#Daily_News
Published 04 August 2025
၁။ ရိုးမရိပ်သာအိမ်ရာ အခန်းဝယ်ယူခွင့် အကြောင်းကြားစာကို ယခုလ ၂၅ ရက်နောက်ဆုံးထားထုတ်ယူရမည်
၂။ နှစ်လကျော်အတွင်း တောင်သူ၂သိန်းကျော်ကို စိုက်စရိတ်၂၀၈ ဘီလီယံကျော် ထုတ်ချေးထား
၃။ စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေး နှစ်ပတ်ဆက်တိုက်ပြန်တက်
၄။ စစ်ပွဲမှကျန်ခဲ့သောမပေါက်ကွဲသေးသည့်ဒုံးကျည်များကို ဗုံးရှင်းလင်းရေးအဖွဲ့များရှင်းလင်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 04 August 2025
▪️ ဇူလိုင်လ (၃၀ )ရက်က စတင်ကာထုတ်ပေးနေသည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအမှတ်စာရင်းထုတ်ပေးမှုကို ယနေ့မှ စတင်ကာ ယာယီရပ်ဆိုင်းထားကြောင်း သိရသည်။
▪️ အဆိုပါ အမှတ်စာရင်းများကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပေးနေခြင်းဖြစ်ပြီး ပြီးခဲ့သည့်ရက်ပိုင်းက အမှတ်စာရင်းထုတ်ပေးသည့် စနစ်ချို့ယွင်းမှုကြောင့် ဇူလိုင်လ (၃၀)ရက် မွန်းလွဲ ၂နာရီမတိုင်မီ ထုတ်ယူခဲ့သည့်အမှတ်စာရင်းများကို ပြန်လည်ထုတ်ယူရန် အသိပေး ထုတ်ပြန်ခဲ့ပြီးနောက် ယခုအခါ အမှတ်စာရင်းထုတ်ပေးမှုကို ယာယီရပ်ဆိုင်းခဲ့ ခြင်းဖြစ်သည်။
▪️ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနအနေဖြင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းကို ဇူလိုင်လ (၂၇)ရက်က ထုတ်ပြန်ပေးခဲ့ပြီး အောင်စာရင်း/ကျစာရင်းအမှတ်စာရင်းများကို ဇူလိုင်လ (၃၀)ရက်မှစတင်ကာ ထုတ်ပေးလျှက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
တရုတ် နိုင်ငံ သို ဆန်/ ဆန်ကွဲတင်ပိုရာ မှာလိုက်နာရမယ့် Sanitary and Phytosanitary-SPS Protocol ဆိုင်ရာလုပ်ငန်းစဉ်တွေကို အခုရက်ပိုင်းအတွင်း ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ် UMFCCIဆွေးနွေးခဲ့ပါတယ်။
#Local_News
Published 04 August 2025
#တရုတ်သို့ဆန်/ဆန်ကွဲ #UMFCCIဆွေးနွေး
#YMG/NN #Yangon_Times
ယခုတစ်ပတ်အတွက် ထုတ်ပြန်လိုက်တဲ့ စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းထပ်တက်လာတာကြောင့် ရည်ညွှန်းဈေးတွေ နှစ်ပတ်ဆက်တိုက်ပြန်တက်လာဖြစ်ပါတယ်။
#Local_News
Published 04 August 2025
#စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေး #နှစ်ပတ်ဆက်တိုက်ပြန်တက်
#YMG/NN #Yangon_Times
နိုင်ငံအဝှမ်းရှိ တောင်သူ လယ်သမား ၂သိန်းကျော်ကို စိုက်စရိတ်၂၀၈ ဘီလီယံကျော်နှစ်လတာအတွင်း ထုတ်ချေးထားတယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနကသိရပါတယ်။
#Local_News
Published 04 August 2025
#တောင်သူ၂သိန်းကျော် # စိုက်စရိတ်၂၀၈ ဘီလီယံ
#YMG/NN #Yangon_Times
ရိုးမရိပ်သာအိမ်ရာတွင် အခန်းဝယ်ယူခွင့်မဲပေါက်ထားသူများအနေနဲ့ အခန်းဝယ်ယူခွင့် အကြောင်းကြားစာကို ဩဂုတ်လ ၂၅ ရက်နောက်ဆုံးထားထုတ်ယူရမယ်လို့ မြိုပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာနက အသိပေးထားပါတယ်။
#Local_News
Published 04 August 2025
#ရိုးမရိပ်သာအိမ်ရာ #အခန်းဝယ်ယူခွင့်
#YMG/SW #Yangon_Times
#Local_News
Published 04 August 2025
▪️ ရန်ကုန်တိုင်းဒေသကြီး ၊သန်လျင်မြို့နယ်ရှိ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၌ Business Management နှင့် Digital Marketing သတင်းများကို အွန်လိုင်းမှ ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ရာ တက်ရောက်လိုသူများအနေဖြင့် အွန်လိုင်းမှတစ်ဆင့် လျှောက်ထားနိုင်ကြောင်း
သိရသည် ။
▪️ အဆိုပါ သင်တန်းကာလမှာ ၃လကြာမြင့်မည်ဖြစ်ကာသက်ဆိုင်ရာ အွန်လိုင်းလျှောက်လွှာများကို အချက်အလက်များ ပြည့်စုံစွာဖြည့်စွက်ပြီး ဩဂုတ်လ ၁၂ ရက်နောက်ဆုံးထား လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည် ။
▪️ ယင်းသင်တန်း၌ စွန့်ဦးတီထွင်မှုနှင့် စီးပွားရေးစီမံခန့်ခွဲမှုပညာ အသိအမှတ်ပြုလက်မှတ် (Certificate in Entrepreneurship and Business Management - CEBM)နှင့် ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် စျေးကွက်ဖော်ဆောင်မှု နှင့် ဆန်းသစ်တီထွင်မှုပညာ အသိအမှတ်ပြုလက်မှတ် (Certificate in Digital Marketing and Innovation - CDMI) ပေးအပ်သွားမည် ဖြစ်သည် ။
▪️ အဆိုပါသင်တန်းကို တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ လျှောက်ထားနိုင်ပြီး သင်တန်းကြေးမှာ (၁ သိန်း)ကျပ် သတ်မှတ်ထားကာ အပတ်စဉ် စနေနှင့်တနင်္ဂနွေနေ့တို့မှာ နံနက် ၉ နာရီမှ ၁၂ နာရီအထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည် ။
#YMG/NN #Yangon_Times
Page 371 of 2443