#Local_News
Published 14 January 2025
▪️ နိုင်ငံခြားငွေကြေးစျေးကွက်မှာ စက်သုံးဆီလုပ်ငန်းရှင်တွေကိုမြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာ ၂၅သန်းကို ယမန်နေ့က ထုတ်ရောင်းခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
▪️ အဆိုပါကဲ့သို့ ရောင်းချရာတွင် ငွေလဲလှယ်နှုန်း အမေရိကန်တစ်ဒေါ်လာကို ၃၅၉၂ ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ခြင်းဖြစ်သည်။
▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေကြေးများကိုယခုနှစ်ဆန်း၌ ဆက်တိုက် ဆက်လက် ထုတ်ရောင်းပေးနေကြောင်း သိရသည်။
▪️ ထိုသို့ရောင်းချရာတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂ ရက်နေ့ကလည်း ငွေလဲနှုန်း ၃၅၈၈ ကျပ်ဖြင့် အမေရိကန်ဒေါ်လာ ၂၅ သန်း၊ ငွေလဲနှုန်း ၅၃၈ ကျပ်ဖြင့် တရုတ်ယွမ် ၆၇၈၃၅၄ ၊ ငွေလဲနှုန်း ၁၂၉.၉ ကျပ်ဖြင့် ထိုင်းဘတ် ၂.၄ သန်းကိုလည်း ထုတ်ရောင်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် ဇန်နဝါရီလ ၆ ရက်နေ့တွင် ငွေလဲနှုန်း ၃၅၉၁ ကျပ်ဖြင့် အမေရိကန်ဒေါ်လာ ၂၅ သန်း၊ ငွေလဲနှုန်း ၁၃၀.၃ ကျပ်ဖြင့် ထိုင်းဘတ် ၂.၈ သန်းများ ထုတ်ရောင်းပေးခဲ့ကြောင်း သိရသည်။
▪️ အလားတူ ဇန်နဝါရီလ ၁၀ ရက်နေ့တွင်လည်း ငွေလဲနှုန်း ၅၃၉.၆ ကျပ်နှင့် တရုတ်ယွမ် ၇၁၄,၈၅၃ ကို ထုတ်ရောင်းခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 14 January 2025
▪️ CHID Bank တွင် စုဆောင်းငွေပြည့်မီသူများ အတိုးနှုန်းသက်သာသော ချေးငွေစနစ်ဖြင့် သီလဝါအိမ်ရာမှာခန်းများကို ဝယ်ယူနိုင်မည်ဖြစ်ကြောင်း အဆိုပါဘဏ်က ယနေ့ထုတ်ပြန်ကြေညာထားသည်။
▪️ CHID Bank ၏ အိမ်ရာစုဆောင်းငွေစာရင်း (Housing Savings Account) တွင် ၃၁-၁၂-၂၀၂၃ ရက်နေ့အထိ သတ်မှတ်ပမာဏပြည့်မီအောင် စုဆောင်းထားရှိသူများ အနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ရောင်းချမည့် သီလဝါအိမ်ရာတွင် ကျန်ရှိသော ၆ ခန်းတွဲ ၅ ထပ် (၆၁)ခန်း၊ ၈ ခန်းတွဲ ၅ ထပ် (၂၇) ခန်း၊ စုစုပေါင်း (၈၈) ခန်းကို အတိုးနှုန်းသက်သာသော ချေးငွေစနစ်ဖြင့် လျှောက်ထားရန် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ “DUHD Sale Housing” Facebook Page Messenger တွင် အဆိုပြု စာရင်းပေးသွင်းရမည် ဖြစ်ကြောင်း၊၃၁-၁၂-၂၀၂၃ ရက်နေ့အထိ အိမ်ရာစုဆောင်းငွေစာရင်း (Housing Savings Account) တွင် သတ်မှတ်ပမာဏ ပြည့်မီစွာ စုဆောင်းထားရှိသူများစာရင်းကိုလည်း "DUHD Sale Housing" Facebook Page” တွင် ပူးတွဲဖော်ပြထားကြောင်း သိရသည်။
▪️ ရောင်းချမည့်အိမ်ရာ၏ အချက်အလက်များနှင့် စာရင်းပေးသွင်းရမည့်အစီအစဉ်ကို မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ “DUHD Sale Housing” Facebook Page” တွင်အသေးစိတ် ဖော်ပြထားပြီး အခန်းဝယ်ယူလိုကြောင်း အဆိုပြုစာရင်းပေးသွင်းပြီးပါက တန်းစီဇယားအမှတ်စဉ် (Seniority List) အလိုက် ဝယ်ယူခွင့် ရရှိသူများ၏စာရင်းကို မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန မှပြန်လည်အသိပေး ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
