#Daily_News
Published 1 August 2024
၁။ ဩဂုတ်လအတွက် ရည်ညွှန်းဆန်ဈေးနှုန်းများတွင် ဆန်ကြမ်းဈေးများလျော့ချသတ်မှတ်လာ
၂။ ရန်ကုန်အိမ်ခြံမြေဈေးကွက်တွင် ရင်းနှီးမြုပ်နှံသူထက် အငှားသာပိုများနေ
၃။ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ မဟာဝိဇ္ဇာဘွဲ့သင်တန်းများ ဖွင့်လှစ်မည်
၄။ ကျူးဘားနိုင်ငံဆိပ်ကမ်းသို့ ရုရှားရေတပ်တပ်ဖွဲ့တစ်ဖွဲ့တစ်လအတွင်း ဒုတိယမြောက် ချစ်ကြည်ရေးခရီးရောက် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 1 August 2024
▪️ ရက်ပိုင်းအတွင်း စက်သုံးဆီများ ပြန်လည်ချောမွေ့စွာ ဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်းမှ ဩဂုတ် (၁)ရက်၌ ကြေညာချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။
▪️ မိုးကြီးသည့်ကာလဖြစ်သဖြင့် ဆီတင်ကား ဘေးအန္တရာယ် ကင်းရှင်းရန်အတွက် သတိထားမောင်းနှင်ကြသဖြင့် ပုံမှန်အချိန်ထက် ပိုကြန့်ကြာခဲ့ပေမည့် ယခုရက်ပိုင်းအတွင်း စက်သုံးဆီများ ပြန်လည်ချောမွေ့စွာ ဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်သည်ဟုဆိုသည်။
▪️ ထုတ်ပြန်ချက်တွင်
(၁) စက်သုံးဆီများကို အများပြည်သူ အဆင်ပြေအောင်အချိန်နှင့် တစ်ပြေးညီ ဖြန့်ဖြူးပေးနေသည့်အပြင် စက်သုံးဆီများလည်း စဉ်ဆက်မပြတ် ဆီသင်္ဘောများ ရောက်ရှိနေကြပါသည်။
▪️ (၂) သို့သော် အခု လောလောဆယ်အချိန်ကာလတွင် ကောလဟာလသတင်းများနှင့် မီဒီယာ တစ်ချို့၏ သတင်းမှားများဖြင့် ဝါဒဖြန့်ချိမှုကြောင့် ရန်ကုန်မြို့အပါအဝင် မြို့ကြီးအချို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် သာမာန်မဟုတ်ဘဲ ၀ယ်လိုအား အထူးမြင့်တက်ခဲ့ပါသည်။
▪️ ထို့အပြင် မိုးကြီးသည့်ကာလဖြစ်သဖြင့် ဆီတင်ကား ဘေးအန္တရာယ် ကင်းရှင်းရန်အတွက် သတိထားမောင်းနှင်ကြသဖြင့် ပုံမှန်အချိန်ထက် ပိုကြန့်ကြာခဲ့ပါသည်။
▪️ (၃) ထိုအတွက်ကြောင့် စက်သုံးဆီအရောင်းဆိုင်များတွင် ယာယီ စက်သုံးဆီပြတ်လပ်မှုများကြုံတွေ့ခဲ့ရပါသည်။
(၄) ထိုသို့ယာယီ စက်သုံးဆီပြတ်လပ်ခြင်းကြောင့် လူထုစိုးရိမ်မှုက အနည်းငယ် ပိုမိုမြင့်တက်လာခြင်းတို့ကြောင့် ယနေ့ ဖြစ်ပျက်နေသည့် အခြေအနေဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။
▪️ (၅) ထို့အပြင် မတည်ငြိမ်သည့်ဒေသများမှ ပြောင်းရွှေ့လာသူအများစုသည် မြို့ကြီးများသို့ရောက်ရှိလာသည့်အတွက် စက်သုံးဆီလိုအပ်ချက်ကလည်း မြို့ကြီးများတွင် ပိုမိုခဲ့ပါသည်။
