၂၅ ဩဂုတ်၊၂၀၂၅-
တရုတ်နိုင်ငံရှိ တရားရုံးတစ်ခုတွင် အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦးက သူမ၏ အသက် ၁၉ နှစ် အရွယ် ချစ်သူကောင်လေးကို မြန်မာနိုင်ငံရှိ အွန်လိုင်းလိမ်လည်မှုဂိုဏ်းတစ်ခုသို့ ယွမ် ၁၀၀,၀၀၀ (အမေရိ ကန်ဒေါ်လာ ၁၄,၀၀၀) ဖြင့် ရောင်းချခဲ့သည့်အမှုအား ကြားနာစစ်ဆေးမည်ဖြစ်သည်။
ဟွမ်ဟု လူအများကသိကြသည့် အဆိုပါလူငယ်သည် ၎င်း၏မိသားစုမှ ယွမ် ၃၅၀,၀၀၀ (အမေရိကန် ဒေါ် လာ၄၈,၀၀၀)ပေးပြီးပြန်ရွေးခဲ့သဖြင့် ယခုနှစ်ဇွန်လကုန်တွင် လိမ်လည်သူဂိုဏ်းမှ ပြန်လည်လွတ်မြောက် လာခဲ့သည်။
သူသည် ထိုနေရာတွင် လေးလနီးပါးကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး မကြာခဏ ရိုက်နှက်ခံရကာ နောက်ဆုံးတွင် နားမကြားဖြစ်ခဲ့ရသည်။
ဟွမ်၏အစ်မက သူမ၏အစ်ကို ကြုံတွေ့ခဲ့ရသည့် ဒုက္ခများကို အွန်လိုင်းတွင် မျှဝေခဲ့ပြီးနောက် ဤအမှု သည် တရုတ်ပြည်မကြီးရှိ လူမှုမီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် လူအများ စိတ်ဝင်စားခြင်း ခံခဲ့ရကြောင်း တရုတ်နိုင်ငံထုတ် Xiaoxiang Morning Herald သတင်းစာက ဖော်ပြသည်။

ဟွမ်သည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် တောင်ပိုင်း ကွမ်တုံပြည်နယ်၊ ကွမ်ကျိုးမြို့ရှိ ဘိလိယက် ခန်းမတစ်ခုတွင် သူ့ချစ်သူဖြစ်သူ ကျိုးနှင့် တွေ့ဆုံခဲ့သည်။ ဟွမ်သည် သူမအား ချစ်မိသွားပြီးနောက် သူမ ငှားရမ်းထားသည့် တိုက်ခန်းသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။
ကျိုးက သူမသည် အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ်မှဖြစ်ကြောင်းနှင့် သူမ၏မိဘများသည် တစ်နိုင်ငံ လုံးတွင် ရင်းနှီးမြှုပ်နှံမှုများ ရှိကြောင်း ဟွမ်အား ပြောပြခဲ့သည်။
ဟွမ်သည် အလုပ်လက်မဲ့ဖြစ်နေသောကြောင့် ကျိုးက သူ့မိသားစုက လုပ်ငန်းအချို့ လုပ်ကိုင်နေသည့် မြန်မာနိုင်ငံတွင် အလုပ်ရှာရန် သူမက သူ့ကို စည်းရုံးခဲ့သည်။
ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ဟွမ်သည် မိသားစုကို မပြောဘဲ ကျိုးနှင့်အတူ ထိုင်းနိုင်ငံသို့ လေယာဉ်ဖြင့် ထွက်ခွာခဲ့သည်။
“သူ့ရဲ့ ဆိုရှယ်မီဒီယာပို့စ်ကို မြင်မှပဲ သူ ထိုင်းရောက်နေပြီဆိုတာ သိလိုက်ရတယ်” ဟု ဟွမ်၏အစ်မက ပြောသည်။
