#Local_News
Published 8 November 2024
▪️ မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်ရေးနှင့် နယ်စပ်ကုန်သွယ်ရေးတို့အတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် H.E. Ms. Paetongtarn Shinawatra တို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူးမင်းမြို့ရှိ Wyndham Grand ဟိုတယ်၌ နိုဝင်ဘာလ ၇ ရက် က တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
▪️ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၌ ကျင်းပပြုလုပ်သည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးအပါအဝင် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ရန် လာရောက်ချိန်တွင် အထက်ပါအတိုင်း ဆွေးနွေးကြခြင်းလည်း ဖြစ်ကြောင်း သိရသည်။
▪️ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် ခွဲခြား၍မရသည့် အိမ်နီချင်း မိတ်ဆွေကောင်းနိုင်ငံများဖြစ်ပြီး တစ်နိုင်ငံ နှင့် တစ် နိုင်ငံ အရေးကိစ္စများ သက်ရောက်မှုရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေး၊ မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးဆိုင်ရာကိစ္စရပ်များတို့ကို ဆွေးနွေးခဲ့ ကြခြင်း ဖြစ်ကြောင်း သိရသည်။
▪️ အလားတူ အလုပ်သမားဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံဝန်ကြီးဌာနအချင်းချင်းနှင့် ဌာနဆိုင်ရာအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်ရေး၊မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုနှင့် ချ မှတ် ထားသည့် ဦးတည်ချက်များအတိုင်း အကောင်အထည် ဖော်ဆောင်ရွက်နေမှု ၊ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု တို့ကို ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
Yangon_Times/PP
#Local_News
Published 8 November 2024
▪️ ရန်ကုန်-ပြည်လမ်းပေါ်၌ ရပ်ထားသည့် (၆)ဘီးကုန်တင်ယာဉ်ကို မီနီအိုးဝေမှ အရှိန်မထိန်းနိုင်ဘဲ ၀င်တိုက်မှုတစ်ခု ယမာန်နေ့ညသန်းခေါင်က ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ နိုဝင်ဘာ၇ ရက်နေ့ ည ၁၁နာရီ ၃၄မိနစ် အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ တာဂွကျေးရွာ၊ ရန်ကုန်- ပြည်လမ်းပေါ်တွင် ရပ်ထားသော(၆)ဘီးကုန်တင်ယာဉ်အား မီနီအိုးဝေမှ အရှိန်မထိန်းနိုင်ပဲ ၀င်တိုက်ခဲ့ကြောင်းသိရသည်။
▪️ အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါလူ(၂)ဦးညပ်နေကြောင်း သတင်းရရှိသဖြင့် တိုက်ကြီးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
▪️ ထိုသို့ ဆောင်ရွက်ခဲ့ရာ ည၁၁နာရီ ၅၉ မိနစ်အချိန်တွင် ယာဉ်ပေါ်ပါကျား(၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) တို့အား မိုးစေတနာပရဟိတ လူနာတင်ယာဉ်နှင့်နိဗ္ဗာန်ချမ်းသာမင်္ဂလာအသင်း လူနာတင်ယာဉ်တို့ဖြင့် တိုက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပိုဆောင်ပေးခဲ့ ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 8 November 2024
▪️ မော်လမြိုင်မြို့၊ရိုးဂိုးကျေးရွာရှိ မင်းသန့် စက်သုံးဆီဆိုင်တွင် ဆီဘောက်ဆာယာဉ် တစ်စီးမီးလောင်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံးပြီး ၂၂ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
▪️ နိုဝင်ဘာ ၇ ရက်နေ့၊ ညနေ ၅နာရီ ၂၀ အချိန်ခန့်က မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရိုးဂိုးကျေးရွာတွင် မင်းသန့်စက်သုံးဆီဆိုင်၌ ဆီဘောက်ဆာယာဉ် (၁)စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
