တောင်ငူမြို့မှာ မိုးသည်းထန်ပြီး စစ်တောင်းမြစ်ရေဟာ စိုးရိမ်ရေအမှတ်အထက်ကျော်လွန်နေတဲ့အတွက် ရေဘေးသင့်ပြည်သူတွေကို ရေဘေးကယ်ဆယ်ပေးနေရတယ်လို့ တောင်ငူအခြေစိုက်ပရဟိတအသင်းတွေထံမှ သိရပါတယ်။
#Local_News
Published 28 August 2024
#စစ်တောင်းမြစ်ရေကြီးနေ #ရေဘေးသင့်သူများကိုကယ်ဆယ်
#YMG/tthl #Yangon_Times
#Local_News
Published 28 August 2024
▪️ ရန်ကုန်-မန္တလေးအမြန်လမ်း၌ ခြောက်ဘီးကုန်တင်ယာဉ်နှစ်စီးတိုက်မိ၍ တစ်ဦးသေဆုံး၍ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဩဂုတ် ၂၈ရက်နေ့၊ မနက်၅နာရီ ၅၀ မိနစ်အချိန်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၉၂/၀)နှင့် (၉၂/၁)ကြားတွင် နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော Hino Ranger အမျိုးအစား(၆)ဘီး ကုန်တင်ယာဉ်အား လားရာတူနောက်မှ မောင်းနှင်လာသော Nissan Condor အမျိုးအစား(၆)ဘီး ကုန်တင်ယာဉ်မှ ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် မြိုချောင်းအမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ကြောင်း၊ ယင်းယာဉ်တိုက်မှုကြောင့် Nissan Condor ယာဉ်ပေါ်ပါ ယာဉ်မောင်းကျား(၁)ဦး (သေဆုံး)နှင့် ယာဉ်နောက်လိုက်ကျား(၁)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)တို့အား ရဲတပ်ဖွဲ့ပိုင် သူနာတင်ယာဉ်ဖြင့် မြိုချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
မိုးနှောင်းကာလ စက်တင်ဘာလနဲ့အောက်တိုဘာလမှာ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်နဲ့မြစ်အချို့ရဲ့ မြစ်ရေတွေစိုးရိမ်ရေအမှတ်အထက်ကျော်လွန်နိုင်တယ်လို့ သိရပါတယ်။
#Local_News
Published 28 August 2024
#မိုးနှောင်းကာလ #စိုးရိမ်ရေအမှတ်အထက်ကျော်လွန်
#YMG/tthl #Yangon_Times
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို လာရောက်ပတ်သူကကြားရက်များတွင် ပုံမှန်ရှိပေမယ့် ပိတ်ရက်တွေမှာတော့ တစ်ရက်ကိုလူဦးရေ သုံးထောင်ဝန်းကျင်လာရောက်လည်ပတ်တယ်လို့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အုပ်ချုပ်ရေးမှူးထံက သိရပါတယ်။
#Local_News
Published 28 August 2024
#ရန်ကုန်တိရစ္ဆာန်ဥယျာဉ် #လူဦးရေသုံးထောင်ဝန်းကျင်လာရောက်
#YMG/NN #Yangon_Times
EPS စနစ်နဲ့ ပထမဆုံး မြန်မာအမျိုးသမီးအလုပ်သမားတွေခေါ်ယူဖို့ တောင်ကိုရီးယားအလုပ်
ရှင်တွေရဲ့ စိတ်ဝင်စားမှုတွေမြင့်တက်နေတယ်လို့ ကိုရီးယားနိုင်ငံရောက် မြန်မာလုပ်သားများအရေးဆောင်ရွက်နေသူတွေနဲ့ EPS-Korea သင်တန်းကျောင်းတွေက သိရပါတယ်။
