#Local_News
Published 1 August 2025
▪️ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ ခြောက်ပေခန့် ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း နှစ်လက်မခန့်မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ သိရသည်။
▪️ ထို့အတူစစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ နှစ်ပေခန့်ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း ပေဝက်ခန့်ကျဆင်းလာနိုင်သော်လည်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း၊ မဒေါက်မြို့တွင်လည်း စစ်တောင်းမြစ်ရေသည်ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ငါးပေကျော် ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း ပေဝက်ခန့်ကျဆင်းလာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း၊ ရွှေကျင်မြစ်ရေသည်လည်း ရွှေကျင်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ တစ်ပေခွဲကျော် ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း တစ်ပေခန့်ကျဆင်းလာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။
▪️ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ သုံးပေခွဲကျော် ကျော်လွန်နေသော်လည်း နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ပြီး ဘီးလင်းမြစ်ရေသည်လည်း ဘီးလင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ပေဝက်ခန့်ကျော်လွန်နေကာ နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ေကြာင်း သိရသည်။
▪️ အဆိုပါ မြစ်ရေချိန်များကိုယနေ့နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရထုတ်ပြန်ခြင်းဖြစ်ပြီးဘီးလင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် သတိပြုနေထိုင်ပါရန်နှင့် တောင်ငူမြို့နယ်၊ ရွှေကျင်မြို့နယ်၊ ဘားအံမြို့နယ်၊ မြဝတီမြို့နယ်နှင့် မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ရှောင်ရှားနိုင်ရန်လည်း အသိပေးထားသည်။
#YMG/SW #Yangon_Times
ကမ္ဘ့ာစားနပ်ရိက္ခာအစီအစဉ်(WFP)အနေနဲ့ ယခုနှစ်မိုးရာသီမှာ လူဦးရေ တစ်သိန်း အထိကို အမြန်ဆုံးအကူအညီပေးနိုင်ဖို့ အရင်းအမြစ်တွေကို ကြိုတင်ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။
#Local_News
Published 01 August 2025
#WFP #ကမ္ဘ့ာစားနပ်ရိက္ခာ
#YMG/SW #Yangon_Times
နှစ်စဉ်ကျင်းပခဲ့တဲ့ အိုးပုတ်ပွဲတော်ကို အခုနှစ်မှာလည်း မန္တလေးမြို့မှာ (၂)ရက်တာကျင်းပ ပြုလုပ်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
#Local_News
Published 01 August 2025
#အိုးပုတ်ပွဲတော် #မန္တလေးမြို့
#YMG/NN #Yangon_Times
၂၀၂၅ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ အမှတ်စာရင်းများ ထုတ်ပေးရာမှာ ကျရှုံးအမှတ်စာရင်းများလည်းထုတ်ယူနိုင်တယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 01 August 2025
#တက္ကသိုလ်ဝင်တန်းစာမေးပွဲ #ကျရှုံးအမှတ်စာရင်းများထုတ်ယူနိုင်
#YMG/SW #Yangon_Times
အခု၂၀၂၅ခုနှစ်-၂၀၂၆ဘဏ္ဍာနှစ်အတွင်းရန်ကုန်တိုင်းအတွင်းရှိ ဆန်စက်(၁၄)ခုတွင် ဆိုလာစွမ်းအင်ဖြင့် လျှပ်စစ် ၁၈.၄ မဂ္ဂါဝပ် ထုတ်လုပ်ပြင်ဆင်နေတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကနေ သိရပါတယ်။
#Local_News
Published 01 August 2025
#ဆန်စက် #ဆိုလာစွမ်းအင်
#YMG/NN #Yangon_Times
#Local_News
Published 1 August 2025
▪️ ပို့ကုန်မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များနှင့် MSMEလုပ်ငန်းများအတွက် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှသိရသည်။
▪️ ဇူလိုင် ၃၀ ရက် ကရန်ကုန်မြို့ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI (မင်္ဂလာခန်းမ)၌ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံသားများဘဏ် (MCB) နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ပို့ကုန်မြှင့်တင်ရေး၊ ပို့ကုန်ဆိုင်ရာ ဘဏ်ချေးငွေများနှင့် MSMEများအတွက် ငွေကြေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ စီစဉ်ဆောင်ရွက်ပေးနိုင်မှုကိစ္စရပ်များအပေါ် ရှင်းလင်းဆွေးနွေးပွဲ၌ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
▪️ အဆိုပါ ဆွေးနွေးပွဲတွင် ပို့ကုန်မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ ပို့ကုန်လုပ်ငန်းအထောက်အကူပြု ဘဏ်ချေးငွေများ၊ MSMEများ အတွက် ငွေကြေးနှင့်ဘဏ်လုပ်ငန်းဆိုင်ရာ သိကောင်းစရာများ၊ SMEများ၊ New MSME အသင်းဝင်များအတွက် Export နှင့် ချိတ်ဆက်၍ ရနိုင်မည့် Value Chain Financing အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
▪️ ယင်းဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် ဥက္ကဋ္ဌနှင့် စီမံခန့်ခွဲရေးကော်မတီဝင်များ၊ မြန်မာနိုင်ငံသားများဘဏ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ Exporter ကုမ္ပဏီများ၊ MSMEလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 1 August 2025
▪️ စစ်ကိုင်းမြို့၌ ယမန်နေ့ညပိုင်းက မီးလောင်မှုတစ်ခုဖြစ်ပွားရာ တစ်နာရီကြာငြိမ်းသတ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်နပ်ဖွဲ့မှ သိရသည်။
▪️ ဇူလိုင် ၃၁ ရက်နေ့၊ ည ၁၀နာရီ အချိန်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်၊ ၂၂လမ်းနှင့်၂၅လမ်းထောင့်တွင် မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် စစ်ကိုင်းခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ စစ်ကိုင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ စိန်ကုန်းအရန်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ မြတ်နိုးသစ်စက်မှ ရေသယ်ယာဉ်(၁)စီး၊ သုခကာရီလူမှုကူညီရေးအသင်းမှ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ည ၁၁နာရီအချိန်၌ မီးငြိမ်းနိုင်ခဲ့ကြောင်း သိရသည်၊၊
#YMG/NN #Yangon_Times
Page 374 of 2443