▪️ " မင်းသန့်ဆီဆိုင်မှာ ဆီဘောက်ဆာကားက ဆီချရင်းနဲ့ မီးလောင်တာပါ ၊မီးလောင်မှုကြောင့် ဆိုင်ရှင်နဲ့ ကားသမား ဒဏ်ရာရတယ် ၊အခုမနက် ၅နာရီ ကျော်မှာတော့ ကားသမား ဆုံးသွားပါပြီ၊ ဆိုင်ရှင်က တစ်ဦး စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ် ၊ နောက် မီးသတ်တပ်ဖွဲ့ဝင် (၉)ဦးမီး လောင်ဒဏ်ရာ တွေ ရရှိခဲ့တယ်၊ မီးသတ် ရာထူးက သုံးပွင့် တစ်ယောက် ၊နှစ်ပွင့် ၁ယောက်၊တစ်ပွင့်တစ်ယောက် ၊ကျန်တာအခြားအဆင့်ပေါ့ ၊စုစုပေါင်း ကိုးဦးဒဏ်ရာရခဲ့တယ် ၊လူမှုကူညီရေးအဖွဲ့တွေက ငါး ဖွဲ့က ၁၂ဦးဒဏ်ရာရခဲ့တယ် ၊ စိုးရိမ်ရတာက ကျွန်တော့အဖွဲ့က ကလေး နှစ်ဦး စိုးရိမ်ရတယ်၊ မီးလောင်ဒဏ်ရာရရှိသူ တွေ ခုမနက်အထိ မော်လမြိုင်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေကြပါတယ်" ဟု ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ဥက္ကဌ ဦးဘိုဘိုဝင်း ကရန်ကုန်မီဒီယာဂရုသို့ပြောသည်။
▪️ အဆိုပါ မီးလောင်မှု ဖြစ်စဉ် သတင်းရရှိသဖြင့် မွန်ပြည်နယ်အတွင်းရှိ မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်(၆)စီး၊ မီးသတ်ရေသယ်ယာဉ်(၈)စီး၊ Foam မီးငြှိမ်းသတ်ယာဉ်(၄)စီး တို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၇နာရီ ၁၄မိနစ် အချိန်တွင်မီးထိန်းပြီး ၉နာရီ ၅၅မိနစ် အချိန်တွင် မီးငြိမ်းခဲ့ကြောင်းသိရသည်။
▪️ ယင်းဖြစ်စဉ်ကြောင့် ဆီဆိုင်ပိုင်ရှင်အပါအဝင် ဒဏ်ရာရရှိသူ ၂၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သောကြောင့် မော်လမြိုင်ဆေးရုံကြီးသို့အရေးပေါ် တင်ပို့ခဲ့ရာ ယနေ့မနက် ၅နာရီ အချိန်၌ ဆီဘောက်ဆာယာဉ်မောင်း ေ-သဆုံးကာ စိုးရိမ်ရသူ သုံးဦးရှိနေကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 7 November 2024
၁။မြန်မာ့သင်္ကြန်ပွဲတော် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဝင်မဝင်ရှေ့လထဲယူနက်စကိုကဆုံးဖြတ်မည်
၂။နွေကြက်သွန်နီ ရာသီကုန်ပြီး လက်ကျန်နည်းပါးချိန် ဈေးမြင့်လာ
၃။အခုရက်ပိုင်းရန်ကုန်နှင့်ဒေသအချို့မိုးသည်းထန်ခြင်းနှင့်အတူ လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်နိုင်
၄။ အစ္စရေးလ်တိုက်ခိုက်မှုများနှင့်လမ်းပိတ်ဆို့မှုများကြောင့်ဂါဇာရှိဆေးရုံဆေးခန်းများ၌ဆေးဝါးနှင့်ဆေးပစ္စည်းများပြတ်လပ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
WatchVideo>>>
ရန်ကုန်မှာ နိုဝင်ဘာလ(၇)ရက် မနက်ပိုင်းမှာမိုးများရွာသွန်းနေပြီး အခုရက်ပိုင်းမှာတော့ ရန်ကုန်တိုင်း အပါအဝင်နေပြည်တော်၊ပဲခူးတိုင်း၊ဧရာဝတီတိုင်းနဲ့ ရှမ်းပြည်နယ်တို့မှာ ဒေသအလိုက် မိုးကြီးဖို့ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 7 November 2024
#ရန်ကုန်နှင့်ဒေသအချို့ #လေပြင်းတိုက်ခတ်နိုင်
#YMG/tthl #Yangon_Times
ရွှေတိဂုံစေတီတော်သို့ တစ်လခွဲအတွင်း အလှူငွေ ကျပ်သိန်းပေါင်း ၃၂,၀၀၀ ကျော် ရရှိခဲ့တယ်လို့ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကနေ သိရပါတယ်။
#Local_News
Published 7 November 2024
#ရွှေတိဂုံစေတီတော် #အလှူငွေသိန်းပေါင်း၃၂,၀၀၀ကျော်ရရှိ
#YMG/NN #Yangon_Times
နွေကြက်သွန်နီ ရာသီကုန်ပြီး လက်ကျန်နည်းပါးချိန် ဈေးနှုန်းမြင့်တက်လာတယ်လို မြင်းခြံကုန်စည်ဒိုင်က သိရပါတယ်
#Local_News
Published 7 November 2024
#နွေကြက်သွန်နီ #ရာသီကုန်ဈေးနှုန်းမြင့်တက်
#YMG/NN #Yangon_Times
Page 335 of 2094