#Local_News
Published 30 September 2025

▪️ ရန်ကုန်မြို့ ၊တာမွေမြို့နယ်၊ သံလမ်းမှတ်တိုင်တွင် ယာဉ်(၁)စီးတိမ်းမှောက်ပြီး လူညှပ်နေ၍ ကယ်ထုတ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

▪️ စက်တင်ဘာ ၃၀ရက်နေ့၊ မနက်၆ နာရီ၂၂မိနစ် အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ သံလမ်းမှတ်တိုင်တွင် ယာဉ်(၁)စီးတိမ်းမှောက်ပြီး လူညှပ်နေကြောင်း သိရသည်။

▪️ အဆိုပါ သတင်းရရှိသဖြင့် တာမွေမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီးဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၆နာရီ ၃၂ မိနစ်အချိန်တွင် (မစိုးရိမ်ရ) လူနာ(၁)ဦးအား ကယ်ထုတ်ပြီးစီးခဲ့ကြောင်းသိရသည်။

#YMG/NN #Yangon_Times