ထို့နောက် ထိုစုံတွဲသည် ထိုင်း-မြန်မာနယ်စပ်သို့ သွားခဲ့ကြပြီး လက်နက်ကိုင်အမျိုးသားတစ်ဦးက သူတို့ကို လာရောက်ခေါ်ဆောင်သွားခဲ့ကာ ဟွမ်၏ နိုင်ငံကူးလက်မှတ်နှင့် မိုဘိုင်းဖုန်းကို သိမ်းယူခဲ့သည်။
ဟွမ်က သူ့ဖုန်းနှင့် ခဏလောက် ဆော့ကစားရန် ခွင့်ပြုပေးရန် ကျိုးကို တောင်းပန်ခဲ့ပြီး သူမက သဘော တူခဲ့သည်။ သူသည် မိသားစုကို အကူအညီတောင်းသည့် မက်ဆေ့ချ်ပို့ရန် ဖုန်းကို အသုံးပြုခဲ့ပြီး မိသားစု ကလည်း တရုတ်ရဲတပ်ဖွဲ့ထံ ချက်ချင်းဖုန်းခေါ်ဆိုခဲ့သည်။
ထို့နောက် ဟွမ်သည် မြန်မာနိုင်ငံရှိ Kaixuan ဟုခေါ်သော အဆောက်အအုံဝင်းတစ်ခုသို့ ရောက်ရှိ သွားခဲ့ကြောင်း၊ ထိုနေရာတွင် သူ့ဆံပင်ကို ရိတ်ပစ်ခံခဲ့ရပြီး သူ့ကို တယ်လီကွန်းလိမ်လည်မှုများ လုပ် ဆောင်ရန် လေ့ကျင့်ပေးခဲ့ကြောင်း ဟွမ်က ပြောသည်။
သူသည် တစ်နေ့လျှင် ၁၆ နာရီမှ ၂၀ နာရီအထိ အလုပ်လုပ်ခဲ့ရသည်။ သို့သော်လည်း သားကောင် တစ်ဦးတစ်ယောက်ကိုမျှ အောင်မြင်စွာ လိမ်လည်နိုင်ခြင်း မရှိသည့်အတွက် အဆောက်အအုံဝင်းရှိ မန်နေဂျာများက သူ့ခါးကို သံတုတ်ဖြင့် မကြာခဏရိုက်နှက်ပြီး သူ၏နားရွက်များကိုပါ ဖြတ်ရိုက်ခဲ့ကြသည်။
ရလဒ်အနေဖြင့် ဟွမ်သည် နားမကြားတော့ဘဲ ကိုယ်အလေးချိန် ၁၀ ကီလိုဂရမ်ကျော် ကျသွားခဲ့သည်။
ဂိုဏ်းခေါင်းဆောင်က ဟွမ်ကိုဝယ်ရန်အတွက် ကျိုးကို ယွမ် ၁၀၀,၀၀၀ ပေးခဲ့ရသည့်အတွက် ဟွမ်၏ မိသားစုမှ လျော်ကြေးအချို့ပေးနိုင်ပါက ဟွမ်ကို ပြန်လွှတ်ပေးရန် နောက်ပိုင်းတွင် ဆုံးဖြတ်ခဲ့သည်။
မြန်မာနိုင်ငံရှိ Chaoshan ကုန်သည်များအသင်း၏ အကူအညီဖြင့် ရွေးရမည့်ငွေပမာဏကို ညှိနှိုင်း ခဲ့ပြီးနောက် ဂိုဏ်းခေါင်းဆောင်က ယွမ် ၃၅၀,၀၀၀ ဖြင့် သဘောတူခဲ့ခြင်းဖြစ်သည်ဟုသိရသည်။
ဟွမ်သည် ဇွန်လတွင် တရုတ်နိုင်ငံသို့ ပြန်လာခဲ့သည်။ သူ၏ချစ်သူကောင်မလေးသည် ထိုင်းနိုင်ငံတွင် ၁၀ ရက်ကြာ ခရီးသွားခဲ့ပြီးနောက် တရုတ်နိုင်ငံသို့ ပြန်ရောက်သည့်အခါ ဖမ်းဆီးခံခဲ့ရသည်။
.အဆိုပါအမှုကို မူလက ဇူလိုင်လကုန်တွင် ကြားနာစစ်ဆေးရန် စီစဉ်ထားသော်လည်း လူသိရှင်ကြား မကြေညာထားသည့် ရက်တစ်ရက်သို့ ရွှေ့ဆိုင်းထားသည်။
ဟွမ်၏အစ်မဖြစ်သူ၏ ပြောပြချက်အရ နိုင်ငံခြားတိုင်းပြည်တွင် သက်သေအထောက်အထားများ စုဆောင်းရန် ခက်ခဲသောကြောင့် ဤအမှုသည် ရှုပ်ထွေးကြောင်း ရဲအရာရှိများက သူမကို ပြောခဲ့သည်ဟုသိရသည်။
