၁၇ ဩဂုတ် ၂၀၂၄
မြန်မာနိုင်ငံမှ တရားမဝင်တင်သွင်းလာတဲ့ အသားနှင့် မွေးမြူရေးထုတ်ကုန်အစားအစာတွေကို အမေရိကန်နိုင်ငံအနှံ့ လက်လီ ဆိုင်တွေမှာ ရောင်းချ နေတာကို အမေရိကန်နိုင်ငံ့ လယ်ယာထွက်အစားအစာဘေးကင်းရေးနှင့် စစ်ဆေးရေးဌာန Agriculture’s Food Safety and Inspection Service ကရှာဖွေတွေ့ရှိတဲ့အတွက် ကျန်းမာရေးသတိပေးချက်ထုတ်ပြန်ပြီး ဆိုင်တွေကနေ ဖယ်ရှားပေးဖို့ ညွှန်ကြားခဲ့တဲ့အကြောင်း အမေရိကန်ဒေသဆိုင်ရာမီဒီယာတစ်ခုဖြစ်တဲ့ နယူးအင်္ဂလန် ကေဘယ်လ်ကွန်ယက်က သတင်းဖော်ပြပါတယ်။
အမေရိကန်ဟာ မြန်မာနိုင်ငံမှ အသားနှင့် မွေးမြူရေးထုတ်ကုန်များ ရောင်းချတာကို ခွင့်မပြုထားပါဘူး။
ပုံမှန်စစ်ဆေးမှုတွေပြုလုပ်စဉ်မှာ အဆိုပါ မြန်မာနိုင်ငံထုတ် အစားအစာများတွေ့ရှိခဲ့တာဖြစ်ပြီး အဆိုပါအစားအစာများနှင့် ပတ်သက်လို့ ဆိုးကျိုးတစ်စုံတစ်ရာဖြစ်ခဲ့တယ်ဆိုတဲ့သတင်းတွေတော့ မရှိသေးပါဘူးလို့လည်း သတင်းကဆိုပါတယ်။
အဲဒီအစားအစာတွေကို ရောင်းချတဲ့မည်သည့်ရက်ပဲဖြစ်ဖြစ် စွန့်ပစ်ကြဖို့ အာဏာပိုင်တွေက တောင်းဆိုထားပါတယ်။
အဲဒီ မြန်မာနိုင်ငံထုတ်အစားအစာတွေက Grandmaအမှတ်တံဆိပ် စည်သွတ်အစားအစာများ၊ စံပြဒေါ်ကြည် ငါးခူမုန့်ဟင်းခါး၊ထိမိဂွိ မော်လမြိုင် ငါးခူမုန့်ဟင်းခါးတွေ ဖြစ်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
Ref: NECBNW
သုံးနှစ်ကျော်ကာလအတွင်း ပဲခူးတိုင်းဒေသကြီးကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း၂၀၀ကျော် ဝင်ရောက်ထားတယ်လို့ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီက သိရပါတယ်။
#Local_News
Published 17 August 2024
#နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု #ဒေါ်လာသန်း၂၀၀ကျော်ဝင်ရောက်
#YMG/NN #Yangon_Times
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူတွေအနေနဲ့ ဆေးတက္ကသိုလ်တွေ၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်တွေနဲ့ ဆေးပညာနှီးနွှယ်တက္ကသိုလ်တွေကို ဝင်ခွင့်လျှောက်ထားနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 17 August 2024
#ဆေးဘက်ဆိုင်ရာတက္ကသိုလ် #ဝင်ခွင့်ခေါ်ယူ
#YMG/tthl #Yangon_Times
ထောပတ်သီး အထွက်နည်းပါးချိန်မှာထွက်ရှိတဲ့ ဗီယက်နမ်မျိုးတွေ ဈေးကောင်းရနေတယ်လို့ မြန်မာနိုင်ငံထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းက
သိရပါတယ်။
#Local_News
Published 17 August 2024
#ထောပတ်သီးအထွက်နည်ပါး #ဗီယက်နမ်မျိုးများဈေးကောင်းရ
#YMG/NN #Yangon_Times
၁၇ ဩဂုတ် ၂၀၂၄
