Published_ 10 February 2024
ယခု၂၀၂၄ခုနှစ်အတွင်း EVကား ကုမ္ပဏီ ၅၀ ကျော်ကို တင်သွင်းခွင့် ထပ်မံခွင့်ပြုပေးထားကြောင်အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ သိရသည်။
ထိုသို့ခွင့်ပြုရာတွင် EV လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ယခု ၂၀၂၄ ခုနှစ်တွင် ကုမ္ပဏီ ၅၁ ကို ထပ်မံခွင့်ပြုပေးလိုက်ခြင်းဖြစ်ကာပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင်ကုမ္ပဏီ ၃၀ ကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ယခု၂၀၂၄ ခုနှစ်တွင် EV လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကုမ္ပဏီ ၈၁ ခုကို တာဝန်ပေးထားပြီး သတ်မှတ်ချက်နှင့် ကိုက်ညီသည့် ကုမ္ပဏီများကို သွင်းကုန်လိုင်စင် ထုတ်ပေးမည်ဖြစ် ကြောင်း သိရသည်။
Yangon_Times/NN
#Local_News
#Published_ 10 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 10 February 2024
ယာဉ်အန္တရာယ်ကင်းရှင်းအောင် လမ်းညွှန်း (၂၁၀၅၇)ခု၊လမ်းအမှတ်အသားနှင့်အချက်ပြအမှတ်အသားများကိုပြင်ဆင်ပေးခဲ့ကြောင်း သိရသည်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၅ ရက်အထိ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် ကြီးကြပ်ရေးအဖွဲ့များအလိုက် Road Safety Audit ဆောင်ရွက်မှု စုစုပေါင်း ၃၇၁၇ ကြိမ် ဆောင်ရွက်နိုင်ခဲ့ပြီး လမ်းညွှန်း ၂၁၀၅၇ ခု၊ အလျားလိုက်မျဉ်း အမှတ် အသား ၁၂၂၄ မိုင် ၃ ဒသမ ၄ ဖာလုံ ၄၄၄ ပေ၊ ကန့်လန့်ဖြတ်မျဉ်း အမှတ်အသား ၁၁၉၅ ခု၊ အခြားလမ်းအမှတ် အသား ၁၁၁၆၁ ခုနှင့် အချက်ပြ ၁၁၁၈ ခု ပြင်ဆင်ဆောင်ရွက်နိုင်ခဲ့ရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြင်ဆင်ဆောင်ရွက်ရန်လိုအပ်မှု၏ ၈၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးခဲ့သည်ကို စိစစ်တွေ့ရှိရသည်ဟုနည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ တစ်ပြေးညီဖြစ်စေရေးဗဟိုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်ကလုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင်ထည့်သွင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး တစ်နှစ်ကျော်ကာလအတွင်း ဗဟိုကြီးကြပ်ရေးအဖွဲ့အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ရှစ်ခု၌ မြေပြင်ကွင်းဆင်းစစ်ဆေးမှု (၁၆) ကြိမ်ဆောင်ရွက်ခဲ့ပြီး လမ်းပိုင်းနေရာ ၆၀ ၌ Road Safety Audit ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ ထို့ပြင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြေပြင်တွင် အများစု လွဲမှားလေ့ရှိသည့်အချက် ၁၉ ချက်ကို အမြန်ဆုံးပြန်လည်ပြင်ဆင်ရမည့် အနိမ့်ဆုံးအခြေခံသတ်မှတ်ချက်များအဖြစ် ဖော်ထုတ်ဖြန့်ဝေထားပြီးဖြစ်ရာ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကြီးကြပ်ရေးအဖွဲ့များအနေဖြင့် အလေးထား အကောင်အထည်ဖော်ဆောင်ရွက်ကြရန်ဖြစ်ကြောင်းနှင့်
