သရုပ်ဆောင်အလင်းရောင်မှာ အခုနှစ် Asia Top Awards (2024)မှာ အကောင်းဆုံး သရုပ်ဆောင်ဆု Best Actor ဆုကို ရရှိခဲ့တာဖြစ်ပြီး ရှမ်းတိုင်းရင်းသားအဆိုတော် The Sai ကတော့ ပထမဦးဆုံးအကြိမ်အနေဖြင့် Asia Top Award (Culture Integration) ဆု၊ တိုင်းရင်းသားရုပ်ရှင်၊မှတ်တမ်းရုပ်ရှင်တွေရိုက်ကူးထုတ်လုပ်တဲ့ မြန်မာနိုင်ငံသား Director & Producer ကျော်ကျော်ဝင်းကလည်း အခုနှစ်မှာ ASIA TOP AWARDS 2024 Director & Producer ဆုကို ဆွတ်ခူးခဲ့သည်။
Yangon Times/tthl
#Local_News
#Published_ 19 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
အခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံကို ပြောင်းအဓိက တင်ပို့ရာလမ်းကြောင်းဖြစ်တဲ့ တာချီလိတ် နယ်စပ်ကုန်သွယ်ရေး
လမ်းကြောင်းထဲမှာပါဝင်တဲ့ တာကောတံတား ယာဉ်ကြောပိတ်ဆို့တာတွေ ဖြစ်နေပြီး တာလေတံတားမှာလည်း ပြောင်းတန်ချိန်တွေကို ဝိတ်လျော့တင်နေရတဲ့အတွက် အခက်အခဲတွေ ရှိနေတယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းကသိရပါတယ်။
Yangon Times/NN
#Local_News
#Published_ 19 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 19 March 2024
သမီးလှကျွန်း ပင်လယ်လိပ်မျိုး ထိန်းသိမ်းရေးစခန်း၌ လိပ်ကျင်းပေါင်း ၁၃၀ကျော်တွေ့ရှိပြီး ငါးနှစ်တာအတွင်းအများဆုံးတွေ့ရှိရကြောင်း သမီးလှကျွန်း ပင်လယ်လိပ်မျိုး ထိန်းသိမ်းရေးစခန်း မှသိရသည်။
ယခု၂၀၂၃-၂၄ ဘဏ္ဍာနှစ်၌ လိပ်ဥကျင်း ၁၃၇ကျင်း တွေ့ရှိထားခြင်းဖြစ်သည်။
' ဒီပမာဏကဒီဘဏ္ဍာနှစ်လက်ရှိအချိန်ထိ တွေ့တာပါ ၊အရင်နှစ် တွေက၆၀၊၇၀လောက် ပဲတက်တယ်၊ အရင်လွန်ခဲ့တဲ့ ၅နှစ်နဲ့ယှဉ်ရင်ဒီ နှစ်ကပိုများတယ် ' ဟု သမီးလှကျွန်း ပင်လယ်လိပ်မျိုးထိန်းသိမ်းရေးစခန်း မှ တာာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ပင်လယ်လိပ်ထိမ်းသိမ်းရေးစခန်းသည် မြန်မာနိုင်ငံကမ်းရိုးတန်းတလျောက် ငါးလုပ်ငန်းဦိးဌာနမှ ပင်လယ်လိပ်မျိုးထိန်း သိမ်းဆောင်ရွက်နေသော ဒေသများအနက် ပင်လယ်လိပ် အများဆုံးတက်ရောက်ဥချသည့် နေရာဒေသဖြစ်သည်။
ထိုသို့ဥချသည့် လိပ်များတွင် ပြင်သာလိပ်အများဆုံးတက်ရောက် ၍ဥလေ့ရှိကာပင်လယ်လိပ်များ တက်ရောက်ဥချမျိုးပွားသည့်နှုန်းကျဆင်းမသွားစေရန် ပင်လယ်လိပ်များ၊ နေထိုင်ရာစားကျက်နှင့်ဥချရာ ကမ်းခြေများ ပျက်ဆီးပျောက်ဆုံးခြင်းဖြစ်ပေါ်လာမှု့ တားဆီးရန်နှင့် ရေရှည်ဆက်လက်တည်တံခိုင်မြဲရန်ရည်ရွယ်၍ ဒေသတွင်း၌ ဟောပြောမှုများ ပြုလုပ်လေ့ရှိကြောင်းသိရသည်။
