#Local_News
Published 04 September 2025
▪️ IT နည်းပညာနှင့်ပတ်သက်သော ဟောပြောပွဲကို စက်တင်ဘာလ ၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ MICT Park ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ သိရသည် ။
▪️ အဆိုပါ ဆွေးနွေးပွဲကို Yangon-MCPA မှကြီးမှူး၍ အသင်းဝင်များအတွက် ရည်ရွယ်၍ ကျင်းပသွားမည်ဖြစ်ကာ ကျောင်းသား၊ကျောင်းသူများ၊ စွန့်ဦးတီထွင်လူငယ်များနှင့် Digital နည်းပညာအသုံးပြု၍ ကိုယ်ပိုင်လုပ်ငန်းများတွင် စတင်အသုံးပြုရန် စိတ်ဝင်စားသူများအတွက်ရည်ရွယ်၍ How to Start a Startup Business in Digital Economy ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးသွားမည် ဖြစ်သည်။
▪️ ဟောပြောပွဲတွင် စဉ်ဆက်မပြတ်ပြောင်းလဲနေသော Digital ခေတ်အတွင်း အရင်းအနှီးနည်းနည်းဖြင့် လုပ်ငန်းစတင်ခြင်း၊ ကိုယ်ပိုင်လုပ်ငန်းတည်ထောင်ခြင်း၊ စီးပွားရေးတစ်ခုစတင်ရာတွင် မရှိမဖြစ်သိထားရမည့် Strategy Finance၊ Marketing၊ Sales အစရှိသော စီးပွားရေးစီမံခန့်ခွဲမှု အခြေခံမူများကို ထည့်သွင်းဆွေးနွေးမည် ဖြစ်သည့်အပြင် မိမိတို့၏ စီးပွားရေးလုပ်ငန်းတွင် အသုံးပြုနိုင်မည့် အသုံးဝင် Software များ၊ IT နည်းပညာများနှင့် တခြားသောအသုံးချနည်းပညာများကိုပါ ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည် ။
▪️ အဆိုပါ ဆွေးနွေးပွဲကို စိတ်ပါဝင်စားသူများအနေဖြင့် စက်တင်ဘာလ ၄ ရက်ထက် နောက်မကျစေဘဲ Google Form Link တွင် Register ဝင်ရောက်ပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည် ။
#YMG/NN #Yangon_Times