▪️ (၆) သီလဝါရှိ စက်သုံးဆီ သိုလှောင်ကန်များတွင်လည်း စက်သုံးဆီလုံလောက်စွာရှိသည့်အပြင် နိုင်ငံခြားမှ စက်သုံးဆီတင်သွင်းလာသည့် သင်္ဘောများလည်း စဥ်ဆက်မပြတ်ဝင်ရောက်လျှက်ရှိပါသည်။
▪️ (၇) ထိုကြောင့် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း အနေဖြင့် စက်သုံးဆီပိုမို လျင်မြန်စွာ ဖြန့်ဖြူးပေးနိုင်ရန် လိုအပ်ချက်များကို ပူးပေါင်းညှိနှိုင်းဆောင်ရွက်နေကြသဖြင့် ရက်ပိုင်းအတွင်း စက်သုံးဆီများ ပြန်လည်ချောမွေ့စွာ ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါကြောင်း သတင်းပေးကြေငြာအပ်ကြောင်း ဖော်ပြထားသည်။
#YMG/tthl #Yangon_Times
ဩဂုတ်လထဲမှာ လေဖိအားနည်းရပ်ဝန်း (၂)ကြိမ်နဲ့မုန်တိုင်းငယ်တစ်ကြိမ်ဖြစ်နိုင်ပြီး စစ်ကိုင်း၊ကချင်မှာ မိုးပိုများနိုင်တယ်လို့ သိရပါတယ်။
#Local_News
Published 1 August 2024
#မုန်တိုင်းငယ်တစ်ကြိမ်ဖြစ်နိုင် #လေဖိအားနည်းရပ်ဝန်း(၂)ကြိမ်
#YMG/tthl #Yangon_Times
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ယွန်းပညာကောလိပ်(ပုဂံ)မှာ ယွန်းအတတ်ပညာဒီပလိုမာနှစ်နှစ်သင်တန်းအတွက် ဝင်ခွင့်လျှောက်လွှာတွေ စတင်လက်ခံနေပြီလို့ သိရပါတယ်။
#Local_News
Published 1 August 2024
#ယွန်းပညာကောလိပ် #အသေးစားစက်မှုလက်မှုလုပ်ငန်း
#YMG/NN #Yangon_Times
အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် မဟာဝိဇ္ဇာဘွဲ့သင်တန်း ငါးခုကို အခုနှစ်အတွင်းဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။
#Local_News
Published 1 August 2024
#အမျိုးသားယဉ်ကျေးမှု #အနုပညာတက္ကသိုလ်(ရန်ကုန်)
#YMG/NN #Yangon_Times
ရန်ကုန်အိမ်ခြေမြံဈေးကွက်ထဲရင်းနှီးမြုပ်နှံချင်ကြပေမယ့်လည်း ပိုင်ဆိုင်မှုဆိုင်ရာ လွှဲပြောင်းရေးအခက်အခဲအချို့ကြောင့် ရင်းနှီးမြုပ်နှံသူ ထင်သလောက်မရှိသေးဘူးလို့ အိမ်ခြံမြေ အကျိုးတော်ဆောင်တွေထံမှ သိရပါတယ်။
#Local_News
Published 1 August 2024
#ရန်ကုန်အိမ်ခြံမြေဈေးကွက် #အငှားသာပိုများနေ
#YMG/tthl #Yangon_Times
ဩဂုတ်လအတွက် ရည်ညွှန်းဆန်ဈေးနှုန်းတွေမှာ ဆန်ကြမ်းဈေးတွေ ဈေးနှုန်းလျော့ချသတ်မှတ်လာတယ်လို့ စားသုံးသူရေးရာဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
#Local_News
Published 1 August 2024
#ရည်ညွှန်းဆန်ဈေးနှုန်း #ဆန်ကြမ်းဈေးလျော့ချသတ်မှတ်
#YMG/NN #Yangon_Times
Page 366 of 2031