#Local_News
Published 18 August 2025
▪️ ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏတွင်ကျင်းပသော ၂၀၂၅ ခုနှစ် တိုင်းနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲ၌ ရန်ကုန်တိုင်းအသင်းမှ စုပေါင်းတံခွန်စိုက်ဆုဖလားဆွတ်ခူးခဲ့ ကြောင်း မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်မှ သိရသည်။
▪️ အဆိုပါ မြန်မာ့သိုင်းပြိုင်ပွဲကို ဩဂုတ်လ၁၅ ရက်မှ ၁၇ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ကာ တိုင်းနှင့်ပြည်နယ်၁၄ခု(ကယားမပါ) အင်အား၃၅၁ကဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း ၊ဗန်တိုကျား၅၅ ယောက်နှင့် အမျိုးသမီး ၃၁ဦး စုစုပေါင်း၈၆ဦး၊ဓါး၁-၂ကျား/မ ပေါင်း၇၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။
▪️ " တိုင်းနဲ့ပြည်နယ် ၁၄ခုကဝင်ရောက်ယှည်ပြိုင်ကြပြီး ရန်ကုန်တိုင်း ကိုယ်စားပြုအသင်းက ယောက်ကျားလေးရောမိန်းကလေးရော အကုန်ဆုရရှိခဲ့ပါတယ် " ဟု (ကမ္ဘောဇ နန်းတွင်း လိုင်းခူးကါချန့် သိုင်းပြောင်းပြန် ပင်မဆရာကြီး)ဖြစ်သူ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်၊ရန်ကုန်တိုင်းသိုင်းဆပ်ကော်မတီ နာယကဆရာကြီးဦးကြည်ဝင်းက YMG သို့ပြောသည်။
▪️ အဆိုပါ ဆုပေးပွဲအား သြဂုတ် ၁၇ ရက်ညနေပိုင်းကကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့်ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်တက်ရောက်ခဲ့ကြောင်း၊
ထိုသို့တက်ရောက်ပြီးနောက် စုပေါင်းတံခွန်စိုက်ဆုဖလားရရှိသည့် ရန်ကုန်တိုင်းအသင်းကို စုပေါင်းတံခွန်စိုက်ဆုဖလားပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
▪️ ထို့ပြင် ရန်ကုန်တိုင်း၊ အားကစားနှင့်ကာယပညာကော်မတီနာယက၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းမှလည်း အမျိုးသမီးတံခွန်စိုက်ဆုဖလားနှင့် အမျိုးသားတံခွန်စိုက်ဆုဖလားရရှိသည့် ရန်ကုန်တိုင်းအသင်းကို တံခွန်စိုက်ဆုဖလားများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
▪️ ထို့အတူ အမျိုးသမီးတစ်ကိုယ်တော် ဓားတစ်လက် အပြပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး တစ်ကိုယ် တော် လှံရှည်အပြပြိုင်ပွဲ၊ အမျိုးသားအတွဲလိုက် (၁+၃)ဓားရှည်ဝိုင်းထွက်ပြိုင်ပွဲ၊ အမျိုးသား/အမျိုး သမီး(၅၀-၅၅)ကီလို ဓားနှစ်လက်အတိုက်ပြိုင်ပွဲ၊ အမျိုးသမီး(၄၅-၄၉)ကီလိုအတိုက်ပြိုင်ပွဲ၊ အမျိုး သား(၄၉-၅၃)ကီလိုအတိုက်ပြိုင်ပွဲတို့တွင် ဆုရရှိသူများကို ဆုတံဆိပ်နှင့်ငွေသားဆုများကို တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 18 August 2025
▪️ ယနေ့ နံနက်ပိုင်းမှ စတင်ကာ မြန်မာ – ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၂)ကို မြန်မာဖက်ခြမ်းမှ ယာယီပိတ်လိုက်ကြောင်း သိရသည်။
▪️ မြန်မာ – ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၂)သည် မြန်မာ – ထိုင်းနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ မြဝတီမြို့မှ မဲဆောက်မြို့သို့ဖြတ်သန်းသွားလာရသော တံတားဖြစ်ပြီး လက်ရှိတွင် ထိုင်းဘက်မှ မြန်မာဘက်ခြမ်းသို့ဝင်မည့်ကုန် ကားများလည်း ပိတ်မိနေကြောင်း၊ မြဝတီ-မဲဆောက် အမှတ်(၂)ချစ်ကြည်ရေးတံတားအား ယာယီပိတ်လိုက်သော်လည်း ချစ်ကြည်ရေးတံတားအမှတ်(၁)တွင် ခရီးများနှင့်ခရီးသည်ပို့ဆောင်ရေး ယာဉ်များ ပုံမှန်သွားလာလျက်ရှိကြောင်း သိရသည်။
▪️ တံတားယာယီပိတ်ခြင်းမှာ မှန်ကန်ကြောင်း ၊ သို့သော် မည်သည့် အကြောင်းကြောင့် ပိတ်ခြင်းနှင့် မည်သည့်အချိန်တွင်ပြန်လည်ဖွင့်လှစ်မည်ကို မသိရှိရသေးကြောင်း မြဝတီမြို့ခံတစ်ဦးက ပြောသည်။
▪️ ထိုသို့ တံတားမပိတ်မီကပင် နှစ်နိုင်ငံနယ်စပ် ချစ်ကြည်ရေးတံတားအနီး မဲဆောက်မြို့ဘက်ခြမ်းတွင် မြန်မာဘက်သို့သွားမည့် ထိုင်းကုန်စည်တင်ကားအစီးရေ ၅၀၀ခန့် ပိတ်မိနေကြောင်း ထိုင်း PBS သတင်းတွင် ဖော်ပြထားသည်။