အသစ်ဆောင်ရွက်မှုအနေဖြင့် လမ်းညွှန်း ၂၃၄၆၂ ခု၊ အလျားလိုက်မျဉ်း အမှတ်အသား ၁၁၉၃ မိုင် သုည ဒသမ ၁၅ ဖာလုံ ၁၄၃ ပေ၊ ကန့်လန့်ဖြတ်မျဉ်း အမှတ်အသား ၂၀၆၉ ခု၊ အခြားလမ်းအမှတ်အသား ၈၆၅၀ နှင့် အချက်ပြ ၁၉၀ ထပ်မံဆောင်ရွက်နိုင်ခဲ့ပြီး အသစ်ဆောင်ရွက်ရန်လိုအပ်မှု၏ ၅၁ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း ပြောကြားခဲ့သည်။
အစည်းအဝေးတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ ရန်ကုန်- မန္တလေးအဝေးပြေးလမ်း (လမ်းဟောင်း) တစ်လျှောက် လမ်းလယ်မျဉ်းအမှတ်အသားများ တစ်ပြေးညီပြည့်စုံမှန်ကန်စွာ ဆောင်ရွက်ရေးနှင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်များအလိုက် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ကြီးကြပ်ကွပ်ကဲခြင်းများ ဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြောင်းသိရသည်။
Yangon_Times/tthl
#Local_News
#Published_ 10 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 10 February 2024
ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများထဲမှ လာရောက်အခွန်ထမ်းဆောင်သူဦးရေ ၃၆၀၀၀ ဦးခန့် ရှိပြီဖြစ်ပြီး အခွန်ပေးသွင်းမှု အထောက်အထား (ငွေရပြေစာ) ကို နေ့ချင်းပြီး ထုတ်ပေးနေကြောင်း ဘန်ကောက်မြို့ရှိ မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရသိရသည်။
အခွန်စတင်ကောက်ခံသည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ (၁၃)ရက်မှ ၂၀၂၃ ခုနှစ်ဖေဖော်ဝါရီ (၈) ရက်အထိ ၃၅၉၁၉ ဦး လာရောက်အခွန်ထမ်းဆောင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
၎င်းအပြင် စက်ရုံ၊ အလုပ်ရုံနှင့် လုပ်ငန်းခွင်များတွင် စုစည်းအလုပ်လုပ်ကိုင်နေသူများအနေဖြင့် တစ်ဦးချင်း လာရောက်အခွန်ထမ်းဆောင်ရန် မလိုအပ်ဘဲ စက်ရုံအစီအစဉ်ဖြင့် ကိုယ်စားလှယ် တစ်ဦး အား အခွန်ထမ်းဆောင်မည့်သူများကိုယ်စား မြန်မာသံရုံးသို့ စေလွှတ်၍ ဆောင်ရွက်နိုင်ကြောင်း သိရသည်။
အဆိုပါ ကိုယ်စားလှယ်သည် နိုင်ငံကူးလက်မှတ်၌ ရေးသွင်းထားသောအမည် (Name of Passport)၊ ကျား/ မ (Gender)၊ နိုင်ငံကူးလက်မှတ်အမှတ် (Passport Number)၊ မွေးသက္ကရာဇ် (Date of Birth)၊ နိုင်ငံကူးလက်မှတ်ထုတ်ပေးရက်စွဲ (Date of Issue)၊ နိုင်ငံကူးလက်မှတ် ကုန်ဆုံးမည့်ရက် စွဲ (Date of Expire)၊ အခွန်ထမ်းဆောင်ထားသော မြန်မာလုပ်သားများအနေဖြင့် မြန်မာသံရုံး (ဗန်ကောက်) နှင့် ကောင်စစ်ဝန်ချုပ်ရုံး (ချင်းမိုင်) သို့ အကြောင်းကိစ္စရှိ၍ လာရောက် ပါက အခွန်ပေးသွင်းမှုအထောက်အထား (ငွေရပြေစာ) ကို ယူဆောင်လာကြရန် အသိပေးထားကြောင်းသိရသည်။
ထို့အပြင် အခွန်ထမ်းဆောင်လိုသည့် မြန်မာနိုင်ငံသားများ အနေဖြင့် မြန်မာသံရုံးသို့ ရုံးဖွင့်ရက်များ၌ နေ့စဉ်လာရောက်အခွန်ထမ်းဆောင်လျက်ရှိပြီး မြန်မာသံရုံးအနေဖြင့် အခွန်ပေးသွင်းမှု အထောက်အထား (ငွေရပြေစာ) ကို နေ့ချင်းပြီး ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ အခွန်ထမ်းပြည်သူများသည် အခွန်ပေးသွင်းမှုအထောက်အထား (ငွေရပြေစာ) များကို စနစ်တကျသိမ်းဆည်းကြရန် လိုအပ်ပြီး မြန်မာနိုင်ငံသို့ ပြန်ရောက်ချိန်တွင် မြို့နယ်ပြည်တွင်းအခွန်ဦးစီးဌာန၌ ဤငွေရပြေစာကို ပြသ၍ ငွေဖြူ (အခွန်ကင်းလွတ်ခွင့်ငွေ) တွက်ချက်ပြီး မြေကွက်၊ နေအိမ်၊ တိုက်ခန်း၊ မော်တော်ယာဉ် စသည်တို့ ဝယ်ယူရာတွင် ဝင်ငွေခွန်ကင်းလွတ်ခွင့် ရရှိရေးအတွက် အသုံးပြုနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။