ထို့အပြင် မျိုးတုန်းလုနီးပါးလိပ်များကိုထိန်းသိမ်းလျက်ရှိရာ ပတ်ဝန်းကျင်ဒေသခံများ၏ပူးပေါင်းမှု့များလည်းလိုအပ်သည့်အတွက် ကမ်းခြေရှိ ကျေးရွာများတွင် ဟောပြောပွဲများ ပြုလုပ်လေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။
Yangon Times/NN
#Local_News
#Published_ 19 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 19 March 2024
မြန်မာ - ရုရှား မီဒီယာပူးပေါင်းဆောင်ရွက်မှုအဖြစ်လာမည့်စက်တင်ဘာလတွင်ကျင်းပမည့်ရုရှားသတင်းဌာနတစ်ခု၏နှစ် (၁၂၀)ပြည့်အခမ်းအနားသို့ မြန်မာမီဒီယာအဖွဲ့ကိုဖိတ်ကြားလိုသည်ဟု ရုရှားသတင်းဌာနကတာဝန်ရှိသူများက ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာ - ရုရှား နှစ်နိုင်ငံပြည်သူများ ချစ်ခင်ရင်းနှီးမှုနှင့် ကူးလူးဖလှယ်ဆက်ဆံမှုများ တိုးမြှင့်လုပ် ဆောင်လာစေရေး မီဒီယာကဏ္ဍပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲ၌ ထည့်သွင်း ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံဆွေးနွေးပွဲတွင် နှစ်နိုင်ငံသတင်းဖလှယ်မှု၊ အပြန်အလှန် သွားရောက်လေ့လာမှု၊ သင်တန်းများ ဖွင့်လှစ်လေ့လာမှု၊ ဂီတအနုပညာဖလှယ်မှု၊ နိုင်ငံတော် သံစုံတီးဝိုင်းလေ့ကျင့်ရေးနှင့်ပတ်သက်၍ နားလည်မှုစာချွန်လွှာ နှစ်ဖက်ပြုစု၍ လက်မှတ်ရေးထိုးနိုင်ရန်နှင့် လာမည့်စက်တင်ဘာလအတွင်း ITAR – TASS သတင်းဌာန နှစ် ၁၂၀ ပြည့်အခမ်းအနားသို့ မြန်မာမီဒီယာအဖွဲ့အား ဖိတ်ကြားလိုမှုတို့ကို ဆွေးနွေးကြသည်။
ဆွေးနွေးပွဲသို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ MI Channel ညွှန်ကြားရေးမှူး ဒေါ်လိန်းမောင်းပန်နှင့် အဖွဲ့၊ The Global New Light of Myanmar သတင်းစာမှ အထွေထွေမန်နေဂျာ ဦးဝင်းဇော်ဌေး၊ စာတည်းမှူးချုပ် ဦးအောင်သူရနှင့်အဖွဲ့၊ ရုရှားနိုင်ငံ ITAR-TASS သတင်းဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စတာ မီခေးလ်း ဂက်စ်မန်း ဦးဆောင်သောအဖွဲ့တို့ တက်ရောက်ကြကြောင်းသိရသည်။
Yangon Times/tthl
#Local_News
#Published_ 19 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 19 March 2024
အလုပ်ရှင်မှ အမှန်တစ်ကယ်ခေါ်ယူမည်မဟုတ်သည့် Demend Letter များကို ဦးစီးဌာနသို့တင်ပြီး ပြည်ပသို့အလုပ်သွားရောက် အလုပ်လုပ်လိုသူ များ စီက ငွေကြေးလိမ်လည်ကောက်ခံနေသည့်အေဂျင်စီများကိုစိစစ်တွေ့ရှိပါက ထိရောက်စွာအရေးယူမည်ဟု အလုပ်သမားဝန်ကြီးဌာနက မတ်လ ၁၉ရက် တွင် ဝန်ကြီးဌာန၏ တရားဝင် လူမှုကွန်ယက်စာမျက်နှာ က တဆင့် သတိပေး လိုက်သည်။