မြန်မာနိုင်ငံရဲ့တစ်ခုထဲသော စာဆိုဗိမာန်အတွက်စာပေအနု သုခုမလက်ရာ ပစ္စည်းတွေလှူဒါန်းနိုင်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။
#Local_News
Published 14 January 2025
#စာဆိုဗိမာန် #သုခုမလက်ရာ ပစ္စည်း
#YMG/SW #Yangon_Times
ဧရာဝတီတိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ်ငါးခုမှာအခု ဇန်နဝါရီလကနေ စတင်ပြီး လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးစီမံချက် တွေဆောင်ရွက်သွားမယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သိရပါတယ်။
#Local_News
Published 14 January 2025
#လေပြင်းဘေးကြိုတင်ပြင်ဆင် #တိုင်းနှင့်ပြည်နယ်ငါးခု
#YMG/NN #Yangon_Times
ပြည်ပဈေးကွက်ဝင်နှမ်းနက်တွေ ပစ္စည်းပြတ်လို့ တရုတ်ဝယ်လက်တွေ ကိုယ်တိုင်ဒေသတွင်းကို ဆင်းဝယ်လာတာကြောင့် ဈေးနှုန်းနှစ်ဆအထိ မြင့်တက်လာတယ်လို့ တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့ ၊(မကွေး )က သိရပါတယ်။
#Local_News
Published 14 January 2025
#မြန်မာ့နှမ်းနက် #ဈေးနှစ်ဆမြင့်တက်
#YMG/NN #Yangon_Times
လာအိုကိုရောက်ရှိနေတဲ့ အထောက်အထားမဲ့ မြန်မာရွေ့ပြောင်းလုပ်သားတွေကို မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးဖို့ စီစဉ်နေတယ်လို့ အလုပ်သမားဝန်ကြီးဌာနက တဆင့်သိရပါတယ်။
#Local_News
Published 14 January 2025
#မြန်မာရွှေ့ပြောင်းလုပ်သား #သက်သေခံလက်မှတ်ထုတ်ပေး
#YMG/SW #Yangon_Times
#Local_News
Published 14 January 2025
▪️ MSME လုပ်ငန်းများ၏ စားသောက်ကုန်များ၊ စက်မှုလုပ်ငန်းများမှ ထွက်ရှိသည့် စွန့်ပစ်ရေများကို စမ်းသပ်စစ်ဆေးပေးနိုင်ရန်အတွက် ဓာတ်ခွဲခန်းတစ်ခုကို ပြင်ဦးလွင်မြို့မှာဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။
▪️ ဓာတ်ခွဲခန်းဖွင့်လှစ်မည့် အဆောက်အအုံကို ကောင်းမွန်သော ဓာတ်ခွဲခန်းအလေ့အကျင့် (GLP) များနှင့်အညီ တိတိကျကျလိုက်နာအကောင်အထည် ဖော်ဆောင်ရွက်ရန်၊ ဓာတ်ခွဲခန်းကို MSME များ ဖွံ့ဖြိုးတိုးတက်စေရေး အထောက် အကူဖြစ်စေရန်၊ ဓာတ်ခွဲခန်းအတွက် လိုအပ်သောစက်ပစ္စည်းကိရိယာများအား အချိန်မီဖြည့်ဆည်းဆောင်ရွက်ပေးရန်တို့ကို ဇန်နဝါရီ ၁၂ရက်တွင်အဆိုပါ နေရာသို့ သွားရောက်ကြည့်ရှုခဲ့သည့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားခဲ့သည်။
▪️ ထို့ပြင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် MSME များ ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေးဆောင်ရွက်လျက်ရှိသဖြင့် ထုတ်လုပ်မှုလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင်စီမံဆောင်ရွက်ရန်၊ လုပ်ငန်းဆောင်ရွက်နေစဉ် တွေ့ကြုံရသည့် အခက်အခဲများရှိပါက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးနိုင်ရေးအတွက် ပွင့်ပွင့်လင်းလင်းတင်ပြရန်တို့ကို လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 350 of 2186