#Local_News
Published 4 April 2025
▪️ မြန်မာနိုင်ငံအတွက် WHO ၏ အရေးပေါ်ကျန်းမာရေးပစ္စည်းများ တန်ချိန် ၃၅ တန်ယမန်နေ့ကထပ်မံ ရောက်ရှိခဲ့ကြောင်း သိရသည်။
▪️ ထိုတန်ချိန် ၃၅ တန် ပစ္စည်းများမှာ မြန်မာနိုင်ငံတွင် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ခံစားနေရသူများအား အရေးပေါ်ကုသမှုပေးနိုင်ရန် WHO မှ Interagency Emergency Health Kits (IEHK) နှင့် Trauma & Emergency Surgery Kits အပါအဝင် အရေးပေါ်ဆေးဘက်ဆိုင်ရာပစ္စည်းများဖြစ်ကြောင်း၊
▪️ ယခုအကြိမ် ရောက်ရှိလာသည့်ဆေးဘက်ဆိုင်ရာအထောက်အပံ့ပစ္စည်းများ၏ ပမာဏနှင့် ငလျင်ဖြစ်ပွားပြီးနောက် WHO မှ ပေးပို့ခဲ့သော ဆေးဘက်ဆိုင်ရာပစ္စည်းများ၏ပမာဏသည် စုစုပေါင်း တန်ချိန် ၁၀၀ နီးပါးအထိ ရှိလာပြီဖြစ်ပြီး အထောက်အပံ့ပစ္စည်းများထဲတွင် အရေးကြီးသော ဆေးဝါးများ၊ ဒဏ်ရာကုသရေးပစ္စည်းများ၊ ခွဲစိတ်မှုဆိုင်ရာကိရိယာများနှင့် ရွေ့လျားကျန်းမာရေးတဲများ ပါဝင်ကြောင်း သိရသည်။
▪️ အဆိုပါ ပစ္စည်းများကို ငလျင်ဒဏ်အထိခိုက်ခံရဆုံးဒေသများသို့ ဖြန့်ဝေရန် အသင့်ပြင်ဆင်လျက်ရှိပြီး ဆေးရုံများနှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်နေသူများအနေဖြင့် အသက်ကယ်လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နိုင်ရန် အထောက်အကူပြုစေမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 4 April 2025
▪️ တရုတ်နိုင်ငံက မန္တလေးနှင့် နေပြည်တော်ရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် ယာယီကယ်ဆယ်ရေးစခန်းများ တည်ဆောက်ပေးခဲ့ပြီး အဆိုပါစခန်းများတွင် ဒုက္ခသည် ၉၀၀ ဦးခန့်အား လက်ခံထားရှိပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။
▪️ ဧပြီလ ၂ ရက်နေ့ ညနေပိုင်းတွင် တရုတ်နိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေရှင်းနှင့် ဒေသခံအင်အားစုတို့ ပူးပေါင်းပြီး မန္တလေးမြို့၌ တရုတ်ကယ်ဆယ်ရေး ပစ္စည်းများကိုအသုံးပြု၍ ယာယီစခန်းတည်ဆောက်ပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါစခန်းသည် မတ်လ ၂၈ ရက်နေ့ မြန်မာနိုင်ငံ ငလျင်ဖြစ်ပွားပြီးနောက် ပထမဆုံးသော အပြည်ပြည်ဆိုင်ရာ ယာယီ ကယ်ဆယ်ရေးစခန်းဖြစ်ကြောင်း၊ ထို့နောက်CITIC MYANMAR ကုမ္ပဏီနှင့် တရုတ်နိုင်ငံကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေရှင်းတို့ ပူးပေါင်း၍ နေပြည်တော်တွင် ဒုတိယမြောက် ယာယီကယ်ဆယ်ရေးစခန်းကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ကြောင်း သိရသည်။