#Local_News
Published 28 August 2024
#တောင်ကိုရီးယားအလုပ်ရှင် #EPSစနစ်
#YMG/NN #Yangon_Times
#Daily_News
Published 27 August 2024
၁။ မျောက်ကျောက်ရောဂါသံသယလူနာတွေ့ပါက ဝေဘာဂီဆေးရုံသို့ပို့ဆောင်ပြီး ကျန်းမာရေး စောင့်ရှောက်ပေးရန်ပြင်ဆင်ထား
၂။ (LPG) ၊ (CNG)နှင့် စက်ဆုံးဆီအရောင်းဆိုင်များ၏ သိုလှောင်မှုဂါလန်များကို တိုးမြှင့်သတ်မှတ်
၃။ ရန်ကုန်တိုင်းမှာ မိုးတိမ်တောင်ဖြစ်ထွန်းပြီး ဒေသ (၃)ခုတွင် မိုးပိုမည်
၄။ ဝူခုန်းဂိမ်းထွက်ရှိပြီး နာရီပိုင်းအတွင်းမှာပင် အရောင်းရဆုံးဂိမ်းဖြစ်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 27 August 2024
▪️ နယ်ချဲ့မှ အိန္ဒိယတွင်မထားရဲ၍ မြန်မာနိုင်ငံသို့ပို့ကာ မန္တလေးထောင်တွင် ထောင်သွင်းအကျဉ်းချခံခဲ့ရသော အိန္ဒိယလွတ်လပ်ရေးလှုပ်ရှားမှု၏ ပထမဦးဆုံးခေါင်းဆောင် ‘လောက်မန်ယာထိလပ်’အကြောင်း စာအုပ်အပါအဝင် စာရေးဆရာဟိန်းလတ်၏ စာအုပ်သစ်နှစ်အုပ်ကို သြဂုတ်လ(၂၅)ရက်၊ ရန်ကုန် ဝန်ကြီးများရုံး Lantern House၌မိတ်ဆက်ထုတ်ဝေခဲ့ကြောင်း သိရသည်။
▪️ ဗြိတိသျှကိုတော်လှန်၍ မန္တလေးထောင်တွင်အကျဉ်းကျခဲ့သည့် အဆိုပါ အိန္ဒိယခေါင်းဆောင် ‘လောက်မန်ယာထိလပ်’ အကြောင်းကို ရေးသားထားခြင်းဖြစ်သည်။
▪️ စာရေးဆရာဟိန်းလတ်၏‘မြန်မာပြောသော မြန်မာစကား’စာအုပ်နဲ့ အိန္ဒိခေါင်းဆောင်‘လောက်မန်ယာထိလပ်’စာအုပ်တို့ကို မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။
▪️ အိန္ဒိယခေါင်းဆောင်‘လောက်မန်ယာထိလပ်’ဟာဆိုရင် ဗြိတိသျှနယ်ချဲ့လက်အောက်မှလွတ်မြောက် ရေးအတွက် စတင်တော်လှန်လှုပ်ရှားခဲ့သူဖြစ်သည် ဟုဆိုသည်။
▪️ နယ်ချဲ့မှ အိန္ဒိယ၌ပင်မထားရဲသဖြင့်မြန်မာနိုင်ငံသို့ပို့ကာ မန္တလေးထောင်မှာ (၆)နှစ်ထောင်သွင်း အကျဉ်းခံသူ၊ မန္တလေး ထောင်အတွေ့အကြုံတွေအပါအဝင် အိန္ဒိယအမျိုးသားရေးဝါဒီ ဦးဆောင်ပုဂ္ဂိုလ်‘လောက်မန်ယာထိလပ်’အကြောင်းများကို ရေးသားဖော်ပြထားသည့် စာအုပ်လည်းဖြစ်သည်။
▪️ ယင်းအပြင် မြန်မာစာမြန်မာစကားကိုအလေးအမြတ်ပြုတန်ဖိုးထားသူများအတွက် ‘မြန်မာပြောသော မြန်မာစကား’စာအုပ်မှာ ဝေါ်ဟာရ ခက်ဆစ်တွေ၊ မူလဆိုရိုးစကားတွေအပါအဝင် မြန်မာစကား ကြွယ်ဝစေဖို့ စုဆောင်းတင်ပြထုတ်ဝေထားသည်။
▪️ စာရေးဆရာဟိန်းလတ်၏ ယင်းစာအုပ်သစ်နှစ်အုပ်ကို ခေတ်စာအုပ်ပုံနှိပ်တိုက်မှ ထုတ်ဝေပေးထားကြောင်း သိရသည်။
#YMG/tthl #Yangon_Times
Page 347 of 2031