Times
သီတင်းကျွတ်ပိတ်ရက်ကျိုက်ထီးရိုးစေတီတော်မှာ ဘုရားဖူး(၅၀၀)ကျော် အခမဲ့တည်းခိုနိုင်အောင်စီစဉ်ပေးထားတယ်လို့ သိရပါတယ်။
#Local_News
Published 2 October 2024
#ကျိုက်ထီးရိုးစေတီတော် #အခမဲ့တည်းခိုနိုင်
#YMG/tthl #Yangon_Times
#Local_News
Published 2 October 2024
▪️ ရန်ကုန်မြို့ရှိ လောကချမ်းသာအဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး. (ကျောက်တော်ကြီး )ဘုရားတွင် (၂၉)ကြိမ်မြောက် အဘိဓမ္မာခုနစ်ကျမ်း ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ လောကချမ်းသာအဘယလာဘမုနိ ရုပ်ပွားတော်မြတ်ကြီးသည် အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ မင်းဓမ္မကုန်းတော်ပေါ်တွင် တည်ထားကိုးကွယ် လျက်ရှိပြီး ဘုရားဝင်းအတွင်း၌ (၂၉)ကြိမ်မြောက် အဘိဓမ္မာခုနစ်ကျမ်းတော်မြတ်ရွတ်ဖတ်ပူဇော်ပွဲကို အောက်တိုဘာလ ၈ ရက်မှ ၁၆ ရက်အထိ ကိုးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ကျင်းပရာတွင် ဆရာတော်သံဃာတော် ၂၇ ပါးတို့ကို အရုဏ်ဆွမ်း၊ နေ့ဆွမ်း၊ သင်္ကန်း၊ ကန်တော့ပွဲနှင့် နဝကမ္မ အလှူငွေများကို တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ပြီး အဘိဓမ္မာခုနစ်ကျမ်းရွတ်ဖတ်ပူဇော်ပွဲသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 2 October 2024
▪️ ရန်ကုန်-ပဲခူး-ရန်ကုန်ခရီးစဉ်အား စပိန်နိုင်ငံမှ ဝယ်ယူထားသည့် အဲကွန်းပါ တွဲဆိုင်းများဖြင့် ယနေ့မှစတင်၍ ပထမဆုံးစတင်ပြေးဆွဲနေပြီဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
▪️ အဆိုပါ ရန်ကုန်-ပဲခူး-ရန်ကုန်ခရီးစဉ်အား Aircon ပါ Diesel Electric Multiple Units DEMUs တွဲဆိုင်းဖြင့် ပထမဆုံးစတင်ပြေးဆွဲမည် ဖြစ်ပြီးယင်း ရထားတွဲဆိုင်းများသည် စပိန်နိုင်ငံမှ ဝယ်ယူထားသည့်တွဲဆိုင်း (၁၁) ဆိုင်းအနက် တွဲဆိုင်း (၆) ဆိုင်းပါဝင်သည့် ရထားတွဲနှစ်တွဲဖြင့် နေ့စဉ်ရထားအဖြစ် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ DEMUs တွဲဆိုင်းတွင် Aircon ပါဝင်မည်ဖြစ်ပြီး လက်မှတ်ခအနေဖြင့် ဘူတာကြီး မှ ပုစွန်တောင်၊ မလွှကုန်း၊ သဃ်န်းကျွန်း၊ တိုးကြောင်လေး၊ ရွာသာကြီး ၊ လေးဒေါင့်ကန်၊ ဒါးပိန်စသည့် ဘူတာများအထိ ၁၃၀၀ ကျပ်၊ ဘူတာကြီးမှ ကော့ချဲ ၊ ထုံးကြီး ၊ ကျောက်တန်း ၊ တာဝ၊ဘုရားသုံးဆူ ၊ ပဲခူးစသည့် ဘူတာများအထိ တစ်ဦးလျှင် ၂၅၀၀ ကျပ်ကျသင့်မည်ဖြစ်ကာ လမ်းခရီးတစ်လျှောက်ရှိ ဘူတာ(၁၂)ခု၌ ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် DEMUsတွဲဆိုင်း၏ အမှတ်(၁၆)အစုန်ရထားသည် ပဲခူးဘူတာမှ နံနက် ၆ နာရီတွင်စတင်ထွက်ခွာ၍ ရန်ကုန်ဘူတာကြီးသို့ နံနက် ၇ နာရီ ၄၀ မိနစ်၌ ဆိုက်ရောက်မည်ဖြစ်ကာအမှတ်(၁၅)အဆန်ရထားသည် ရန်ကုန်ဘူတာကြီးမှ ညနေ ၄ နာရီ ၄၅ မိနစ်တွင်စတင်ထွက်ခွာ၍ ပဲခူးဘူတာသို့ ည ၆ နာရီ ၂၅ မိနစ်၌ဆိုက်ရောက်မည်ဖြစ်ကြောင်း၊ ရထားတစ်စီးလျှင် ခရီးသည် ၈၃၂ဦးလိုက်ပါစီးနင်းနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 374 of 2096