▪️ ထိုယာယီစခန်းများသည် ဒုက္ခသည် ၉၀၀ ဦးခန့်အား လက်ခံထားရှိပေးနိုင်မည် ဖြစ်ပြီးနောက်ပိုင်းတွင် တရုတ်မော်တော်ယာဉ်ကုမ္ပဏီ FAW သည် တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေရှင်းနှင့် ပူးပေါင်း၍ မန္တလေးနှင့် နေပြည်တော်မြို့များတွင် ယာယီစခန်းများ ထပ်မံတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ငလျင်ဒဏ်ကြောင့် မန္တလေး၊ နေပြည်တော်စသည့် ဒေသများ၏ အဆောက်အဦများ ဆိုးဝါးစွာ ပျက်စီးခဲ့ပြီး သောက်သုံးရေနှင့် လျှပ်စစ်မီးများ ပျက်တောက်ခဲ့သည့်အပြင် ၄၀ ဒီဂရီနီးပါးရှိသော အပူချိန်နှင့် ခြင်ယင်များကိုက်ခံရမှုတို့ကြောင့် ဘေးဒဏ်သင့်ပြည်သူများ၏ နေထိုင်မှုဘဝသည် အလွန်ခက်ခဲလှရာ တရုတ်နိုင်ငံအစိုးရ၊ အဖွဲ့အစည်းများနှင့် လုပ်ငန်းရှင်များသည် ဘေးအန္တရာယ်ဖြစ်ပွား ပြီးချိန်တွင် ချက်ချင်းကူညီပံ့ပိုးပေးခဲ့ပြီး ဘေးဒဏ်သင့်ပြည်သူများ ပြန်လည်နေရာချထားရေး၊ အထောက်အပံ့ပေးရေး၊ သောက်သုံးရေရရှိရေးနှင့် ကျန်းမာရေ ကူးစက်ရောဂါကာကွယ်ရေး လုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်ပေးခဲ့ကြောက်း၊ ဧပြီလ ၃ ရက်နေ့တွင် တရုတ်နိုင်ငံ၏ နိုင်ငံတကာကယ်ဆယ်ရေးနှင့်ဆေးကုသရေးအဖွဲ့ခွဲမှ မန္တလေးမြို့မင်္ဂလာဈေးအနီးရှိ ယာယီ ကယ်ဆယ်ရေးစခန်းတွင် ရောဂါတိုင်ပင်ဆွေးနွေးခြင်း၊ ဆေးစစ်ခြင်းနှင့် အနာပိုးသန့်စင်ခြင်းစသည့် အခြေခံကျန်းမာရေးဝန်ဆောင်မှုများ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times

၃ဧပြီ ၂၀၂၅
ငလျင်ဘေး ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် နီပေါနိုင်ငံ၏ အတွေ့အကြုံများကို မျှဝေပေးပါရန် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နီပေါနိုင်ငံဝန်ကြီးချုပ် Mr. K P Sharma Oli ကို ပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် BIMSTEC ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ဖို့ရောက်ရှိနေကြတဲ့ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နီပေါဝန်ကြီးချုပ်.Mr. K P Sharma Oli တိုံ
ယနေ့ ဧပြီလ ၃ရက်ညနေပိုင်း၌ ဘန်ကောက်ရှိ ရှန်ဂရီလာဟိုတယ်တွင် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။
နီပေါနိုင်ငံတွင် ၂၀၁၅ ခုနှစ်အတွင်း ငလျင်လှုပ်ခတ်ခဲ့စဉ်ကလည်းသေဆုံးသူ ၉၀၀၀ ကျော်ခန့်ရှိပြီး ထိခိုက်သူ ၂၃၀၀၀ ကျော်ရှိခဲ့တဲ့အတွက် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် အဆောက်အဦများ ပြန်လည်ထူထောင်ရေးအတွက်လည်းဆောင်ရွက်ခဲ့ရတယ်လို့ နီပေါဝန်ကြီးချုပ်က ပြောကြားခဲ့တဲ့အပေါ် ဗိုလ်ချုပ်မှူးကြီးက တုန့်ပြန်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း နစကရဲ့ သတင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
