#Local_News
Published 14 May 2025
▪️ ယနေ့မနက်အစောပိုင်း၌ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်အပါအဝင် ဒေသသုံးခု၌ မြေငလျင်သုံးကြိမ်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
▪️ မေလ ၁၄ရက်နေ့ မနက် ၂ နာရီ ၅၁ မိနစ် ၁၈ စက္ကန့်အချိန်က ပုသိမ်ကြီးမြို့နယ်၏ မြောက်-အရှေ့မြောက်ဘက် (၂) မိုင်ခန့်အကွာ တွင်ဗဟိုချက်တည်နေရာအနက် ၁၀ကီလိုမီတာတွင် အင်အားပမာဏ ၃.၀ ရစ်(ခ်)တာစကေးရှိသည့်မြေငလျင်ငယ်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မြေငလျင်ဌာနခွဲမှ အသိပေးထားသည်။
▪️ ထို့အပြင် မနက် ၅ နာရီ ၁၅ မိနစ် ၄၂ စက္ကန့်အချိန်ကလည်း ပုဗ္ဗသီရိမြို့၏ မြောက်ဘက် (၅) မိုင်ခန့်အကွာ တွင်ဗဟိုချက်တည်နေရာ
အနက် ၁၉ ကီလိုမီတာတွင် အင်အားပမာဏ ၃.၁ ရစ်(ခ်)တာစကေး သည့်မြေငလျင်ငယ်တစ်ခုထပ်မံ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
▪️ ထို့နောက် နောက်ဆက်တွဲငလျင် အဖြစ် မိတ္ထီလာအရှေ့တောင်ဘက် လှိုင်းတက်အနီး၊ မဂ္ဂနီကျု ၃.၀ မြေအောက်အနက် ၆ မိုင် ရှိသော မြေငလျင်တစ်ခုလည်း ယနေ့မနက် ၆နာရီ ၅ မိနစ်အချိန် ကလှုပ်ခတ်ခဲ့ကြောင်း မြေငလျင်သတင်းများစင်တာမှ အသိပေးထားသည်။
#YMG/NN #Yangon_Times
#Local_News
Published_14 May 2025
▪️ သုတစွယ်စုံစာပေဆု ဆုရရှိသူများ ဆက်သွယ်သတင်းပို့ကြရန် သက်ဆိုင်ရာက အကြောင်း ကြားထားကြောင်း သိရသည်။
▪️ သုတစွယ်စုံစာပေဆုကို စွယ်စုံမီဒီယာဂရု(ပ်)(SweSone Media Group) က ပေးအပ်နေခြင်းဖြစ်ပြီး ယခုအခါ (၁၅) ကြိမ်မြောက်ရှိပြီဖြစ်ကြောင်းနှင့် ဆုချီးမြှင့်သည့်အခမ်းအနားကို မကြာမှ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
▪️ သုတစွယ်စုံစာပေဆုချီးမြှင့်ပွဲအတွက် ဆုရရှိသူများစာရင်းကို ဆုရွေးချယ်ရေးအဖွဲ့က မေလ ၁၂ ရက်တွင် ထုတ်ပြန်ကြေညာရာတွင် ၂၀၁၈ ခုနှစ်အတွက် ရည်ညွှန်းစာပေဘာသာရပ်တွင် နိုင်ဇော်၏"ထင်ရှား ထူးချွန်ဆရာဝန်" ၊ အတ္ထုပ္ပတ္တိစာပေ ဘာသာရပ်အတွက် ဗိုလ်အေးမြင့်ကြူ ၏ "ကျွန်တော့်ကိုမမေ့ပါနဲ့"၊ ၂၀၁၉ ခုနှစ်အတွက် သုတ(ဝိဇ္ဇာ)ဘာသာရပ်တွင် သိန်းထွန်း(မြဝတီ)၏ "တိုင်းရင်းသားလူမျိုးတို့၏ ဓလေ့ထုံးစံများ" ၊ ၂၀၂၀ ပြည့်နှစ်အတွက် အသုံးချသိပ္ပံဘာသာရပ်တွင် ဒေါက်တာသိန်းဆွေ(ပြည်သူ့ကျန်းမာ)၏ "ကျန်းမာခြင်း ဆုလာဘ်"၊ ၂၀၂၁ ခုနှစ်အတွက် သုတ(ဝိဇ္ဇာ) ဘာသာရပ်တွင် ကျော်ကျော်လှိုင်၏ "ရှေးမြန်မာမင်းများ၏ ခေါင်းဆောင်မှုအရည် အသွေးကိုလေ့လာခြင်း (တတိယမြန်မာနိုင်ငံတော်)"၊ ၂၀၂၂ ခုနှစ်အတွက် ၊ ဘာသာ ပြန်စာပေဘာသာရပ်တွင် နေဇင်လတ် ၏ "စီးပွားဖျက်သူလျှို၏ ဖြောင့်ချက်"၊ စာပဒေသာဘာ သာရပ်တွင် မောင်ခေတ်ထွန်း ၏ "မောင်ခေတ်ထွန်း၏စာ(စိန်ရတုလက်ရွေးစင် စာပေါင်းစု)" ၊ အတ္ထုပ္ပတ္တိစာပေဘာ သာ ရပ်တွင် ဟိန်းလတ်၏ "မြန်မာ့စွမ်းအင်လူချွန်လူကောင်း" ၊ ၂၀၂၃ ခုနှစ်အတွက် စာပဒေသာဘာသာရပ်တွင် ဒေါက်ထွေး(ဆေး/မန်း)၏ "နိပွန်ပြည်တွင်တဒင်္ဂ" ၊ သုတ(ဝိဇ္ဇာ)ဘာသာရပ်တွင် ကျော်ညွန့်ရည် ၏ "အန်ကော ခေတ်ယဉ်ကျေးမှု"၊ အသုံးချသိပ္ပံဘာသာရပ်တွင် ပါမောက္ခဒေါက်တာမြသိန်းဟန် ၏ "ခွဲစိတ်ဆရာဝန်တစ်ဦး၏ဖြောင့်ချက်"စသည့်စာအုပ်များနှင့် ၂၀၂၃ ခုနှစ်အတွက် သုတစွယ်စုံတစ်သက်တာစာပေဆုကို ဆရာကြီး ဒေါက်တာခင်မောင်ညိုအား ရွေးချယ်လိုက်ကြောင်း သိရသည်။