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေး တွမ်ဆူလီဗန်၊ USAID လက်ထောက်အုပ်ချုပ်ရေးမှူး မိုက်ကယ်ရှစ်ဖာတို့ဟာ NUG နှင့် NUCC ၊အဓိကခုခံရေးအဖွဲ့တွေ၊ KNU ၊ KNPP နှင့် CNFတို့မှ ဦးဆောင်သူတွေနှင့် ဩဂုတ် ၁၆ ရက်သောကြာနေ့က အွန်လိုင်းပေါ်ကနေ တွေ့ဆုံခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်ကို ကိုးကားပြီး ရိုက်တာ သတင်းက ဖော်ပြရေးသားပါတယ်။
အွန်လိုင်းအစည်းအဝေးမှာ အရပ်သားအစိုးရ အသွင်ကူးပြောင်းရေးကို ကူညီဖို့နှင့် လက်ရှိ နစက ကို ဖိအား ဆက်လက်ပေးနေဖို့ သဘောတူခဲ့ကြတယ်လို့လည်း အဆိုပါသတင်းအရသိရပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံလာရောက်ပြီးဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံကာ နောက်တစ်ရက် မှာ လာအို၊မြန်မာနှင့်ထိုင်းနိုင်ငံခြားရေးဝန်ကြီးတွေနှင့်အတူ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မြန်မာနိုင်ငံကိုအကူအညီပေးဖို့ ဝမ်ယိ က တိုက်တွန်းခဲ့အပြီးမှာ အမေရိကန်အရာရှိများနှင့် အတိုက်အခံတွေ အွန်လိုင်း အစည်းအဝေးလုပ်ခဲ့ကြတာဖြစ်ပါတယ်။
အစည်းအဝေးမှာ နစကကို ဖိအားဆက်ပေးနေဖို့ အရေးကြီးတယ်လို့ သဘောတူခဲ့ကြပါတယ်။
“ အမေရိကန်အနေနှင့် သူတို့ပေါင်းစည်းညီညွတ်မှုကို တည်ဆောက်ရာမှာ ကူညီနိုင်ဖို့အတွက် ဒီမိုကရေစီလိုလားသူတွေကို တိုက်ရိုက်အကူအညီတွေတိုးချဲ့ပေးသွားမှာဖြစ်ပါတယ်။ပြည်သူဝန်ဆောင်မှုအလုပ်တွေနှင့် လိုအပ်နေတဲ့နေရာတွေမှာ လူသားချင်းစာနာထောက်ထား မှု အကူအညီတွေကို ပေးအပ်နိုင်ဖို့ သူတို့ရဲ့လုပ်နိုင်စွမ်းတွေတိုးတက်အောင်ကူညီမှာပါ” လို့ အမေရိကန်အရာရှိတွေက ပြောတယ်လို့ ရိုက်တာကရေးပါတယ်။
နှစ်ဘက်စလုံးက မြန်မာနိုင်ငံရဲ့ အကျပ်အတည်း အဆုံးသတ်စေဖို့အတွက် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်တွေနှင့် အာဆီယံတို့အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းနှင့် လက်တွဲလုပ်ဆောင်ဖို့လည်း သဘောတူခဲ့ ကြတယ်လို့ဆိုပါတယ်။
ခပ်စောစောပိုင်းကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက မြန်မာနိုင်ငံအခြေအနေဟာ စိတ်ပူစရာဖြစ်ပြီး အိမ်နီးချင်း နိုင်ငံတွေအနေနှင့် ပဋိပက္ခတွေတားဆီးဖို့အတွက် စီးပွားရေးနှင့်လူမှုအခြေအနေတွေဖန်တီးရေးကူညီရာမှာ မြန်မာ နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုတွေတိုးမြှင့်လုပ်ဆောင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်လို့ ရိုက်တာက သတင်းဖော်ပြပါတယ်။
