#Local_News
Published 6 March 2025
▪️ နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) မှ သွင်းကုန်လုပ်ငန်းရှင်များအတွက်ထိုင်းဘတ် သန်း ၅၀ ကို ထပ်မံထုတ်ရောင်းပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကြေညာထားသည်။
▪️ အဆိုပါ ထုတ်ရောင်းပေးမည့် ငွေပမာဏအတွက် ရည်ညွှန်းငွေလဲနှုန်းကိုမူ သီးခြားဖော်ပြထားခြင်းမရှိကြောင်း သိရသည်။
▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် မတ်လ (၄) ရက်နေ့ကလည်း ငွေလဲနှုန်း ၃၅၉၆ ကျပ်ဖြင့် အမေရိကန်ဒေါ်လာ ၂၃ သန်းကို ထုတ်ရောင်းပေးခဲ့ ကြောင်း သိရသည်။
▪️ ထို့အပြင် ငွေလဲနှုန်း ၁၃၁.၅ ကျပ်ဖြင့် ထိုင်းဘတ် သန်း ၁၅၀ ကိုလည်း ရောင်းချပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 6 March 2025
▪️ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်စကားဝိုင်းကို မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျသံရုံး၏ ကူညီထောက်ပံ့မှုနှင့်အတူ ဒို့အိမ်အဖွဲ့အစည်းနှင့် မြို့ပြပုံဖော်သူ လူငယ်များကပူးပေါင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် “Women in Cities - မြို့ပြနေ အမျိုးသမီးများ” ခေါင်းစဉ်ပေးထားသည့် အစီအစဉ်ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဖြစ်သည့် မတ်လ (၈) ရက်တွင် ပြုလုပ်သွားမည်ဖြစ်ပြီးထို အစီအစဉ်တွင်“Women Thriving Across Diverse Industries” အမည်ရ စကားဝိုင်း ၊အမျိုးသမီးများဦးစီးသည့်လုပ်ငန်းငယ်များက ထုတ်ကုန်များကို ဝယ်ယူအားပေးနိုင်မည့်Pop-up Market ၊ဉာဏ်စမ်းမေးခွန်းများဖြေဆိုပြီး အမှတ်တရ ဆုလက်ဆောင်များ ရယူနိုင်မည့် အစီအစဉ်များပါဝင်မည်ဖြစ်ကြောင်း သိရသည်။
▪️ စကားဝိုင်းအစီအစဉ်တွင် နယ်ပယ်အသီးသီးမှအမျိုးသမီးများအနေဖြင့်၎င်းတို့၏ သက်ဆိုင်ရာ လုပ်ငန်းခွင်ကိုယ်စီ၌ ကြုံတွေ့ရလေ့ရှိသည့် စိန်ခေါ်မှုများနှင့်အတူအမျိုးသမီးများအတွက် ခွန်အားဖြစ်စေမည့် အသိအမြင်များကိုပါ မျှဝေသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ အစီအစဉ်များကို မတ်လ ၈ ရက် မနက် (၁၀) နာရီမှ နေ့လယ် (၄) နာရီခွဲအထိYWCA ခန်းမ၊ ဘိုကလေးဈေးလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Daily_News
Published 5 March 2025
၁။ ရွှေဓာတ်ခွဲခန်းများကို ရန်ကုန်အပြင် အခြားမြို့ကြီးများတွင်လည်း ဖွင့်လှစ်ရန်ရှိ
၂။ မုံရွာသင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပရန်ဆောင်ရွက်နေ
၃။ နွေရာသီအပူချိန်လျော့ကျနိုင်သော်လည်း Heat-stroke ဖြစ်နိုင်၍ သတိပြုရန်လိုအပ်
၄။ BYD လျှပ်စစ်ကားနှင့် DJI ကုမ္ပဏီတို့ပူးပေါင်း၍ ဒရုန်းတပ်ဆင်ကားစနစ်ဖန်တီး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 5 November 2024
▪️ ဧရာဝတီတိုင်းတွင် ယနေ့မနက်ပိုင်းက ငလျင် လှုပ်ခတ်ခဲ့ပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီး၊ဟုမ္မလင်းမြို့အနီး၌ ယနေ့ နေ့လယ်ပိုင်းတွင် ငလျင်ထပ်မံ လှုပ်ခတ်ခဲ့ရာတစ်ရက်တည်းတွင် ငလျင်ငါးကြိမ်လှုပ်ခတ်ခဲ့ ကြောင်း မြေငလျင်ဌာနခွဲမှ သိရသည်။
▪️ ၂၀၂၅ ခုနှစ်၊ မတ်လ ၅ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၂) နာရီ၊ (၀၆) မိနစ်၊ (၃၅) စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၃၅) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ဟုမ္မလင်းမြို့၏ အနောက်တောင်ဘက် (၂၃) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၄.၆၂) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၆၇) ဒီဂရီ၊ အနက် (၆၄) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅.၅) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွား ကြောင်း တိုင်းထွာရရှိ ကြောင်း သိရသည်။