Yangon_Times/NN
#Local_News
#Published_ 10 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 10 February 2024
လာမည့် ဖေဖော်ဝါရီ ၂၈ရက်မှ မတ် ၁၇ရက်အထိ ဥဇဘတ်ကစ္စတန်နိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှအမျိုးသမီး ယူ-၂၀ AFC U20 Women’s Asian Cup Uzbekistan 2024 ပြိုင်ပွဲအတွက် မြန်မာအမျိုးသမီး အကူဒိုင်လူကြီး ဖြစ်သူ ဒေါ်ဝင့်ဝါထွန်း တာဝန်ပေးအပ်ခံရကြောင်းမြန်မာနိုင်ငံဘောလုံး အဖွဲ့ ချုပ်မှ သိရသည်။
အဆိုပါ အသက် ၂၉နှစ် အရွယ် ဒေါ်ဝင့်ဝါထွန်းသည် ၂၀၁၇ခုနှစ်တွင် အကူဒိုင်လူကြီးအဖြစ် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၀ပြည့်နှစ်တွင် ဖီဖာအဆင့် အကူဒိုင်လူကြီးဖြစ်လာခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံကိုယ်စားပြု အမျိုးသမီး အကူဒိုင်လူကြီးအဖြစ် အာဆီယံအဆင့် AFF ပြိုင်ပွဲ ၂ကြိမ်နှင့် အာရှအဆင့် AFC ပြိုင်ပွဲ ၃ကြိမ် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။
ယခု ပြိုင်ပွဲသည် သူမအတွက် ၄ကြိမ်မြောက် AFC ပြိုင်ပွဲဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 10 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 10 February 2024
ဖေဖော်ဝါရီ ၁၀ ရက်နေ့ နံနက်အစောပိုင်းက ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၅၈/၅)ဖာလုံအနီးတွင် သစ်ဆန်း ခရီးသည်ကား ၊ ခိုင်မန္တလေး ခရီးသည်ကား ၊ Toyota RAV 4(အဖြူရောင်) ကား၊ Super Custom(အဖြူရောင်) နှင့် Toyota Caldina (လိမ္မော်ရောင်) ကားတို့ တိုက်မိမှုဖြစ်ခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့ထံကသိရသည်။
အဆိုပါယာဉ် ၅ စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ခြင်းကြောင့် ၂ ဦး ေ-သဆုံးကာ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် သစ်ဆန်း ခရီးသည်ယာဉ်နှင့် ခိုင်မန္တလေး ခရီးသည်ယာဉ်ပေါ်ပါ ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်းသိရသည်။
Toyota RAV 4(အဖြူရောင်)ယာဉ်ပေါ်ပါ အမျိုးသား (၃)ဦး၊ အမျိုးသမီး (၃)ဦး၊ စုစုပေါင်း(၆)ဦး အနက် အမျိုးသား (၁)ဦး (သေဆုံး)၊ အမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ အမျိုးသမီး (၂)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)၊ အမျိုးသမီး(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သည်။
Super Custom(အဖြူရောင်)ယာဉ်ပေါ်ရှိ အမျိုးသား (၁)ဦး၊ အမျိုးသမီး(၂)ဦး စုစုပေါင်း (၃)ဦး အနက်၊ အမျိုးသား (၁)ဦး (သေဆုံး)၊ အမျိုးသမီး (၂)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်းသိရသည်။