“အချစ်ရူးရူးနေတဲ့ ကျွန်မမောင်လေးဟာ သူ့ချစ်သူကောင်မလေးရဲ့ ဦးနှောက်အကျင်းခံလိုက်ရတာပါ” ဟု ဟွမ်၏အစ်မက ပြောသည်။ “ဒီကောင်မလေးက အသက် ၁၇ နှစ်ပဲ ရှိသေးတယ်။ ဒီလောက် ရက်စက် တဲ့အလုပ်မျိုးတွေ လုပ်လိမ့်မယ်လို့ ဘယ်သူထင်မိမှာလဲ” ဟု သူမက ပြောသည်။
Source : South China Morning Post

ဩဂုတ် ၂၄ ၊၂၀၂၅
မြန်မာနိုင်ငံ ရှမ်းပြည်နယ်ရှိ ကမ္ဘာကျော် သမိုင်းဝင် ဂုတ်ထိပ်တံတားကို မိုင်းခွဲဖျက်ဆီးခဲ့သည့် TNLA နှင့် PDF အကြမ်းဖက်အဖွဲ့များကို ပြင်းထန်စွာ လက်တုန့်ပြန်သွားမည်ဟု အစိုးရသတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက သတိပေးပြောကြားလိုက်ပါတယ်။
“ တစ်နိုင်ငံလုံးက ဂုဏ်ယူရပြီး အများပြည်သူတွေသုံးစွဲနေတဲ့ ဒီတံတားကို ဖျက်ဆီးလိုက်တဲ့လုပ်ရပ်ဟာ TNLA နှင့် PDF အကြမ်းဖက်သောင်းကျန်းသူတွေက ရက်စက်ယုတ်မာမှုဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့အနေနှင့် ပြင်းထန်တဲ့ လက်တုန့်ပြန်မှုတွေ ဆက်လက်ဆောင်ရွက် သွားပါမယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းမီဒီယာများကို ပြောကြားပါတယ်။
“ တံတားကြီးပြန်လည်ပြင်ဆင်ဖို့ဆိုတာက သုံးသပ်ချက်အရတော့ တော်တော်နှင့် လုပ်နိုင်မယ် မထင် သေးဘူး” ဟုသူကဆက်လက်ပြောဆိုပါတယ်။
ဩဂုတ် ၂၄ တနင်္ဂနွေက မနက် ၉နာရီ ၁၀မိနစ်ခန့်တွင် နောင်ချိုမြို့နှင့် ကျောက်မဲမြို့ကို ဆက်သွယ်ထားသည့် အဆိုပါ ဂုတ်ထိတ်တံတားကို မြောက်ဖက်ခြမ်းတွင် TNLA နှင့် PDF အကြမ်းဖက်သောင်းကျန်းသူများက မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ပါတယ်။
အဆိုပါမိုင်းခွဲဖျက်စီးမှုကြောင့် သံမဏိတံတားဘောင်ပျက်စီးသွားပြီး အုတ်တံတားဘောင်လည်းပျက်စီး သွား ခဲ့ကြောင်းသိရှိရပါတယ်။
ဂုတ်ထိပ်တံတားသည် ကမ္ဘာကျော် သမိုင်းဝင်တံတားကြီးတစ်ခုဖြစ်ပြီး ၁၈၉၉ ခုနှစ် ဧပြီလတွင် စတင် ဆောက်လုပ်ခဲ့ပြီး ၁၉၀၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်တွင် တံတားတည်ဆောက်မှုပြီးစီးခဲ့သည်ဟု မှတ်တမ်း များတွင် ဖော်ပြထားပါတယ်။
တောင်ထိပ် ၂ ခုကို ဆက်သွယ်ထားသည့် ၂၂၆၀ ပေအမြင့်ရှိသော အဆိုပါ ဂုတ်ထိပ်တံတားကို ထိုစဉ်က မြန်မာပြည်အစိုးရသည် အမေရိကန်နိုင်ငံ ပင်ဆီလဗေးနီးယားနှင့် မေရီလန် တံတား ဆောက်လုပ်ရေး ကုမ္ပဏီအား ငှါးရမ်းကာ ဆောက်လုပ်စေခဲ့တာဖြစ်ကြောင်းသိရပါတယ်။
