#Daily_News
Published 18 October 2024
၁။ ရွှေတိဂုံစေတီတွင် မီးစေတီပူဇော်ပွဲ၊ ဆီမီးပူဇော်ပွဲ၊ အဘိဓမ္မာအခါတော်နေ့နဲ့ ဆွမ်းသိမ်းအောင်ပွဲကျင်းပခဲ့
၂။ ပုဂံ၌ မြင်းလှည်းအစီးရေ၁၃၀ ခန့်ဖြင့် ဝန်ဆောင်မှုပေးနေပြီး ရိုးရာချစ်မြတ်နိုးသူများစီးနင်းနေဆဲဟုဆို
၃။ သုခဒဂုံပြည်သူ့အငှါး အိမ်ရာတတိယအသုတ်အိမ်ခန်း ငှါးရမ်းခွင့်အတွက် ယခုလ နောက်ဆုံးပတ်၌ မဲနှိုက်ရမည်
၄။ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အစိုးရအဖွဲ့ခေါင်းဆောင်များ အစည်းအဝေး ပါကစ္စတန်တွင်ကျင်းပခဲ့... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ရင်ပြင် သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့်ဂီတပွဲတော်မှာစားအုန်းဆီ 5 Liters ဗူး(ဆီ၂ပိဿာ၇၅ကျပ်သား)ကို ဈေးနှုန်းသက်သာစွာရောင်းချပေးနေတယ်လို့ သိရပါတယ်။
#Local_News
Published 18 October 2024
#စားအုန်းဆီရောင်းပေး #ပြည်သူ့ရင်ပြင်
#YMG/tthl #Yangon_Times
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ သုခဒဂုံပြည်သူ့အငှါးအိမ်ရာတတိယ အသုတ်အိမ်ခန်းငှါးရမ်းခွင့်ရရှိနိုင်ရန် အခုအောက်တိုဘာလ နောက်ဆုံးပတ်မှာမဲနှိုက်ခွင့်ရမယ်လို့ သုခဒဂုံပြည်သူ့အငှားအိမ်ရာ၊ အိမ်ခန်းနေရာချထားရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ သိရပါတယ်။
#Local_News
Published 18 October 2024
#သုခဒဂုံပြည်သူ့အငှါးအိမ်ရာ #နောက်ဆုံးပတ်၌မဲနှိုက်
#YMG/NN #Yangon_Times
သီတင်းကျွတ်ပွဲတော်ကာလ ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ခရီးသွားတွေအတွက် မြင်းလှည်းအစီးရေ (၁၃၀)ကျော်ဝန်းကျင်ခန့်နဲ့ ဝန်ဆောင်မှုပေးနေပြီး ရိုးရာဓလေ့ချစ်မြတ်နိုးသူတွေအနေနဲ့ စီးနင်းမှုများပြားနေဆဲ ဖြစ်တယ်လို့ ပုဂံမြင်းလှည်းအသင်းက သိရပါတယ်။
#Local_News
Published 18 October 2024
#ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေ #ပုဂံမြင်းလှည်း
#YMG/NN #Yangon_Times
ရွှေတိဂုံစေတီတော်ကြီးမှာ သီတင်းကျွတ်အဖိတ်နေ့နဲ့လပြည့်နေ့တို့မှာ မီးစေတီပူဇော်ပွဲ၊ ဆီမီး(၁၀၀၀၀)ပူဇော်ပွဲ၊ အဘိဓမ္မာအခါတော်နေ့နဲ့ ဆွမ်းသိမ်းအောင်ပွဲကျင်းပခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 18 October 2024
#ဆွမ်းသိမ်းအောင်ပွဲကျင်းပ #ရွှေတိဂုံစေတီ
#YMG/tthl #Yangon_Times
သီတင်းကျွတ်အခါသမယတွင် မြန်မာပြည်သူပြည်သားအားလုံး စိတ်နှလုံးအေးချမ်းကြပါစေ
YMG မိသားစု
#Local_News
Published 16 October 2024
▪️ ရန်ကုန်နှင့် မန္တလေးမြို့ရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ဝင်ခွင့်များလျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့လျှောက်ထားရာတွင် သာသနတက္ကသီလဓမ္မာစရိယတန်း(ပထမနှစ်)သင်တန်း ၊သာသနတက္ကသီလဓမ္မာစရိယတန်း(ပထမနှစ်)သင်တန်း၊ သာသနတက္ကသီလ မဟာဓမ္မာစရိယတန်း(ပထမနှစ်)သင်တန်းများအတွက် လျှောက်ထားနိုင်ကြောင်း သိရသည်။