Toyota Caldina (လိမ္မော်ရောင်)ယာဉ် ပေါ်ရှိ အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)တို့အား သာဂရအမြန်လမ်းမီးသတ်မှ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးခဲ့ပြီး ဆွာလူမှုကူညီရေးအသင်းနှင့် မြို့သစ်လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်များဖြင့် တောင်ငူပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 10 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 9 February 2024
မော် လမြိုင်မြို့၌ ရေတွင်းထဲပြုတ်ကျသည့် စိတ်ကျန်မာရေးမကောင်းသူအား ယနေ့မနက်ပိုင်းတွင် ကူညီကယ်ဆယ်နိုင်ခဲ့ကြောင်း ဘိုဘိုဝင်းRescueအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။
' ဒီနေ့နံနက်၅နာရီအချိန်မှာ မော်လမြိုင်မြို့ မုပွန်ရပ်ကွက်၊ ကျောက်တန်းလမ်းမကြီးဘေး နေအိမ်က ရေတွင်းထဲ ခန့်မှန်ချိန် နံနက်၄နာရီအချိန် လောက်က ပြုတ်ကျသူ အမျိုးသမီး၁ဦး(စိတ်ကျန်မာရေးမကောင်းသူ)အား ရေတွင်းထဲမှ အသက်ရှင်ရက် အောင်မြင်စွာ ကူညီ ကယ်ဆယ်နိင်ခဲ့ပါတယ် ' ဟု ဘိုဘိုဝင်းRescueအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ က ပြောကြား သည်။
ဖြစ်စဥ်မှာ မော်လမြိုင်မြို့ မုပွန်ရပ်ကွက်၊ ကျောက်တန်းလမ်းမကြီးဘေး နေအိမ်ရှိရေတွင်းထဲကို ခန့်မှန်းချိန် နံနက် ၄ နာရီအချိန်ခန့်က အမျိုးသမီးတစ်ဦး ပြုတ်ကျခဲ့ရာ မနက် ၆ နာရီ ဝန်းကျင်မှာ ရေတွင်းထဲမှ အသက်ရှင်လျက် အောင်မြင်စွာ ကူညီ ကယ်ဆယ်နိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါ ရေတွင်းသည် အနက် ပေ ၈၀ ကျော်ခန့်ရှိပြီး ပြုတ်ကျသည့် အမျိုးသမီးသည် ရေတွင်းအတွင်းပိုင်းရှိ အုတ်စွန်းအထစ်တစ်ခုကို ဖက်တွယ်ထားနိုင်ခဲ့သောကြောင့် အောက်အထိ ပြုတ်ကျနစ်မြုပ်ခဲ့ခြင်းမရှိကြောင်း သိရသည် အဆိုပါ အမျိုးသမီးကို မော်လမြိုင်မြို့ မီးသတ်တပ်ဖွဲ့ဝင်များမှ ရေတွင်းထဲသို့ တွဲဆိုင်းကြိုး၊ လှေကားများဖြင့် ဆင်းကာ ကူညီကယ်ဆယ်ခဲ့ပြီး ဘိုဘိုဝင်း လူမှုကူညီရေးအသင်းပိုင် သူနာတင်ယာဥ်ဖြင့် မော်လမြိုင်ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Yangon_Times/NN
#Local_News
#Published_ 9 February 2024
#YMG #Yangon_Media_Group #Yangon_Times
#Daily_News
Published_ 9 February 2024
၁။ ဆံတော်ရှင်မော်တင်စွန်းဘုရားပွဲတော် မတ်လအတွင်းကျင်းပမည်၊ EVကားဖြင့် ပါလာရောက်လည်ပတ်သူများရှိနေ
၂။ တစ်လလျှင် တန်ချိန် (၁) သိန်းခွဲခန့်ဖြင့် ဆန်ကွဲ၊ ပေါင်းဆန်နှင့် တန်းမြင့်ဆန် (၅ မတ်ဆန်) များကိုသာ ဦးစားပေး တင်ပို့သွားမည်
၃။ ပုပ္ပါးတောင်မကြီးပေါ် သန့်ရှင်းရေးအတွက် စိတ်ပါဝင်စားသူများ စုပေါင်းပြီး အမှိုက်ကောက်ကမ်ပိန်းပြုလုပ်မည်
၄။ ဂျာကာတာမှ ဘန်ဒန်သို့ပြေးဆွဲသည့် အမြန်ရထားလမ်းကြောင့် အင်ဒိုနီးရှား ဧည့်ခရီးသွားလုပ်ငန်းအတွက် လွယ်ကူတိုးတက်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Page 352 of 1753