#Local_News
Published 24 January 2025
▪️ နိုင်ငံကျော်အဆိုတော်တစ်ဦးဖြစ်သည့် အဆိုတော် မာရဇ္ဇ သည် ရန်ကုန်မြို့ ဗဟိုစည်ဆေးရုံတွင် ယမန်နေ့ည (ဇန်နဝါရီ ၂၃ ရက် ညပိုင်း)က ကွယ်လွန်သွားခဲ့ကြောင်းသိရသည်။
▪️ အဆိုတော် မာရဇ္ဇကွယ်လွန်ခြင်းနှင့် ပတ်သက်၍ ဂစ်တာပညာရှင်ကိုနိုင်ဇော်က "ကျနော့်ရဲ့ Juke Box Bandနဲ့ လက်တွဲခဲ့တဲ့အဆိုကျော်(ကို)မာရဇ္ဇမနေ့ညက ကွယ်လွန်သွားတယ်သိရလို့ မိသားစုနဲ့ထပ်တူကြေကွဲရပါတယ်" ဟု ၎င်း၏လူမှုကွန်ရက်တွင် ရေးသားထားသည်ကို တွေ့ရသည်။
▪️ ထို့ပြင် ညီဖြစ်သူကလည်း “အနုပညာနဲ့ပတ်သက်ရင်
▪️ အလွန် မာနကြီးသော
▪️ အလွန် ခေါင်းမာသော
▪️ အလွန် အကောင်းကြိုက်သော ငါ့အကိုရေ
▪️ ကောင်းရာသုဂတိ လားပါစေကွာ
▪️ မင်းပြောနေကျ စကားအတိုင်းပေါ့လေ
" အရာရာဟာ အချိန်အခါပါ "
▪️ တမလွန်မှာ သီချင်းတွေဆက်လက်ဖန်တီးနိုင်ပါစေ ငါ့အကို”ဟု သူ၏လူမှုကွန်ရက်တွင် ရေးသားထားသည်ကို တွေ့ရသည်။
▪️ အဆိုတော် မာရဇ္ဇ သည် ကျောက်ကပ်ရောဂါဖြင့်ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ၎င်း မကွယ်လွန်မီ THOR တွင် နောက်ဆုံးဖျော်ဖြေခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Daily_News
Published 23 January 2025
၁။ သနပ်ခါးလိမ်းခြယ်သည့်ဓလေ့ ယူနက်စကိုတင်သွင်းရန်"သွေးချင်းစုံလင် သနပ်ခါးသဘင်"သရုပ်ဖေါ် ပြိုင်ပွဲကျင်းပမည်
၂။ SME နှစ်ဆင့်ချေးငွေ စီမံကိန်းမှတဆင့် ချေးငွေကျပ် ၃၈၇ ဒသမ ၅၄၃ ဘီလီယံ ထုတ်ချေးထား
၃။ ပင်စင်စားများကို စားအုန်းဆီ ပိဿာချိန် ၈သောင်းကျော် လစဉ်ရောင်းချပေးရန်လျာထား
၄။ ဒေါ်နယ်ထရမ့်လက်ထက်၌ တရုတ်အတွက်ရင်းနှီးမြှုပ်နှံမှုကြီးများ ဆက်လက်အခွင့်အလမ်းပေးသွားဖွယ်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 23 January 2025
▪️ အိန္ဒိယနိုင်ငံ၊ ကော်လ်ကတ္တားမြို့တွင် အနောက်ဘင်္ဂလားပြည်နယ်အစိုးရမှ ကြီးမှူး၍ “8th Bengal Global Business Summit” ကို ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ၆ ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ အဆိုပါထိပ်သီးအစည်းအဝေးသို့ မြန်မာနိုင်ငံမှ လုပ်ဖော်ကိုင်ဖက်နိုင်ငံ (Partner Country) အဖြစ် ပါဝင်တက်ရောက်နိုင်ရန် ဖိတ်ကြားထားကြောင်း သိရှိရသည်။
▪️ “8th Bengal Global Business Summit” သို့ ပါဝင်တက်ရောက်သည့်အတွက် အခကြေးငွေ တစ်စုံတစ်ရာပေးရန် မလိုအပ်ဘဲဆွေးနွေးပွဲတစ်လျှောက်လုံး၌ အထူးဦးစားပေး၍ အသိအမှတ်ပြု ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ၎င်းတို့၏ ကြော်ငြာများ၊ သတင်းအစီအစဉ်များနှင့် အမှတ်တံဆိပ်မြှင့်တင်ခြင်းအားလုံး၌ နိုင်ငံ၏အမည်ကို ထည့်သွင်းဖော်ပြပေးမည်ဖြစ်ကြောင်း။ နိုင်ငံတော်အလံကို ထင်ရှားစွာ ဖော်ပြပေးမည်ဖြစ်ပြီး၆ မီတာ x ၆ မီတာ သို့မဟုတ် ၅ မီတာ x ၅ မီတာ အကျယ်အဝန်းရှိ အခမဲ့ ပြခန်း ၁ ခန်း ရရှိမည်ဖြစ်ကြောင်း၊ B2B၊ G2G ဆွေးနွေးပွဲများတွင် ပါဝင်တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် MoUs နှင့် သဘောတူညီချက်များ ပြုလုပ်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းရှိမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးပွဲများတွင် ပါဝင်ဟောပြောခွင့်နှင့် ဆွေးနွေးတင်ပြခွင့်များ ရရှိမည်ဖြစ်ကြောင်း၊ အစိုးရ/သံရုံးတို့မှ တရားဝင်ကိုယ်စားလှယ်များအတွက် တည်းခိုနေထိုင်မှုနှင့် ပြည်တွင်းသွားလာမှုဆိုင်ရာကိစ္စရပ်များကို ပြပွဲစီစဉ်ဆောင်ရွက်သူဖက်မှ ကျခံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို Summit သို့ လုပ်ဖော်ကိုင်ဖက်နိုင်ငံအဖြစ် ပါဝင်တက်ရောက်လိုသည့် မြန်မာကိုယ်စားလှယ်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း-၀၆၇-၄၀၈၆၂၂၊ E-mail:
#YMG/SW #Yangon_Times
ဈေးကွက်အတွင်းရောင်းချနေတဲ့ အမှတ်တံဆိပ်ပါ စားဆီဗူးတွေမှာ သက်ဆိုင်ရာဌာနရဲ့ ထောက်ခံချက်အမှတ် ပါဝင်ဖို့လိုအပ်တယ်လို့ စားသုံးသူရေးရာဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 23 January 2025
#အမှတ်တံဆိပ်ပါဗူးသွပ်ဆီ #ထောက်ခံချက်
#YMG/SW #Yangon_Times
ရန်ကုန်မြို့က ပင်စင်စားဝန်ထမ်းတွေကို လစဉ်စားအုန်းဆီပိဿာချိန်၈သောင်း ကနေ တစ်သိန်းအကြား လစဉ်ရောင်းချပေးဖို့ မျှော်မှန်းဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Local_News
Published 23 January 2025
#စားအုန်းဆီလစဉ်ရောင်းချပေး #ပင်စင်စား
#YMG/NN #Yangon_Times
SME နှစ်ဆင့်ချေးငွေစီမံကိန်းမှတဆင့် SME လုပ်ငန်းရှင် ၁၉၃၆ ဦးကို ချေးငွေကျပ် ၃၈၇ ဒသမ ၅၄၃ ဘီလီယံ ထုတ်ချေးထားပြီးဖြစ်တယ်လို့ SME နှစ်ဆင့်ချေးငွေစီမံကိန်း အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဘဏ်ချေးငွေရရှိရေးလုပ်ငန်းအဖွဲ့အစည်းအဝေးမှ သိရပါတယ်။
#Local_News
Published 23 January 2025
#SMEနှစ်ဆင့်ချေးငွေ #ဘဏ်ချေးငွေ
#YMG/SW #Yangon_Times
မြန်မာ့သနပ်ခါးလိမ်းခြယ်သည့်ဓလေ့ ယူနက်စကိုတင်သွင်းဖို့အထောက်အကူ ဖြစ်စေတဲ့ လှုပ်ရှားမှုတစ်ခုအနေနဲ့"သွေးချင်းစုံလင် သနပ်ခါးသဘင် သရုပ်ဖေါ် ပြိုင်ပွဲ"ကို ရန်ကုန်မြို့တွင် လာမယ့်ဖေဖော်ဝါရီ ၁၂ရက်နေ့၊ ပြည်ထောင်စုနေ့မှာ
ကျင်းပသွားမယ်လို့ မြန်မာ့ယဥ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က သိရပါတယ်။
#Local_News
Published 23 January 2025
#သနပ်ခါးလိမ်းခြယ်သည့်ဓလေ့ #ယူနက်စကို
#YMG/NN #Yangon_Times
Page 339 of 2186