ပြည်ပဝယ်လိုအားကြောင့် ဈေးတဖြည်းဖြည်း မြင့်တက်လာတဲ့ ကြက်သွန်နီဈေးကွက်ဟာ ပြည်တွင်းဝယ်လိုအား လည်းပုံမှန်ရှိပါတယ်။ ဖေဖေါ်ဝါရီ နောက်ဆုံးပတ်ကစပြီး ပြည်ပအဝယ်ရှိလာတဲ့အတွက် ကြက်သွန်နီဈေးမြင့်တက်ခဲ့ရာ လက်ရှိကာလအထိ ဈေးနှုန်းမှာအမြင့်ဘက်ကိုသာသွားနေတယ်လို့ ဆိုပါတယ်။
#Local_News
Published_ 15 March 2024
#ကြက်သွန်နီဈေးမြင့်တက် #ပြည်ပဝယ်လိုအား
#YMG/LW #Yangon_Times
အွန်လိုင်းရုပ်ရှင်ရုံတွေ၊ ရုပ်ရှင်အက်ပလီကေးရှင်းတွေ၊ အွန်လိုင်းပေါ်မှထုတ်လွှင့်ပြသတဲ့ရုပ်ရှင်ကား၊ ဗီဒီယိုကား၊မှတ်တမ်းတင်ကား၊ မော်ကွန်းတင်ကား၊ သတင်းကား၊ ဖျော်ဖြေရေးကား၊ ပညာပေးကားတွေ ဖြန့်ချိ၊ ထုတ်လွှင့် ၊ ရောင်းချတာတွေ လုပ်ငန်းမှတ်ပုံတင်ရတော့မယ်။
ပြန်ကြားရေးဝန်ကြီးဌာန
#Local_News
Published_ 15 March 2024
#ဆက်သွယ်ရေးကွန်ရက် #ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်း
#tthl #Yangon_Times
#Local_News
Published 15 March 2024
ယခု၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ၁၁ လအတွင်းမြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုတိုးတက်သော်လည်း ထိုင်းအပါအဝင်အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်မှု ကျဆင်းနေကြောင်းစီးပွားရေးနှင့် စီးကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်နေခြင်းဖြစ်သည်။
ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ် ၁၁ လအတွင်းမြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ (၃.၁) ဘီလီယံကျော်အထိ ရောက်ရှိခဲ့ပြီး ပြီးခဲ့သည့်နှစ် ကာလတူနှင့် နှိင်းယှဉ်ပါက ဒေါ်လာ (၃၂၄.၇၉၀) သန်းအထိ တိုးလာခဲ့ကြောင်း သိရသည်။
သို့သော်ထိုင်းနိုင်ငံနှင့် နှစ်ဖက်ကုန်သွယ်မှု ဒေါ်လာ (၈၇၉.၈၅၄) သန်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဒေါ်လာ (၁၆.၉၀၂) သန်း၊ အိန္ဒိယနိုင်ငံနှင့် ဒေါ်လာ (၁၃) သန်း လျော့ကျသွားကြောင်းသိရသည်။
ပြည်တွင်းမှ လယ်ယာထွက်ကုန်၊ မွေးမြူရေးနှင့် ရေထွက်ကုန်၊ သတ္တုတွင်းထွက်၊ သစ်တောထွက်၊ ကုန်ထုတ်လုပ်မှု နှင့် အခြားသော ကုန်စည်များအားအိမ်နီးချင်းနိုင်ငံများထံ အဓိကထား တင်ပို့နေခြင်းဖြစ်သည်။
အိမ်နီးချင်းနိုင်ငံများမှမူ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်း၊ လူသုံးကုန်ပစ္စည်းနှင့် CMP ကုန်ကြမ်းများကို ပြန်လည်တင်သွင်းလျက်ရှိကြောင်း သိရသည်။
#Local_News #တရုတ်နှင့်ကုန်သွယ်ရေး #အိမ်နီးချင်းနိုင်ငံများ #နယ်စပ်ကုန်သွယ်မှုကျဆင်း #YMG/ NN #Yangon_Times
#Local_News
Published_ 15 March 2024
