အခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် မေလအတွင်း ပြည်ပနိုင်ငံတွေကို ဆန်နဲ့ဆန်ကွဲ တန်ချိန်ခုနှစ်သောင်း ကျော်သာတင်ပို့နိုင်ခဲ့ပြီး ယခင်လထက် တင်ပို့တာ လျော့ကျခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။
Yangon_Times/NN
#Local_News
#Published_ 13 June 2024
#YMG #Yangon_Times #Yangon_Media_Group
ရှမ်းပြည်တောင်ပိုင်းက စိုက်ပျိုးထွက်ရှိတဲ့ (ချင်း)ဂျင်းနုဥမပေါ်ချိန် ရောက်ရှိလာတာကြောင့် ဂျင်းအခက်ဈေးကွက် မှာ တစ်ပိသာ ၈၀၀၀ကျပ်ဝန်းကျင်မှာသာ ရှိတော့တယ်လို့ အောင်ပန်းကုန်စိမ်းပွဲရုံတွေထံမှ သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 13 June 2024
#YMG #Yangon_Times #Yangon_Media_Group
ရှမ်းပြည်နယ်မြောက်ပိုင်းကထွက်ရှိတဲ့ နာနတ်သီးတွေ လက်လီဈေးကွက်ထဲမှာ ဈေးကောင်းရရှိနေပေမယ့် တောင်သူ တွေဈေးမရဖြစ်နေတယ်လို့ နာနတ်သီးစိုက်ပျိုးသူတွေဆီက သိရပါတယ်။
Yangon_Times/NN
#Local_News
#Published_ 13 June 2024
#YMG #Yangon_Times #Yangon_Media_Group
မိုးရာသီမှာလှည်းကူးရှိ လယ်ဝောာအိမ် Farm အချို့မှာ ရာသီအလိုက်စပါးစိုက်တာ၊ မှိုစိုက်တာတွေ လေ့လာနိုင်မှာဖြစ်သလို စက်ဘီးစီး၊ ငါးမျှား၊ ပန်းချီဆွဲ၊ ဂိမ်းကစား၊ စာဖတ်တာနဲ့ Wifi Freeပေးထားလို့ အရေးပေါ်အစည်း အဝေးတက်တာ အင်တာနက်လိုင်းအသုံးပြုတာတွေ အတွက်ပါ အဆင်ပြေမှာဖြစ်ပါတယ်။
Yangon_Times/tthl
#Local_News
#Published_ 13 June 2024
#YMG #Yangon_Times #Yangon_Media_Group
Published 13 June 2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးစေတီတော် တောင်တက်လမ်းအပေါ်ဘက်ခြမ်း၊ စခန်းလေးအနီးတွင် မြေပြိုမှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
ဇွန်လ ၁၃ရက် နံနက် ၈နာရီ ဝန်းကျင် ခန့်က ကျိုက်ထီးရိုး တောင်တတ်ကားလမ်း ၇မိုင် ၆ဖာလုံ အနီး မြေသားပြိူကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မြေသားပြိုကျမှုကြောင့် ကားလမ်းမပေါ်သို့ ခန့်မှန်းပေ ၁၀၀ခန့် မြေသားများ ဖုံးအုပ် သွားခဲ့ကြောင်း လူမှုကူညီရေးအသင်းများထံကသိရသည်။
လက်ရှိ တွငိ မြေသားပြိုကျသည့်နေရာသို့ ကျိုက်ထီးရိုးနယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ တောင်တက်အသင်းဝင်များ၊ ဈေးသူဈေးသားများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လမ်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 13 June 2024
#YMG #Yangon_Times #Yangon_Media_Group
Published_ 13 June 2024
ယခုကျောင်းဖွင့်ရာသီ၊ပထမရက်တွင် ရန်ကုန်တိုင်း လှိုင်သာယာမြိုနယ်၊အမှတ် (၄၂) အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများကို တရုတ်(CFRD)ဖောင်ဒေးရှင်းမှ အာဟာရဒါန အစား အသောက်များကျွေးမွေလှူဒါန်းခြင်း၊ စားနပ်ရိက္ခာများလှူဒါန်းခြင်းများဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာတရုတ်သံရုံးမှသိရသည်။
တရုတ်နိုင်ငံ ကျေးလက်ဖွံဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (CFRD) အနေဖြင့် မြန်မာနိုင်ငံ၏ ဒေသအများအပြားမှာ CFRD’s Smiling Children Program ကို ဖော်ဆောင်ကြပြီး အခြေခံပညာကျောင်းမှ ကျောင်းသားကျောင်းသူများ အတွက် အစားအသောက်များကျွေးမွေးခြင်း၊ စားနပ်ရိက္ခာများပေးဝေခြင်းဖြင့် ကလေးငယ်များ ကျန်းမာစွာ ကြီးထွားစေရန် ကူညီပေးခဲ့ကာ တရုတ်ပြည်သူများရဲ့ ချစ်ခြင်းမေတ္တာနှင့် ချစ်ကြည်ရေး သံယောဇဉ်ကို လက်ဆင့်ကမ်းပေးပို့ခဲ့သည်ဟုဆိုသည်။
ယင်း CFRD’s Smiling Children Program သည် ၂၀၂၂ ခုနှစ်မှာ မြန်မာနိုင်ငံကို စတင်ဝင်ရောက်လာပြီး မြန်မာနိုင်ငံရှိ ကျောင်းပေါင်း ၅၄ ကျောင်းမှ မူလတန်း ကျောင်းသားကျောင်းသူ ၁၂၀၀၀ ကျော်ကို အကျိုးပြုခဲ့ပြီး ငတ်မွတ်မှုကင်းစင်ခြင်း၊ ပညာရေးမြှင့်တင်ခြင်းနှင့် အမျိုးသမီးများလုပ်ငန်းခွင်ဝင်မှုကို တိုးမြှင့်ပေးခြင်းစသည့် ကဏ္ဍတွေမှာ ထင်ရှားစွာအကျိုးဖြစ်ထွန်းစေခဲ့တဲ့အတွက် ဒေသခံပြည်သူများ၏ အသိအမှတ်ပြုခြင်းကို ခံရကြောင်း သံရုံး၏ထုတ်ပြန်ချက်၌ဖော်ပြထားသည်။
Yangon_Times/tthl
#Local_News
#Published_ 13 June 2024
#YMG #Yangon_Times #Yangon_Media_Group
Published 13 June 2024
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ပန်းလှိုင်ဂေါက်ကွင်းအနီး ရန်ကုန်မြစ်အတွင်းတွင် စက်လှေ(၁)စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ဇွန်လ ၁၂ရက်နေ့လယ် (၂)နာရီ (၃၇)မိနစ်အချိန်ခန့်က စက်လှေ(၁)စီး မီး လောင်မှုဖြစ်ပွားခဲ့ရာ (၄)နာရီခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်းသိရသည်။
အဆိုပါ စက်လှေ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ လှိူင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးနှင့် ဘုရင့်နောင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးတို့ မှ ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 13 June 2024
#YMG #Yangon_Times #Yangon_Media_Group
Page 363 of 1968