▪️ တစ်သက်တာ စာပေဆုအတွက် ငွေကျပ် သိန်း ၃၀ နှင့် စာအုပ်ဆုများအတွက် စာရေးဆရာတစ်ဦးလျှင် ကျပ် ၁၅ သိန်းစီ ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
#Yangon_Times/PP
#Daily_News
Published 13 May 2025
၁။ ကန်ဒေါ်လာနှစ်သန်းကျော်ဖြင့် ဂန္ဓမာပန်းမျိုးစိတ် အမှုန့်လုပ်ငန်းကို FDI လျှောက်ထား
၂။ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၌ Back to School ဈေး ပွဲတော်ကျင်းပမည်
၃။ မန္တလေးရှိဆောက်လုပ်ဆဲ အဆောက်အအုံများ တည်ဆောက်မှု ခေတ္တရပ်နားထားရမည်
၄။ နိုင်ငံခြားထုတ်ရုပ်ရှင်များအပေါ်(၁၀၀)ရာခိုင်နှုန်းအခွန်စည်းကြပ်မည့်ဒေါ်နယ်ထရမ့်အဆိုကို နိုင်ငံတကာအသိုင်းအဝိုင်းမှပြစ်တင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ငလျင်ကြောင့် ထိခိုက်ခံစားရသူတွေထဲမှာ ကလေးငယ်တွေလည်း ပါဝင်လျှက်ရှိတာကြောင့်ငလျင်ဒဏ်ခံစားခဲ့ရတဲ့ကလေးငယ်တွေအတွက် ကလေးပျော်စင်တာတွေကို ဖွင့်လှစ်ပေးလျှက်ရှိတယ်လို မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ သိရပါတယ်။
#Local_News
#ငလျင်ဒဏ်ခံစားခဲ့ရသည့်ကလေးငယ်များ #ကလေးပျော်စင်တာဖွင့်လှစ်
Published 13 May 2025
#YMG #Yangon_Times #Yangon_Media_Group
မန္တလေးတိုင်းဒေသကြီး မြို့နယ် ၆ မြို့နယ် အတွင်းရှိ ဆောက်လုပ်ဆဲ အဆောက်အအုံများ တည်ဆောက်မှု ခေတ္တရပ်နားထားဖို့ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီမှ အသိပေးကြေညာထားပါတယ်။
#Local_News
#မန္တလေးရှိဆောက်လုပ်ဆဲအဆောက်အအုံများ #မြို့နယ်၆မြို့နယ်
Published 13 May 2025
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်မြို့မှာရှိတဲ့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်းမှာ Showပွဲတွေ ၊ဖျော်ဖြေတင်ဆက်တာတွေအပြင်၊ကျောင်းသုံးနဲ့အိမ်သုံးပစ္စည်းတွေပါ ရောင်းချပေးမယ့် Happy Monsoon & Back to School ပွဲတော်ကို သုံးရက်တိုင်တိုင်ကျင်းပသွားမယ်လို့ သိရပါတယ်။
#Local_News
#ရန်ကုန်တိရစ္ဆာန်ဥယျာဉ် #ပွဲတော်ကိုသုံးရက်တိုင်တိုင်ကျင်းပ
Published 13 May 2025
#YMG #Yangon_Times #Yangon_Media_Group
ရှမ်းပြည်နယ်က ဂန္ဓမာပန်းမျိုးစိတ် အမှုန့်လုပ်ငန်းကို အမေရိကန်ဒေါ်လာ ၂သန်းကျော်နဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံဖို့ လျှောက်ထားလာတယ်လို့ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီက သိရပါတယ်။
#Local_News
#ရှမ်းပြည်နယ်ကဂန္ဓမာပန်းမျိုးစိတ် #နိုင်ငံခြားရင်းနှီးမြုပ်နှံဖို့ လျှောက်ထား
Published 13 May 2025
#YMG #Yangon_Times #Yangon_Media_Group
Page 340 of 2314