မြန်မာနိုင်ငံတွင်မိရိုးဖလာ စားသုံးဆီထုတ်လုပ်ခြင်းမှ နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ကိုက်ညီသော စားသုံးဆီသန့်ထုတ်လုပ်နိုင်ရေးကို ရုရှားကုမ္ပဏီနှင့်ဆွေးနွေးခဲ့ကြောင်း စက်မှုဝန်ကြီးဌာနမှသိရသည်။
ရုရှားနိုင်ငံ NPP A-Engineering LLC Company မှ Chief Commercial Officer Mr. Alexei Shoshin ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲအားစက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းမှ လက်ခံတွေ့ဆုံစဉ်ယင်းကဲ့သိုဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက "စားသုံးဆီများကို အစားအစာဘေးကင်းလုံခြုံမှု စည်းမျဉ်းစည်းကမ်းများနှင့်အညီ နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ကိုက်ညီစွာ အဆင့်မြှင့်တင်ထုတ်လုပ်ရေး၊မိရိုးဖလာဆီထုတ်လုပ်သည့် လုပ်ငန်းနည်းစနစ်မှ ပိုမိုကောင်းမွန်သည့် ဆီချောထုတ်လုပ်နိုင်ရန် ဆီသန့်စင်သည့် Refinery ဆိုင်ရာ နည်းပညာများလိုအပ်ခြင်းနှင့် ဆီသန့်စင်စက်များ ဝယ်ယူတင်သွင်းနိုင်ရေးတို့ကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း"သိရသည်။
ယင်းသိုတွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံအမျိုးမျိုးမှ တစ်နှစ်လျှင် တန်ချိန် ၃၅၀၀၀ ထွက်ရှိမည့် စားသုံးဆီထုတ်လုပ်မှုလိုင်းတည်ဆောက်ရေး၊ ဆီကြိတ်ခွဲရာမှ ထွက်ရှိသည့် ဘေးထွက်ပစ္စည်းများဖြင့် တိရစ္ဆာန်အစားအစာနှင့် လောင်စာတောင့်များ ထုတ်လုပ်ရေး၊ သီးနှံများစိုက်ပျိုးခြင်း၊ ပြုပြင်ထုပ်ပိုးခြင်း၊ သင်တန်းများဖွင့်လှစ်ခြင်း၊ ကုန်ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် စက်များတပ်ဆင်ခြင်းနှင့် စမ်းသပ်လည်ပတ်ခြင်း၊ ကြီးကြပ်ပေးခြင်းစသည့် လုပ်ငန်းများဆောင်ရွက်ရေးစသည့် ကိစ္စရပ်များကို အမြင်ချင်းဖလှယ်၍ ဆွေးနွေးခဲ့ကြသည်။
ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက်ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေး၊ စိုက်ဧကများအားလုံးတွင် သတ်မှတ်ပန်းတိုင်အထွက်နှုန်းများ ရရှိရေး၊ ဆီထွက်သီးနှံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရေး၊ မျိုးကောင်းမျိုးသန့် ရွေးချယ်ခြင်း၊ စိုက်နည်းစနစ်နှင့် စိုက်ချိန်မှန်ကန်ခြင်း၊ မြေပြုပြင်ခြင်းနှင့် သွင်းအားစုများထည့်သွင်းခြင်း၊ ပိုးမွှားရောဂါနှိမ်နင်းခြင်း၊ စနစ်တကျရိတ်သိမ်းခြွေလှေ့ခြင်း စသည့်ကိစ္စရပ်များကို နိုင်ငံတော်မှ တွန်းအားပေး ဆောင်ရွက်နေကြောင်းလည်း ဖော်ပြထားသည်။
#Local_News #စားသုံးဆီသန့်ထုတ်လုပ် #ရုရှားမှဆီသန့်စင်စက်တင်သွင်း #tthl #Yangon_Times
#Local_News
Published 15 March 2024