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအတွင်းကူပြောင်းရေးကို အားပေးထောက်ခံပြီး လက်ရှိအကျပ်အတည်းကိုဖြေရှင်းမယ့်နည်းလမ်း ရှာဖွေနေတဲ့ ဒေသဆိုင်ရာ အစီအစဉ်ကိုလည်း ထောက်ခံတယ်လို့ ဝမ်ယိကပြောထားတာဖြစ်ပါတယ်။
Ref: Reuters
#Local_News
Published 17 August 2024
▪️ ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး၌ ယနေ့မနက်ပိုင်းက ယာဉ်တစ်စီးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ မှသိရသည်။
▪️ ဩဂုတ် ၁၇ ရက်နေ့၊ မနက် ၃ နာရီ၂၀မိနစ် အချိန်ခန့် က ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၃၄/၇)နှင့် (၁၄၃/၆)ကြားတွင် ကား(၁)စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ဗောဓိကုန်းအမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၃ နာရီ ၅၀ မိနစ် အချိန်တွင် မီးငြိမ်းခဲ့ ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 17 August 2024
▪️ အကယ်ဒမီကျော်ဟိန်းဓာတ်ပုံနှင့် သူ၏လက်သုံးစကားများကို ခွင့်ပြုချက်မရှိဘဲတီရှပ်၌ ပုံနှိပ်ပြီးရောင်းချအသုံးပြုမိ၍ တီရှပ်များပုံနှိပ်ရောင်းချသည့်လုပ်ငန်းလုပ်ကိုင်သူဦးအောင်ခန့်ပိုင်မှ နိုင်ငံပိုင်သတင်းစာမှ တစ်ဆင့် ပြန်တောင်းပန်လိုက်ကြောင်း သိရသည်။
▪️ အကယ်ဒမီကျော်ဟိန်းဓာတ်ပုံနှင့် သူ၏လက်သုံး စကားဖြစ်သည့် "လူသားအားလုံးကို လေးစားပါတယ်"ဆိုသည့်စာသားကို တီရှပ်ပေါ်တွင် ရိုက်နှိပ် ထုတ်လုပ်ပြီးရောင်းချခြင်း၊ အမှတ်ရပေးခဲ့ခြင်းများဆောင်ရွက်ခဲ့သည့်အတွက် ပုဏ္ဏကအမည်ဖြင့် တီရှပ်များပုံနှိပ်ရောင်းချသည့်လုပ်ငန်းလုပ်ကိုင်သူ ဦးအောင်ခန့်ပိုင်က အကယ်ဒမီကျော်ဟိန်းနှင့်ပတ်သက်၍ မူပိုင်ခွင့်ရှိသည့် အကယ်ဒမီကျော်ဟိန်း၏ဇနီး ဒေါ်ခင်သန်းနွယ်အေးနှင့်မိသားစုဝင်များကို နိုင်ငံပိုင်သတင်းစာမှ တစ်ဆင့် ပြန်တောင်းပန်လိုက်ခြင်းဖြစ်သည်။
▪️ သရုပ်ဆောင် အကယ်ဒမီကျော်ဟိန်းနှင့် ပတ်သက်သည့် အနုပညာကိစ္စအဝဝနှင့်တရားတော်များ၊ ဓာတ်ပုံများကို အကယ်ဒမီကျော်ဟိန်း၏ဇနီး PENTA LUCKY Service ကုမ္ပဏီ၏ မူပိုင်ခွင့်အဖြစ်မှတ်ပုံတင်သွင်းထားခြင်းဖြစ်သည်။
▪️ သို့ဖြစ်၍ သရုပ်ဆောင် အကယ်ဒမီကျော်ဟိန်းနှင့် ပတ်သက်သည့်ရုပ်ရှင်ဇာတ်ကားများ၊တေးသီချင်းများ၊ တေးသီချင်းစာသားများ၊ စာပေဝတ္ထုများ၊ ဓာတ်ပုံများ အစရှိသည့် အနုပညာကိစ္စအဝဝကို ဒေါ်သန်းနွယ်အေးနှင့်သားသမီး(၃)ဦးတို့၏ ခွင့်ပြုချက်မပါဘဲ မသုံးစွဲရန်နှင့် အသုံးပြုပါက ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်းလည်း နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် အသိပေးကြေညာထားကြောင်းလည်း သိရသည်။
#YMG/tthl #Yangon_Times
Page 358 of 2031