၂၀၁၅ ခုနှစ်၌ နီပေါငလျင်လှုပ်ခတ်ခဲ့စဉ်ကလည်း မြန်မာ့တပ်မတော်မှ ကယ်ဆယ်ရေးပစ္စည်းများကို အချိန်နှင့်တစ်ပြေးညီပေးပို့ကူညီပေးခဲ့သကဲ့သို့ ယခုမိမိတို့နိုင်ငံ၌ ငလျင်ဘေးဒဏ်ကျရောက်ချိန်၌လည်း အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးမှုများအတွက် ကျေးဇူးတင်ရှိတယ်လို့ ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီးက မြန်မာနိုင်ငံတွင် ဒီဇင်ဘာလ၌ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုတွေကို အသိပေးပြောကြားခဲ့ပြီး ဝန်ကြီးချုပ်နှစ်ဦးသည် နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်ဆောင်ရွက်မှုများ မြှင့်တင် ဆောင်ရွက်သွားမည့်အခြေအနေများ၊ ကုန်သွယ်ရေးကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ခရီးသွားကဏ္ဍနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှု များ မြှင့်တင်ဆောင်ရွက်သွားမည့်အခြေအနေတွေကို ဆွေးနွေး ခဲ့ကြတယ်လို့ သိရပါတယ်။
#Daily_News
Published 03 Apirl 2025
၁။ MCEF က ငလျင်ဘေးသင့် ပြည်သူများအတွက် ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးများ ကူညီပံ့ပိုးပေးမည်
၂။ ယခုလကုန်အထိ လိုင်စင်လျှောက်ထားရန်မလိုဘဲပို့ကုန်များတင်ပို့နိုင်မည်
၃။ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များမှ ကျပ်သိန်းတစ်သောင်းဝန်းကျင် လှူဒါန်းသွားမည်
၄။ ပြင်သစ်ဈေးကွက်မျှတရေးစောင့်ကြည့်အဖွဲ့က Appleအားယူရိုးသန်း(၁၅၀)ဒဏ်ရိုက်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်
#YMG #Yangon_Times #Yangon_Media_Group
ငလျင်ဘေးသင့်ဒေသတစ်ခုဖြစ်တဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ်ဒေသအချို့မှာမိုးရွာသွန်းနိုင်ပြီး တနင်္သာရီတိုင်းမှာတော့ မိုးသက်လေပြင်းကျရောက်နိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့မှာအသိပေးထားပါတယ်။
#Local_News
Published 03 Apirl 2025
#စစ်ကိုင်းတိုင်းနှင့်ဒေသအချို့ #မိုးသက် လေပြင်းကျရောက်
#YMG/NN #Yangon_Times
ငလျင်ဘေးခံစားနေရသူတွေကို ကျပ်သိန်းတစ်သောင်းဝန်းကျင် အထိ လှူဒါန်းသွားဖို့ရည်ရွယ်ထားတယ်လို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက အသိပေးထားပါတယ်။
#Local_News
Published 03 Apirl 2025
#ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင် #ကျပ်သိန်းတစ်သောင်းလှူဒါန်း
#YMG/NN #Yangon_Times
ပြည်ပနိုင်ငံတွေကို ပို့ကုန်တွေတင်ပို့ရာမှာ လျှောက်ထားရတဲ့ ပို့ကုန်လိုင်စင်ကို ယခုဧပြီလကုန်ထိလျှောက်ထားရန်မလိုဘဲပို့ကုန်တွေတင်ပို့ခွင့်ပြုမယ်
လို့စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။
#Local_News
Published 03 Apirl 2025
#ပြည်ပနိုင်ငံတွေကိုပို့ကုန်တွေတင်ပို့ #ဧပြီလကုန်ထိလျှောက်ထားရန်မလိုဘဲပို့ကုန်
#YMG/SW #Yangon_Times
Page 346 of 2276