#Local_News
Published 15 September 2025
▪️ ရန်ကုန်တိုင်းအပါအဝင်တိုင်းနှင့်ပြည်နယ်အချို့၌ မိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းနေပြီး ယင်းမိုးတိမ်တောင်များ ရွေ့လျားရာတစ်လျှောက်၌ ရေကြီး၊မြေပြိုခြင်းနှင့်သဘာဝ ဘေးများကျရောက်နိုင်၍ ကြိုတင်သတိထားကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့မနက်ပိုင်းက တိုက်တွန်းထားသည်။
▪️ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အား အနည်းငယ်မှ အားအသင့်အတင့် ရှိနေပြီး ယနေ့ညနေအထိခန့်မှန်းချက်အရနေပြည်တော်၊ ပဲခူးတိုင်း၊ မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ကချင်၊ ကယား နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းနှင့် ရခိုင်ပြည်နယ် တို့တွင်နေရာကွက်၍ မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်းသိရသည်။
▪️ ထို့အပြင် ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီ တိုင်း၊ တနင်္သာရီတိုင်း၊ ကချင်၊ ကရင်၊ မွန်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုထားကြောင်းသိရသည်။
#YMG/NN #Yangon_Times