#Local_News
Published 26 September 2025

▪️ မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများအနေဖြင့် မလေးရှားသို့ ကာလတို ၁၄ ရက်အလည်အပတ် သွားရောက်ရာတွင် ပြည်ဝင်ခွင့်ဗီဇာလိုအပ်ချက်များ ကင်းလွတ်ခွင့်ပြုကြောင်း ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံးက သတင်းထုတ်ပြန်ချက်အရ သိရသည်။

▪️ ထိုသို့ကင်းလွတ်ခွင့်ပြုရာတွင် အောက်တိုဘာ ၁ ရက်မှ စတင်ပြီး မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများအနေဖြင့် မလေးရှားနိုင်ငံသို့ ကာလတိုလူမှုရေး အလည်အပတ်ခရီးသွားရောက်ရန် ပြည်ဝင်ခွင့် ဗီဇာလိုအပ်ချက်များကို ကင်းလွတ်ခွင့်ပြုကာ ၁၄ ရက်အထိ နေထိုင်ခွင့်ပြုကြောင်း ဖော်ပြထားသည်။

▪️ ထို့ပြင် မလေးရှားနိုင်ငံသို့ ဝင်ရောက်ခွင့်သည် သတ်မှတ်ထားသည့် နိုင်ငံဝင်ပေါက်၊ ထွက်ပေါက်များရှိ လူဝင်မှုကြီးကြပ်ရေးအရာရှိ၏ အတည်ပြုမှုချက်အပေါ် မူတည်သဖြင့်ဗီဇာလိုအပ်ချက်များ ကင်းလွတ်ခွင့်ပြုခြင်းသည် မလေးရှားနိုင်ငံသို့ ဝင်ရောက်ခွင့်ရရန် အာမခံချက်မဟုတ်သည်ကို သတိပြုစေလိုကြောင်း သိရသည်။

#YMG/NN #Yangon_Times