ပြည်သူများအနေဖြင့် နွေကာလဖြစ်သည့် မတ်လ၊ ဧပြီလနှင့် မေလများအတွင်း ဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသဖြစ်စဉ်များနှင့် ပတ်သက်၍ အထူးဂရုပြုနေထိုင်သွားကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က မတ်လ၁၅ ရက် တွင် သတိပေးနှိုးဆော်ထားသည်။
မြန်မာနိုင်ငံအရပ်ရပ်တွင် နွေကာလဖြစ်သည့် မတ်လ၊ ဧပြီလနှင့် မေလများအတွင်း နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာရာမှ အပူပျံတက်တိမ်များဖြစ်ထွန်း၍ မွန်းလွဲ/ ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သည့်အပြင် လေပြင်းတိုက်ခတ်စဉ် မြေပြင်/ ရေပြင် လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ မိုင်(၅၀)အထိ တိုက်ခတ်နိုင်ကြောင်း သတိပေးနှိုးဆော်ချက်တွင် ဖေါ်ပြထားသည်။
သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် နွေကာလဖြစ်သည့် မတ်လ၊ ဧပြီလနှင့် မေလများအတွင်း ဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသဖြစ်စဉ်များနှင့် ပတ်သက်၍ အထူးဂရုပြုနေထိုင်သွားကြပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေးနှင့် ရေကြောင်းခရီးစဉ်များအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်ထားသည်။
#Local_News #မိုးလေဝသဖြစ်စဉ် #အထူးဂရုပြုနေထိုင်ရန်မိုးဇလသတိပေး #YMG/LW #Yangon_Times
#Local_News
Published 15 March 2024
ဧရာဝတီတိုင်းဒေသကြီးမှထွက်ရှိသည့် မျှင်ငပိများဈေးကောင်းရနေကြောင်း ငါးပိ၊ ငါးခြောက်ရောင်းဝယ်ရေး လုပ်ကိုင်သူများထံမှ သိရသည်။
အဆိုပါဧရာဝတီတိုင်းဒေသကြီး ဘိုကလေး၊ ဖျာပုံစသည့်ဒေသများမှထွက်ရှိသည့် မျှင်ငါးပိ အချိန် ၁၀ ကို ငွေကျပ် ၁၈၅,၀၀၀ အထိ ဈေးရှိနေပြီးရန်ကုန်ဈေးကွက်သို့တင်ပို့လေ့ရှိကြောင်း သိရသည်။
"မျှင်ငပိဈေးက ပုံမှန်လေးကောင်းနေတယ်၊ ဒီဘက်ကထွက်တာကပိုချိုတယ်လေ၊ ရန်ကုန်ကိုအဓိကတင်ပို့တာပါ၊ မှာယူတာလည်းများလို့ တစ်လတစ်လပိုတိုးပို့ရတယ်" ဟု ဘိုကလေးမြို့နယ်က ငါးပိ၊ ငါးခြောက်ရောင်းဝယ်ရေး လုပ်ကိုင်သူတစ်ဦးက ပြောသည်။
ထိုသို့တင်ပို့ရာတွင် ပိသာချိန် ကိုးထောင်နီးပါးတင်ပို့နေရပြီး မျှင်ငါးပိပြုလုပ်သူများအနေဖြင့် ပင်လယ်ပြင်မှရရှိသည့် မျှင်ကောင်များကို ဝယ်ယူအသုံးပြုပြီး အသင့်စားသုံးနိုင်သည့် မျှင်ငါးပိအဖြစ် ထုပ်လုပ်ရောင်းချနေခြင်း ဖြစ်ကြောင်း သိရသည်။
မျှင်ကောင်လေးများသည် အကောင်ရေသိန်းသန်းချီပြီးကမ်းခြေအနီး ရေတိမ်ပိုင်းမှာ အုပ်စုဖွဲ့နေထိုင်လေ့ရှိရာဖမ်းဆီးရမိသော မျှင်ကောင်များအားအမှိုက်များ၊ သဲများနှင့် ရောနှောပါလာတတ်သည့်ငါးငယ်များအား ဖယ်ယူသန့်စင်ရကြောင်း၊ ထို့နောက် တစ်နေ့လုံး နေရောင်ရရှိနိုင်သည့် ကွင်းပြင်ကျယ်များတွင်သန့်ရှင်းသည့် အကွက်စိပ် ပလတ်စတစ်ပိုက်များခင်းကာ တစ်နေ့တာ နေလှန်းပြီးနောက်, မျှင်ခြောက်များအားဒေသရိုးရာ လက်ထောင်းဆုံ,ခြေနင်းမောင်းဆုံတို့ဖြင့် ရေအနည်းငယ်ဆွပ်ဖျန်း၍ ကြေညက်အောင်ထောင်းရလေ့ရှိကြောင်း သိရသည်။
