#Daily_News
Published 17 June 2025
၁။ ကိုဗစ်အတည်ပြုလူနာ၅၀ ကျော်အထိရှိလာ၊ ရောဂါပြင်းထန်နိုင်သူများကို ကာကွယ်ဆေးထိုးပေးမည်
၂။ မြန်မာနှင့် ဂျာမနီပူးပေါင်း၍ ကျောင်းအခြေပြုဘေးအန္တရာယ်ဖြစ်နိုင်ခြေလျော့ပါးရေးသင်တန်းဖွင့်လှစ်
၃။ ဒေသအချို့၌ လျှပ်တပျက်ရေကြီးခြင်းနှင့် မြေပြိုခြင်းသဘာဝဘေးများဖြစ်နိုင်ဟု မိုးဇလသတိပေး
၄။ အီရန်-အစ္စရေးလ်တင်းမာမှုမြင့်တက်လာသဖြင့် အီရန်အရပ်သားများတူရကီသို့ထွက်ပြေး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
နယ်မှပြောင်းရွေ့နေထိုင်သူတွေများပြားလာတဲ့ ရန်ကုန်မြို့ရဲ့အိမ်ခြံမြေဈေးကွက်မှာ လတ်တလောကာလမှာတော့ အိမ်အပါမြေကွက်နဲ့ လုံးချင်းေတွအရောင်းအဝယ်မြင့်တက်နေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေထံမှ သိရပါတယ်။
#Local_News
Published 17 June 2025
#အိမ်ခြံမြေဈေးကွက် #မြေကွက်ဝယ်ယူမှုမြင့်တက်
#YMG/SW #Yangon_Times
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနနဲ့ ဂျာမနီနိုင်ငံ ကြက်ခြေနီအသင်းတို့ ပူးပေါင်းဆောင်ရွက်တဲ့ကျောင်းအခြေပြုဘေးအန္တရာယ်ဖြစ်နိုင်ခြေလျော့ပါးရေး(နည်းပြ)သင်တန်းဖွင့်ပွဲကို ဇွန်လ ယမန်နေ့က ရန်ကုန်မြို့ရှိ Rose Garden Hotel မှာကျင်းပခဲ့ပါတယ်။
#Local_News
Published 17 June 2025
#မြန်မာနှင့်ဂျာမနီပူးပေါင်း #မြန်မာနိုင်ငံကြက်ခြေနီအသင်း
#YMG/SW #Yangon_Times
အခုတစ်ပတ်အတွင်း ဒေသအချို့မှာ မိုးသည်းထန်စွာရွာသွန်းတာနဲ့အတူ လျှပ်တပျက်ရေကြီးတာ မြေပြိုတာစတဲ့ သဘာဝဘေးတွေဖြစ်နိုင်တာ ကြောင့် ကုန်းမြင့်နေသူတွေ၊ မြစ်ငယ်၊ ချောင်းငယ်အနီးနေထိုင်သူတွေနဲ့ ဆည်မြောင်းတာတမံတွေ အနေနဲ့ လိုအပ်တာတွေ ကြိုတင်ဆောင်ရွက်ထားကြဖို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယမန်နေ့က အထူးမိုးလေဝသ သတင်းတစ်ရပ်ထုတ်ပြန်ပြီး သတိပေးထားပါတယ်။
#Local_News
Published 17 June 2025
#လျှပ်တပျက်ရေကြီးခြင်း #မိုးဇလသတိပေး
#YMG/NN #Yangon_Times
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာသစ်(၅၂)ဦးကိုထပ်မံစစ်ဆေးတွေ့ရှိခဲ့ပြီး ကူးစက်နှုန်းမြင့်သူတွေနဲ့နာတာရှည်ရောဂါအခံရှိသူတွေကို ကာကွယ် ဆေးထိုးပေးသွားမယ်လို့ ယမန်နေ့ညပိုင်းက ကျန်းမာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန (Myanmar CDC)က အသိပေးလာပါတယ်။
#Local_News
Published 17 June 2025
#ကိုဗစ်အတည်ပြုလူနာ၅၀ကျော် #ကာကွယ်ဆေးထိုးပေး
#YMG/NN #Yangon_Times
#Local_News
Published 17 June 2025
▪️ ဆီးဂိမ်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ကစ်ဘောက်ဆင် လူရွေးပွဲ ကိုယခုလအတွင်း ရန်ကုန်မြို့၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်၏ အသိပေးချက်အရ သိရပါသည်။
▪️ အဆိုပါ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်မည့် ကစ်ဘောက်ဆင်ကစားသမားများရွေးချယ်ပွဲကို ယခုလ ဇွန်လ (၂၂)ရက်တွင် ရန်ကုန်မြို့ သိမ်ဖြူရိုးရာလက်ဝှေ့ခန်းမ၌ ပြုလုပ်မည်ဖြစ်သည်။
▪️ ယင်းလူရွေးပွဲကို ဝင်ကြေးအခမဲ့သတ်မှတ်ထားပြီး မည်သူမဆိုလာရောက်ကြည့် ရှုနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 17 June 2025
▪️ မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာများဆုံးရှုံးခဲ့ရသည့် စစ်ကိုင်းတိုင်း ဒေသကြီးရှိမြို့နယ်များမှ တက္ကသိုလ်ဝင်စာမေးပွဲများကို ပြန်လည်ဖြေဆိုလျှက်ရှိရာ ယမန်နေ့က ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ၈၀၄၅ ဦး ပြန်လည်ဖြေဆိုနေကြောင်း သိရသည်။
▪️ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် စာစစ်ဌာန ၂၅ ခု၊ စာရင်းရှိ ၈၂၀၅ ဦး၊ ဖြေဆိုသူ ကျောင်းသား ကျောင်းသူ စုစု ပေါင်း ၈၀၄၅ ဦး ဖြေဆိုမှုရာခိုင်နှုန်း ၉၈ ဒသမ ၀၅ ဖြစ်ပြီး မုံရွာမြို့နယ်အနေဖြင့် အမှတ် (၂) အခြေခံပညာနှင့် စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း- အလုံတွင် ဖြေဆိုသူ ကျောင်းသား ကျောင်းသူ ၂၄၄ ဦးနှင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ဖြေဆိုသူ ကျောင်းသား ကျောင်းသူ ၄၉၆ ဦး ဖြေဆိုလျက်ရှိသည်။
▪️ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယမာန် နေ့မနက်ပိုင်းက မုံရွာမြို့ အမှတ် (၂) အခြေခံပညာနှင့် စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း-အလုံနှင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတို့ရှိ သတ်မှတ်ကျောင်းဆောင်များ၌ ကျောင်းသား ကျောင်းသူများ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲပထမနေ့အဖြစ် မြန်မာဘာသာရပ် ပြန်လည်ဖြေဆိုနေမှုများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 341 of 2357