#Local_News
Published 20 September 2025

▪️ နှစ်(၁၀၀)ခန့်သက်တမ်းရှိသည့် မော်ကွန်းရုပ်ရှင်ရုံးခွဲအဆောက်အအုံပြီးစီးပါကမြန်မာ့ရုပ်ရှင်လောကဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် သင်တန်းများ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှသိရသည်။

▪️ အဆိုပါမော်ကွန်းရုပ်ရှင်ရုံးခွဲအဆောက်အအုံသည် ၁၉၂၅ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ယခုအခါနှစ် ၁၀၀ ခန့် သက်တမ်းရှိကာ ယခင်က မော်ကွန်းရုပ်ရှင်ကားများ ရိုက်ကူးတည်းဖြတ်၊ ထုတ်လုပ်ခြင်း၊ ရုပ်ရှင်ဇာတ်ကားများ ဆင်ဆာကြည့်ရှုခြင်း၊ ရုပ်ရှင်ထူးချွန်ဆုများ စိစစ်အကဲဖြတ်ခြင်း လုပ်ငန်းများကိုဆောင်ရွက်ခဲ့သည့် အဆောက်အအုံဖြစ်သည်။

▪️ ယင်းအဆောက်အအုံ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ပြီးစီးပါက မြန်မာ့ရုပ်ရှင်လောကဖွံ့ဖြိုးရေးအတွက် လိုအပ်သည့်သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

▪️ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း သည် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌနှင့်အတူ ရန်ကုန်မြို့ဗဟန်းမြို့နယ် ကုက္ကိုင်းရိပ်သာလမ်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ ဖလင်ပိဋကတ်တိုက်အတွင်း ရုပ်ရှင်ဖလင်များ ဒစ်ဂျစ်တယ်စနစ်ဖြင့် ထိန်းသိမ်းဆောင်ရွက်ထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တန်ဖိုးမဖြတ်နိုင်သည့် မော်ကွန်းရုပ်ရှင်ဖလင်များအား ဒစ်ဂျစ်တယ်စနစ်ဖြင့် စနစ်တကျထိန်းသိမ်းဆောင်ရွက်ရေးနှင့် လိုအပ်သည့် သင်တန်းများဖွင့်လှစ်ဆောင်ရွက်ရေးတို့ကို ဆွေးနွေးပြောကြားကာ ယခင်မော်ကွန်းရုပ်ရှင်ရုံးခွဲအဆောက်အအုံ ပြင်ဆင်ထိန်းသိမ်းနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

#YMG/NN #Yangon_Times