#Local_News
Published 4 November 2024
▪️ မြန်မာအလုပ်သမား (၁၄၀၀) ဝန်းကျင်အား ဂျပန်ကုမ္ပဏီများမှ ခေါ်ယူသွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ထုတ်ပြန်ချက်အရ သိရသည်။
▪️ ထိုသို့ခေါ်ယူရာတွင် ဂျပန်ကုမ္ပဏီ (၄၃၁)ခုမှ မြန်မာအလုပ်သမား (၁,၄၀၀) ဝန်းကျင်ခေါ်ယူမည်ဖြစ်ပြီး အမျိုးသမီးအလုပ်သမား (၁,၀၀၀) ကျော်နှင့် အမျိုးသားလုပ်သား (၃၀၀) ကျော် ခေါ်ယူခြင်းဖြစ်ကြောင်း သိရသည်။
▪️ ဂျပန်နိုင်ငံမှ မြန်မာလုပ်သားများခေါ်ယူရာတွင် အဓိကအားဖြင့် သက်ကြီးစောင့်ရှောက်ရေး၊စားသောက်ကုန်ထုတ်လုပ်ရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ထောင်ကျော်ကို ခေါ်ယူထားခြင်းဖြစ်သည်။
▪️ ထိုသို့ခေါ်ယူရာတွင် အလုပ်သမားဝန်ကြီးဌာနက ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာပါအချက်အလက်များကို စိစစ်ပြီး ထုတ်ပြန်ပေးနေသည့်အပြင် အလုပ်ခေါ်သည့် ကုမ္ပဏီနှင့် စက်ရုံများသည် တရားဝင်တည်ထောင်ထားခြင်း ရှိ၊မရှိ နှင့် စာရွက်စာတမ်းအထောက်အထားများကို စိစစ်နေကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 4 November 2024
▪️ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မကြာမီရက်ပိုင်းအတွင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ သွားရောက်မည်ဟု ယခင်ရက်များက ထွက်ပေါ်ခဲ့တဲ့သတင်းများအပေါ် နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့အတည်ပြုထုတ်ပြန်ပါတယ်။
▪️ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ဖိတ်ကြားချက်အရ ဗိုလ်ချုပ်မှူးကြီးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့တွင် နိုဝင်ဘာလ ၆ ရက်မှ ၇ ရက် အထိကျင်းပပြုလုပ်မည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထပ်သီး အစည်းအဝေး 8 Greater Mekong Subregion(GMS)၊ (၁၀)ကြိမ်မြောက်ဧရာဝတီ- ကျောက်ဖရား- မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ ထိပ်သီးအစည်းအဝေး 10th Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy (ACMECS)Summit နှင့် (၁၁)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ- ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး 11th Cambodia-Lao PDR- Myanmar-Vietnam (CLMV) Summit တို့သို့ ပါဝင်တက်ရောက်ခြင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
▪️ ယင်းအပြင် တရုတ်နှင့်မြန်မာနှစ်နိုင်ငံ အစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။
#Daily_News
Published 2 November 2024
၁။ အမြင်မှုန်ဝါးသောကလေးငယ်များကို မျက်စိမကွယ်အောင်မျက်မှန်စောလျင်စွာတပ်ပေးသင့်ဟုဆို
၂။ ပဲခူး၊ ရွှေမောဓောစေတီတော်တွင် တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့်
မီးပုံးပျံလွှတ်တင်ပူဇော်ပွဲ ကျင်းပမည်
၃။ ရှမ်းဒေသငရုတ်စိုက်ပျိုးတောင်သူများအတွက် ငရုတ်၊ ကြက်သွန်၊ ဂျင်းသီးနှံကုန်စည်ပြပွဲ ပြုလုပ်မည်
၄။ သမ္မတရွေးကောက်ပွဲမည်သူနိုင်သည်ဖြစ်စေ အမေရိကန်ပြည်သူများစီးပွားရေးအခက်အခဲကိုသာစိုးရိမ်ပူပန်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
မြန်မာနိုင်ငံကထွက်ရှိတဲ့ မတ်ပဲ တန်ချိန် ၅ သိန်းအထိ အိန္ဒိယနိုင်ငံက လာမယ့်နှစ်မှာ တိုးမြှင့်ဝယ်ယူသွားမယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရတယ်။
#Local_News
Published 2 November 2024
#မြန်မာမတ်ပဲ #အိန္ဒိယဝယ်ယူ
#YMG/NN #Yangon_Times
ငရုတ်အပါအဝင်သီးနှံစိုက်ပျိုးတောင်သူတွေအစုအဖွဲ့လိုက်ရောင်းဝယ်တတ်ဖို့နဲ့ ဈေးကွက်ကောင်းရရှိစေဖို့ တောင်သူ့ဈေးမှ ဦးဆောင်၍ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ငရုတ်စိုက်ပျိုးတောင်သူတွေစုပေါင်းပြီး ငရုတ်၊ ကြက်သွန်၊ ဂျင်းသီးနှံကုန်စည်ပြပွဲ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
#Local_News
Published 2 November 2024
#ကုန်စည်ပြပွဲ #စိုက်ပျိုးတောင်သူ
#YMG/NN #Yangon_Times
ပဲခူးတိုင်းအတွင်းရှိ ရွှေမောဓောစေတီတော်မြတ်ကြီးမှာ တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲကို နိုဝင်ဘာလ(၉)ရက်မှ (၁၇)ရက်အထိကျင်းပသွားဖို့ ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 2 November 2024
#ရွှေမောဓောစေတီ #မီးပုံးပျံလွှတ်တင်ပူဇော်
#YMG/tthl #Yangon_Times
အမြင်မှုန်ဝါးတဲ့ကလေးငယ်တွေကို မလှောင်ပြောင်ကြဖို့နဲ့ ငယ်စဉ်ကတည်းကမျက်မှန်တပ်စေပြီး မျက်စိကွယ်မယ့်အခြေအနေကနေကာကွယ်ကြဖို့ လိုအပ်တယ်လို့ သိရပါတယ်။
#Local_News
Published 2 November 2024
#အမြင်မှုန်ဝါးသောကလေးငယ် #မျက်မှန်စောလျင်စွာတပ်ပေး
#YMG/tthl #Yangon_Times
Page 341 of 2094