▪️ ထို့အပြင် ယနေ့မနက်အစောပိုင်းကလည်း ညောင်တုန်းမြို့ကိုဗဟိုပြုပြီးငလျင်(၄)ကြိမ်လှုပ်ခတ်ခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ ဧရာဝတီတိုင်း၌လှုပ်ခတ်ခဲ့သည့်ငလျင်ဒဏ်ကြောင့် မအူပင်မြို့ရှိ စိမ်းမြကန်သာ ဘုရားကြီး အက်ကြောင်းဖြစ်၍ မှန်ကွဲကြေကာ မုဒ်ဦးထိသွား ကြောင်း ၊ ၁၀၈တောင်စေတီဟောင်းမှာမူ သုံးပုံတပုံပြိုကျ၍ လူအထိအခိုက်မရှိကြောင်း ဒေသခံများနှင့် ဒေသတွင်းသတင်းများအရ သိရသည်။
▪️ သို့သော် မအူပင်မြို့ အမှတ် ၁ ရပ်ကွက် ၌ ဂိုဒေါင်ပြိုကျမှုဖြစ်ပွားခဲ့ရာ ဂို ဒေါင်အနီးတွင် နေထိုင်သူ သုံးဦးထိခိုက်ဒဏ်ရာအနည်းငယ်ရရှိ၍ ဆေးရုံသို့ပို့ဆောင်ခဲ့ရကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 5 March 2025
▪️ အစားအသောက်နှင့်ရေမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်တားဆီးရေး လုပ်ငန်းအရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းလုပ်ငန်းကို ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းမပေါ်ရှိ Ocean စျေးဝယ်စင်တာ ခန်းမ၌ယနေ့ ကျင်းပခဲ့ကြောင်း သိရသည်။
▪️ ဗဟန်းမြို့နယ်၌ အစားအသောက်နှင့်ရေမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်တားဆီးရေး လုပ်ငန်းအရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျှက်ရှိရာOcean စျေးဝယ်စင်တာ ခန်းမ၌ယနေ့ကျင်းပသော အခမ်းအနားတွင် ဦးစွာမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက အစားအသောက်နှင့်ရေမှတစ်ဆင့်ကူးစက်တတ်သောရောဂါများ ကာကွယ်တားဆီးရေး လုပ်ငန်းအရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ကာကွယ်ရေးဆိုင်ရာများဖြစ်သည့် ကူးစက်နိုင်သည့်နည်းလမ်းများ၊ ရောဂါလက္ခဏာများ၊ သတိပြုရမည့်အချက်များ၊ ကာကွယ်နိုင်မည့်နည်းလမ်းများ၊ ဆောင်ရန်၊ ရှောင်ရန်များကိုရှင်းပြောကြားခဲ့ကြောင်း သိရသည်။
▪️ ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့်တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှတာဝန်ရှိများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ Ocean စျေးဝယ်စင်တာရှိ ဆိုင်ခန်းပေါင်း(၃၂)ခန်းတို့တွင် အစားအသောက် ပြင်ဆင်ရောင်းချသည့် ဆိုင်များ၏ သန့်ရှင်းမှုနှင့် ကြွက်၊ ယင်၊ ပိုးဟပ်ကင်းစင်ရန်စီစဉ်ထားရှိမှု၊ သန့်ရှင်းသောရေ (Chlorinated water) အသုံးပြုခြင်း ရှိ/မရှိ၊ အစားအသောက်ပြင်ဆင်ရောင်းချသူများ၏ တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် Mask Cap ၊ Glove နှင့် Apron အပါအဝင် လိုအပ်သည့် ကာကွယ်ရေးပစ္စည်းများအသုံးပြုခြင်း ရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
၂၀၂၅ ခုနှစ်အတွက် အာဆီယံဆုတွေပေးအပ်ဖို့ အဆိုပြုလွှာတွေ စတင် ခေါ်ယူနေပြီလို့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ သိရပါတယ်။
#Local_News
Published 5 March 2025
#အဆိုပြုလွှာခေါ်ယူ #အာဆီယံဆု
#YMG/SW #Yangon_Times
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးအတွက်စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
#Local_News
Published 5 March 2025
#မုံရွာသင်္ကြန်ပွဲတော် #မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်
#YMG/NN #Yangon_Times
Page 342 of 2237