▪️ သာသနတက္ကသီလဓမ္မာစရိယတန်း(ပထမနှစ်)သို့တက်ရောက်လိုသူ ရဟန်းတော်များသည် အစိုးရပထမကြီးတန်း၊ စေတိယင်္ဂဏစာသင်တန်း၊ သကျသီဟ စာသင်တန်းတစ်ခုခုအောင်မြင်ပြီး သက်တော် ၃၀ နှစ်၊ သိက္ခာ ၁၀ ဝါ အောက်ရှိရမည့် ရဟန်း/သာမဏေများနှင့် သာသနတက္ကသီလမဟာဓမ္မာစရိယတန်း(ပထမနှစ်)သို့ သာသနတက္ကသီလဓမ္မာစရိယဘွဲ့၊ သာသနဓဇဓမ္မာစရိယဘွဲ့၊ သကျသီဟဓမ္မာစရိယဘွဲ့နှင့် စေတိယင်္ဂဏဓမ္မာစရိယဘွဲ့တစ်ခုခုရရှိပြီး သက်တော် ၃၅ နှစ်၊ သိက္ခာ ၁၅ ဝါအောက် ရှိရမည့် ရဟန်း/ သာမဏေများ လျှောက်ထားနိုင်ကြောင်း သိရသည်။
▪️ ထို့အပြင် သာသနတက္ကသီလဓမ္မာစရိယတန်း(ပထမနှစ်) ဝင်ခွင့်လျှောက်ထားသော ရဟန်း/သာမဏေများသည် အစိုးရ ပထမကြီးတန်းနှင့်ညီမျှသော ဝိနည်းဆိုင်ရာ(၅)ပုစ္ဆာနှင့် အဘိဓမ္မာဆိုင်ရာ (၅)ပုစ္ဆာ၊ မေးခွန်းလွှာတစ်ခု၊ ပါဠိဆိုင်ရာ (၅) ပုစ္ဆာနှင့် အထွေထွေဗဟုသုတ(၅)ပုစ္ဆာ၊ မေးခွန်းလွှာတစ်ခုကို တစ်ရက်စီ စုစုပေါင်း နှစ်ရက် ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
▪️ သာသနတက္ကသီလ မဟာဓမ္မာစရိယတန်း(ပထမနှစ်) ဝင်ခွင့်လျှောက်ထားသော ရဟန်း/ သာမဏေများမှာမူ သာသနတက္ကသီလဓမ္မာစရိယတန်း(စတုတ္ထနှစ်)နှင့်ညီမျှသည့် ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာကို ပထမနေ့တွင် (က) အတ္ထယောဇနာ၊ (ခ) ဝါကျသဒ္ဒါ၊ (ဂ) အဓိပ္ပာယတ္ထ၊ (ဃ) ခေတ်လေ့လာနည်းအားဖြင့် (၁၀)ပုစ္ဆာဖြေဆိုရမည် ဖြစ်ကြောင်း ၊ ဒုတိယနေ့တွင်မူ ပါဠိ၊ မြန်မာ၊ အင်္ဂလိပ်၊ ပြန့်ပွားဘာသာအားဖြင့် (၁၀)ပုစ္ဆာဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ သာသနာ့တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို ၁၃၈၆ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက် (တနင်္လာနေ့နှင့် အစိုးရရုံးပိတ်ရက်များမှအပ)စတင်ထုတ်ပေးသွားမည် ဖြစ်ပြီး ၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက်၊ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက် နောက်ဆုံးထားပြီး သက်ဆိုင်ရာ တက္ကသိုလ်များ၏ မော်ကွန်းထိန်းရုံးတို့တွင် တင်သွင်းနိုင်ကြောင်း သိရသည်။
▪️ အသေးစိတ်သိရှိလိုသော အချက်များကို နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(ရန်ကုန်) မော်ကွန်းထိန်းရုံး ဖုန်း ၀၉-၅၄၀ဝ၈၂၈၊ ၀၉-၄၂၅၀၀၈၇၂၈နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(မန္တလေး) မော်ကွန်းထိန်းရုံး ဖုန်း ၀၉-၂၀၃၅၅၇၂၊ ၀၉-၂၅၀၂၃၀၇၉၁ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 357 of 2095