#Local_News
Published 04 September 2025

▪️ ယနေ့နံနက်ပိုင်းက ကျောက်ဆည်မြို့အနီးပြင်းအား၄.၉အဆင့်ရှိငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

▪️ အဆိုပါ ငလျင်ကို မန္တလေး၊ကျောက်ဆည်နှင့်စစ်ကိုင်းရှိ ပြည်သူများ သိသိသာသာခံစားခဲ့ရပြီး အသံပါမြည်ဟိန်းသည့် ငလျင်လှုပ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

▪️ " လှုပ်တာကကြမ်းတယ်ကြောက်စရာကြီးအသံလည်းပါတယ်။ အိမ်ထဲက‌ နေထွက်ပြေးရတာဖိနပ်တောင်မပါဘူး" ဟု မန္တလေးမြို့ခံတစ်ဦးကပြောသည်။

▪️ ယနေ့ စက်တင်ဘာ ၄ ရက်နံနက် ၁၀ နာရီ ၅၁ မိနစ် ၄၈ စက္ကန့်က ကျောက်ဆည်မြို၏ အနောက်-အနောက်တောင်ဘက်(၇)မိုင်ခန့်အကွာ အနက်(၁၀) ကီလိုမီတာကိုဗဟိုပြု၍ အင်အားရသ်(ခ်)တာစကေး(၄ ဒသမ ၂)အဆင့် အင်အားအသင့်အတင့်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

#YMG/SW #Yangon_Times