#Daily_News
Published 27 August 2025
၁။ ယခုလအတွင်း ဓာတ်မြေဩဇာ(၂၅) ရာခိုင်နှုန်းလျှော့ဈေးဖြင့် ဖြန့်ဖြူးရန်ဆောင်ရွက်နေ
၂။ ရွှေဈေးနှုန်းများ ပြန်လည်မြင့်တက်လာ
၃။ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ပင်မစီမံကိန်း (၂၀၂၆-၂၀၃၀)ကို ခေတ်စနစ်နှင့်အညီရေးဆွဲမည်
၄။ နာဇီခေါင်းဆောင်များအားတရားစီရင်ခဲ့သည့်ဂျာမနီတရားစီရင်ရေးပြခန်းသို့ ခရီးသွားဧည့်သည်အများအပြားလာရောက်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များနှင့်ဆေးပညာနှီးနွှယ်တက္ကသိုလ်များသို့ ဝင်ခွင့်ကိုစက်တင်ဘာလ(၂)ရက်မှစတင်ကာ လျှောက်ထားနိုင်ပြီဖြစ်တယ်လို့သိရပါတယ်။
#Local_News
Published 27 August 2025
#ဆေးဘက်ဆိုင်ရာတက္ကသိုလ် #တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများ
#YMG/SW #Yangon_Times
မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ပင်မစီမံကိန်း (၂၀၂၆-၂၀၃၀) ကို ခေတ်စနစ်နှင့်အညီ ပြန်လည်ပြင်ဆင်ရေးဆွဲနိုင်ရေး အစိုးရ-ပုဂ္ဂလိကကိုယ်စားလှယ်များပါဝင်သောလုပ်ငန်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ကြရေးအတွက်အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က တိုက်တွန်းပြောကြားခဲ့ပါတယ်။
#Local_News
Published 27 August 2025
#ဟိုတယ်နှင့်ခရီးသွားလာရေး #မြန်မာနိုင်ငံခရီးသွားလုပ်ငန်းပင်မစီမံကိန်း
#YMG/SW #Yangon_Times
အခုတစ်ပတ်အတွင်း ရည်ညွှန်းဈေးအနည်းငယ်နဲ့ ပြင်ပဈေး ကျပ်နှစ်သိန်းကျော်အထိ ပြန်လည်မြင့်တက်လာတယ်လို့ ရွှေဈေးကွက်ထဲက သိရပါတယ်။
#Local_News
Published 27 August 2025
#ရွှေ
#YMG/NN #Yangon_Times
အခုနှစ် ဩဂုတ်လကစပြီး နိုင်ငံတော်ရဲ့စီးပွားရေးအထောက်အကူပြုသီးနှံတွေ စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူတွေလိုအပ်တဲ့ ယူရီးယားဓာတ်မြေဩဇာ နဲ့ ၁၅ ပတ်လည်ကွန်ပေါင်းဓာတ်မြေဩဇာတွေကို
ဈေးကွက်ပေါက်ဈေးထက်၂၅ ရာခိုင်နှုန်း လျှော့ဈေးနဲ့ ဖြန့်ဖြူးဖို့ ဆောင်ရွက်နေတယ်လို့ စိုက်ပျိုးရေးနှင့်မွေးမြူရေး၊ဖွံဖြိုးရေးကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောကပြောပါတယ်။
#Local_News
Published 27 August 2025
#ယူရီးယားဓာတ်မြေဩဇာ #တောင်သူ
#YMG/NN #Yangon_Times
#Local_News
Published 27 August 2025
▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယခုလအအတွင်း လေးကြိမ်မြောက်အဖြစ် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၃၂ သန်း ထပ်မံထုတ်ရောင်းေပးမည်ဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်ထားသည်။
▪️ စက်သုံးဆီလုပ်ငန်းရှင်များအတွက်ဗဟိုဘဏ်မှ နိုင်ငံခြားငွေများ ထုတ်ရောင်းပေးခဲ့ရာတွင် ယခု ဘဏ္ဍာနှစ်အစ ဧပြီလတွင် ၉၃ သန်း၊ မေလတွင် ဒေါ်လာ ၈၆ သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀၊ ဇွန်လတွင် ဒေါ်လာ ၁၂၅ သန်း၊ ဇူလိုင်လတွင် ဒေါ်လာ ၁၅၃ သန်းနှင့် ယခုလတွင် ဒေါ်လာ ၁၂၆ သန်း စုစုပေါင်းဒေါ်လာ၅၈၃ သန်းနှင့်ထိုင်းဘတ်သန်း၂၀၀ ထုတ်ရောင်းပေးထားသည်။
▪️ ဗဟိုဘဏ်မှစက်သုံးဆီလုပ်ငန်းရှင်များအတွက် ယခုကဲ့သို့ဒေါ်လာ ၃၂ သန်းထုတ်ရောင်းပေးခြင်းအပြင်သွင်းကုန်လုပ်ငန်းရှင်များအတွက်လည်း တရုတ်ယွမ် ၁၅ သန်းကိုလည်း ရောင်းချပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
#YMG/SW #Yangon_Times
#Local_News
Published 27 August 2025
▪️ မြန်မာနိုင်ငံအစိုးရနှင့် အိန္ဒိယသမ္မတ နိုင်ငံအစိုးရတို့အကြား
သံအဖွဲ့(သို့မဟုတ်)ကောင်စစ်ဝန်ရုံးတို့မှ အဖွဲ့ဝင်များ၏ မှီခိုသူမိသားစုဝင်များကို အကျိုးအမြတ်ရှိသော အလုပ်အကိုင်များတွင် လုပ်ကိုင်ခွင့်ပြုခြင်း သဘောတူညီချက် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယခုလ(၂၆)ရက်က နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ကျင်းပခဲ့သည်။
▪️ အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အိန္ဒိယသံရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အဆိုပါသဘောတူညီချက်အား နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော် ရှေ့မှောက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur တို့က နှစ်နိုင်ငံကိုယ်စား လက်မှတ်ရေးထိုးခဲ့ကြကြောင်းသိရသည်။
▪️ ထိုသဘောတူညီချက်သည် မြန်မာနိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့အကြား ခိုင်မာသည့်ဆက်ဆံရေးနှင့်မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှုကိုဖော်ပြလျက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 345 of 2443