ဂုတ်ထိပ်တံတားသည် ဒုတိယကမ္ဘာစစ်ကြီးအတွင်း မဟာမိတ်များနှင့် ဂျပန်စစ်တပ်တို့၏ နှစ်ကြိမ်တိုင် ဖျက်စီးခြင်းခံခဲ့ရပြီး လွတ်လပ်ရေးရပြီး ၁၉၄၈ ခု၊ မေလတွင် မြန်မာအစိုးရ မီးရထားဌာနက ပြန်လည်ပြု ပြင်မှုများလုပ်ခဲ့ရပါတယ်။၁၉၅၁ ခု၊ ဩဂုတ်လတွင် ပြုပြင်မှုပြီးစီးခဲ့ကြောင်း မှတ်တမ်းများတွင် ဖော်ပြ ထားပါတယ်။
ယခုတစ်ဖန် မြန်မာနိုင်ငံတွင် တပ်မတော်၏ ထိုးစစ်ကြောင့် စစ်ရှုံးနေသည့် TNLA အကြမ်းဖက် သောင်းကျန်းသူများက ရည်ရွယ်ချက်ရှိရှိ ဖျက်စီးခဲ့ခြင်းဖြစ်ပါတယ်။
#ymg/knl
အခုအပတ်အတွင်းပြင်ပရွှေတစ်ကျပ်သားကို ကျပ်သုံးသိန်းနှစ်သောင်း ဝန်းကျင်အထိကျဆင်းလာတယ်လို့ ရွှေဈေးကွက်ထဲကသိရပါတယ်။
#Local_News
Published 23 August 2025
#ရွှေ #ရွှေတစ်ကျပ်သား
#YMG/NN #Yangon_Times
#Daily_News
Published 23 August 2025
၁။ ဗဟိုအမျိုးသမီးဆေးရုံကြီးကို စံပြဆေးရုံအဖြစ်လုပ်ဆောင်ရန်တိုက်တွန်း
၂။ တက္ကသိုလ်ဝင်ခွင့်များစက်တင်ဘာလ(၂)ရက်တွင်စတင်လျှောက်ထားနိုင်
၃။ MTSH အစုရှယ်ယာတစ်စုလျှင် အမြတ်ဝေစု ငွေကျပ်(၁၉၀)ရရှိမည်
၄။ တရုတ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတည်ထောင်ခြင်းနှစ်(၆၀)ပြည့်အထိမ်းအမှတ်သို့ ရှီကျင့်ဖျင်တက်ရောက်ဂုဏ်ပြု... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
မြန်မာသီလဝါ အက်(စ်)အီးဇက်ဟိုးဒင်းအများပိုင်ကုမ္ပဏီ (MTSH) ရဲ့ အစုရှယ်ယာရှင်တွေအနေနဲ့ အစုရှယ်ယာတစ်စုကို အမြတ်ဝေစု ငွေကျပ် (၁၉၀) ရရှိမှာဖြစ်တယ်လို့ နှစ်ပတ်လည်အစီရင်ခံစာမှာဖော်ပြထားပါတယ်။
#Local_News
Published 23 August 2025
#မြန်မာသီလဝါအက်(စ်)အီးဇက်ဟိုးဒင်း #MTSHအစုရှယ်ယာတစ်စု
#YMG/SW #Yangon_Times
ငလျင်ကြောင့် ဆူနာမီဖြစ်ပေါ်နိုင်မှုရှိ/မရှိ အခြေအနေတွေနဲ့ပတ်သက်ပြီး Yangon Media Group မှ မြန်မာနိုင်ငံငလျင်ကော်မတီဒုတိယဥက္ကဌ ဒေါ်ရီရီငြိမ်းနဲ့ တွေ့ဆုံမေးမြန်းခဲ့တာကို တင်ဆက်ပေးလိုက်ပါတယ်။
#Local_News
Published 23 August 2025
#ဆူနာမီ #ငလျင်
#YMG/SW #Yangon_Times
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ထားသူတွေအနေနဲ့လာမယ့် စက်တင်ဘာလ(၂)ရက်မှစတင်ကာ တက္ကသိုလ်ဝင်ခွင့်များစတင်လျှောက်ထားနိုင်ပြီဖြစ်တယ်လို့အဆင့်မြင့်ပညာဦးစီးဌာနမှသိရပါတယ်။
#Local_News
Published 23 August 2025
#တက္ကသိုလ်ဝင်ခွင့် #တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ထားသူ
#YMG/SW #Yangon_Times
Page 349 of 2443