#YMG/SW #Yangon_Times
#Local_News
Published 18 August 2025
▪️ ယခုတစ်ပတ်အတွက် စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ အမြင့်ဈေး၌တန်းပြီးငြိမ်နေကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန်ကြေညာထားသည်။
▪️ ယနေ့ ဩဂုတ် ၁၈ ရက်မှ ၂၄ အထိ ရောင်းချရမည့် ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင်
ငွေကျပ် ၆၂၈၅ အဖြစ်သတ်မှတ်ထားသည်။
▪️ စားအုန်းဆီ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ ပြီးခဲ့တဲ့လနှောင်းပိုင်းကစတင်မြင့်တက်လာခဲ့ရာ လေးပတ်တာအတွင်း
တစ်ပိဿာကို ကျပ် ၂၃၀ မြင့်တက်လာခဲ့ကြောင်းသိရသည်။
▪️ ထိုသို့မြင့်တက်လာခဲ့သော်လည်း ယခုအပတ်တွင်မူ ယခင်အပတ်နှုန်းထားအတိုင်းတစ်ပိဿာလျှင် ၆၂၈၅ ကျပ်အထိသာ ဈေးငြိမ်နေကြောင်း သိရသည်။
▪️ အဆိုပါထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် အသိပေးထားသည်။
▪️ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ်တနင်္လာနေ့တိုင်း ထုတ်ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm၊ Facebook Page နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တို့တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
၁၈ ဩဂုတ် ၂၀၂၅
မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို ၂၀၂၅ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်၊ တနင်္ဂနွေနေ့တွင် စတင်ကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ ဩဂုတ် ၁၈ ရက်နေ့တွင် သတင်းထုတ်ပြန်ကြေညာပါတယ်။
အဆိုပါဒီဇင်ဘာ ၂၈ ရက်နေ့သည် အထွေထွေရွေးကောက်ပွဲ အပိုင်း၁ ဖြစ်၍ ဆက်လက်ကျင်းပမည့် အပိုင်းလိုက်နေ့ရက်များကို ထုတ်ပြန်ပေးသွားမယ်လို့လည်း ရွေးကောက်ပွဲကော်မရှင်ရဲ့ထုတ်ပြန်ကြေညာ ချက်မှာဖော်ပြပါရှိပါတယ်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာနောက်ဆုံးပတ်နှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီပထမပတ်များအတွင်း အထွေထွေရွေးကောက်ပွဲများကို ကျင်းပပေးသွားမယ်လို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောဆိုထားပြီးနောက် ရွေးကောက်ပွဲကော်မရှင်၏ ယခုကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။
#ymg/knl

ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့ မဂ်လာအခမ်းအနားကို ရန်ကုန်မြို့ရှိ တိုင်းရင်းသားကျေးရွာမှာ ဒီကနေ့စည်ကားစွာကျင်းပခဲ့ရာ အရင်နှစ်တွေနဲ့မတူဘဲ ကျွှဲဒုံးအကတွေ ၊Fashion Show တွေနဲ့ပါ ဖျော်ဖြေတင်ဆက်ခဲ့တယ်လို့သိရပါတယ်။
#Local_News
Published 16 August 2025
#ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မဂ်လာအခမ်းအနား #Fashion_Show
#YMG/NN #Yangon_Times
ရန်ကုန်တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီက
ဟိုတယ်လုပ်ငန်းကဏ္ဍအတွက် ကျပ်သန်းပေါင်း ၁၇၅၀၀ ရင်းနှီးမြှုပ်နှံခွင့်ပြုပေးခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ သိရပါတယ်။
#Local_News
Published 16 August 2025
#ဟိုတယ်လုပ်ငန်းကဏ္ဍ #ရန်ကုန်တိုင်းဒေသကြီး
#YMG/NN #Yangon_Times
#Daily_News
Published 16 August 2025
၁။ နောင်ချိုမြို၌ မြန်မာ့စီးပွားရေးဘဏ်ခွဲ ပြန်လည်ဖွင့်လှစ်
၂။ အိမ်ခြံမြေ ဈေးကွက်အတွင်း စီးပွားရေးအချက်အချာကျသည့် နေရာရှိ တိုက်ခန်းများ ငှားရမ်းလိုမှုမြင့်တက်လာ
၃။ ဟိုတယ်လုပ်ငန်းကဏ္ဍအတွက် ကျပ်သန်းပေါင်း ၁၇,၅၀၀ ရင်းနှီးမြှုပ်နှံခွင့်ပြု
၄။ တရုတ်နှင့်ရုရှားရေတပ်တို့ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုအမျိုးမျိုးအောင်မြင်စွာပြုလုပ်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 357 of 2443