#Local_News
Published 15 September 2025

▪️ ၂၀၂၅ အာဆီယံဈေးရောင်းပွဲတော်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု လက်မှု ပစ္စည်းများ၊ မြန်မာလ္ဘက်ရည်နှင့် မြန်မာ့ကျောက်စိမ်းရတနာများကို ပါဝင်ပြသခဲ့ကြောင်း သိရသည်။

▪️ အဆိုပါ ဈေးရောင်းပွဲတော်ကို ယခုလ၁၃ရက်က ဖနောင်ပင်မြို့မှ စစ်သံမှူးနှင့် စစ်သံရုံးဝန်ထမ်းမိသားစုများက ဖနောင်ပင်မြို့အခြေစိုက် အာဆီယံသံရုံးများနှင့် ပူးပေါင်း၍ မလေးရှားသံရုံး၌ကျင်းပခဲ့ကြောင်း သိရသည်။

▪️ ဈေးရောင်းပွဲတော်သို့ ကမ္ဘောဒီးယားနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဝန်ကြီး H.E. Mr. Prak Sokhonn က အထူးဧည့်သည်တော်အဖြစ် တက်ရောက်၍ အဖွင့်မိန့်ခွန်းပြောကြား ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ထို့နောက် အာဆီယံ သံရုံးများက သက်ဆိုင်ရာနိုင်ငံအလိုက် ရိုးရာသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး မြန်မာသံရုံးမှ ထာဝရမြန်မာသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။

▪️ အာဆီယံဈေးရောင်းပွဲတော်ကို နံနက် (၀၉၃၀)အချိန်မှ ညနေ (၁၆၀၀)အချိန်ထိ ကျင်းပခဲ့ရာ မြန်မာသံရုံးမှ မုန့်ဟင်းခါး၊ ငှက်ပျောသီးစနွင်းမကင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု လက်မှုပစ္စည်းများ၊ မြန်မာလ္ဘက်ရည်နှင့် မြန်မာ့ကျောက်စိမ်းရတနာများကို ခင်းကျင်းပြသရောင်းချခဲ့ကြောင်း သိရသည်။

#YMG/SW #Yangon_Times