ထိုသို့ထောင်းယူပြီးနောက် အဖဲ့ငယ်များဖဲ့ကာ နေထပ်လှန်းရလေ့ရှိကြောင်း၊ ၎င်းမှာ တစ်ထပ်ထောင်းနေလှန်းပြီးနောက် ဒုတိယအကြိမ်ရှေ့နည်းတူ နှစ်ထပ်ထောင်းရလေ့ရှိကြောင်း၊ ထိုသို့ထောင်းပြီးသည့်နောက် ထပ်၍နေလှန်ပြီးသည့်နောက် ရှေ့နည်းတူစွာပင် ထပ်၍ထောင်းပြီးသေါအခါ အသင့်စားသုံးနိုင်သည့်မျှင်ငါးပိကိုရရှိကြောင်း သိရသည်။
အဆိုပါ မျှင်ငါးပိ ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းသည် ဒေသထုတ်ကုန် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီး မျှင်ငါးပိ လုပ်ငန်းတစ်ခုလျှင် လုပ်သားအနည်းဆုံး ၁၀ ဦး မှ ၁၅ ဦး အထိ ဒေသတွင် အလုပ်အကိုင်ဖန်တီးပေးထားနိုင်ကြောင်း သိရသည်။
#Local_News #မျှင်ငါးပိများဈေးကောင်းရနေ #YMG/NN #Yangon_Times
#Local_News
Published_ 15 March 2024
Online Trading Platform မှ တစ်ဆင့်ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များအတွက်သုံးကြိမ်မြောက် အမေရိကန်ဒေါ်လာ ၅ သန်းကိုဗဟိုဘဏ်က ယနေ့တွင် ထပ်မံရောင်းချပေးမည်ဖြစ်ကြောင်း ကြေညာချက်အရ သိရသည်။
ဗဟိုဘဏ်သည် ဖေဖော်ဝါရီ ၂ ရက်တွင် ဒေါ်လာ ၅ သန်းနှင့် ထိုင်းဘတ်သန်း ၅၀၊ မတ်လ ၅ ရက်တွင် တရုတ်ယွမ် ၇ သန်းနှင့် ထိုင်းဘတ် ၁၂ သန်း ရောင်းချပေးထား၍ တစ်လကျော်အတွင်း Online Trading Platform မှတစ်ဆင့် နိုင်ငံခြားငွေ နှစ်ကြိမ်ရောင်းချပေးခဲ့မှု ဒေါ်လာ ၅ သန်း၊ တရုတ်ယွမ် ၇ သန်းနှင့် ထိုင်းဘတ် ၆၂ သန်း ထုတ်ရောင်းပေးထားပြီး၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ကုန်ဆုံးခါနီးတွင် ဗဟိုဘဏ်မှ ပိုကုန်သွင်းကုန်လုပ်ငန်းရှင်များကို ဒေါ်လာများဆက်တိုက်ထုတ်ရောင်းပေးနေခြင်းလည်းဖြစ်သည်။
နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း တစ်ဒေါ်လာ ကျပ် ၃,၅၀၀ ဝန်းကျင်သာရှိနေရာမှ ဖေဖော်ဝါရီလမှစတင်ကာ ငွေလဲလှယ်နှုန်း တဖြည်းဖြည်းမြင့်တက်လာခဲ့ရာမှ မတ် ၁၅ ရက်ယနေ့တွင် တစ်ဒေါ်လာလျှင် ၃၆၆၀ ကျပ် အထိရောက်ရှိလာကြောင်း သိရသည်။
ထိုသို့ ဒေါ်လာလဲလှယ်နှုန်းများ မြင့်တက်နေချိန် နိုင်ငံခြားငွေလဲလှယ်ရောင်းချသည့်လုပ်ငန်း လုပ်ကိုင်သည့် Money Changer ငါးခုကို ဗဟိုဘဏ်က ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းနှင့် ညွှန်ကြားချက်များကိုမလိုက်နာသာ့်အတွက် လိုင်စင်ခြောက်လနှင့် သုံးလဆိုင်းငံ့ထားကြောင်း သိရသည်။
#Local_News #Online_Trading_Platform #ယနေ့ဗဟိုဘဏ်ထုတ်ရောင်း #YMG/NN #Yangon_Times
Page 351 of 1813