အချို့အေဂျင်စီများသည် ဦးစီးဌာနကို Demand letter တင်ပြီးဦးစီးဌာနမှ သက်ဆိုင်ရာ သံရုံးကိုစိစစ်ရန်ပေးပို့ချိန်တွင် စိစစ်ခံမှုမရှိခြင်း၊ ထောက်ခံချက်သွားမယူခြင်း တို့ရှိပြီး ဦးစီးဌာနမှ သက်ဆိုင်ရာသံရုံးသို့အကြောင်းကြားသည့်စာအား အေဂျင်စီသို့ မိတ္တူပေးပို့သည်ကို အခွင့်ကောင်းယူကာ အလုပ်သမားများထံမှ ဝန်ဆောင်ခများ ကောက်ခံခြင်း၊ အလုပ်သမားများမှ အချိန်မီပြည်ပမထွက်ခွာရ၍ အေဂျင်စီထံဆက်သွယ် ရာတွင် ဦးစီဌာနမှ ခွင့်မပြုသေး၍ မစေလွှတ်နိုင်သည့်ပုံစံဖြင့်လွှဲချခြင်း စသည့်အပြုအမူများလုပ်ဆောင်နေသည်ကို စိစစ်တွေ့ရှိရပြီး အထူးသဖြင့် မလေးရှား Demend Letter များ ဖြစ်ကြောင်းသတိပေးထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
ထို့ကြောင့် အလုပ်ရှင်မှ အမှန်တစ်ကယ်ခေါ်ယူမည်မဟုတ်သည့် Demend Letter များကို ဦးစီးဌာနတို့တင်ပြီး ငွေကြေးလိမ်လည်ကောက်ခံနေသည့်အေဂျင်စီများကို စိစစ်တွေ့ရှိရပါက ထိရောက်စွာအရေးယူခံရမည်ဖြစ်ကြောင်းသတိပေးထားသည်။
အလုပ်သမားဝန်ကြီးဌာန အနေဖြင့်အေဂျင်စီလိုင်စင်ခွင့်ပြုထုတ်ပေးထားခြင်းသည် ပြည်သူများအပေါ်၊ ပြည်ပသို့သွားရောက်မည့်သူများအပေါ် လိမ်လည်လှည့်ဖြားရန်အတွက်မဟုတ်ဘဲ ပြည်ပအလုပ်အကိုင် အခွင့်အလမ်းများရှာဖွေပေးပြီး အလုပ်သမားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်ဝန်ဆောင်ခများရယူကာ ကုသိုလ်လည်းရ ဝမ်းလည်းဝစေရန်ဖြစ်ကြောင်း ၊ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများအားလုံး ကျင့်ဝတ်နှင့်ညီသော အေဂျင်စီကောင်းများ ဖြစ်စေလိုကာ မိမိ၏ပြုလုပ်မှု ပျက်ကွက်မှုကြောင့် ဝန်ကြီးဌာန၏ ပုံရိပ်၊ အေဂျင်စီများ၏ ပုံရိပ်တို့ကို မထိခိုက်စေလိုကြောင်းသတိပေးချက်တွင်ရေးသားထားသည်။
Yangon Times/LW
#Local_News
#Published_ 19 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 19 March 2024
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ဆယ်တောင်ရပ်ကွက်၊ သာကေတတံတားအဆင်းတွင် မတ်လ ၁၈ရက် ည ၇နာရီ ခန့် က မီးလောင်မှုဖြစ်ပွားခဲ့ရာ မိနစ် ၄၀ကြာ ငြိမ်းသတ်ခဲ့ရပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း မီးသတ်တပ်ဖွဲ့နှင့်ပရဟိတ အသင်း များထံ ကသိရသည်။
အဆိုပါ မီးလောင်မှု တွင် ဆီဘောက်ဆာယာဉ် မီးလောင်ရာ မှ အနီးရှိ အလုပ်သမားများနေထိုင်သည့် နေအိမ်တန်လျား များပါ မီးလောင်ခဲ့ကြောင်း သိရသည်။
"" လူကထိခိုက်မှုမရှိပါဘူး အခုနေရာ က သန်လျင် တံတားစီမံကိန်း အတွက် အသုံးပြုတဲ့စက်ယန္တရား တွေကို ထည့်ဖို့ ဆီတန့်လေးတွေရှိတယ် ဂါလံ၁၄၀၀ ၁၅၀၀ ဆံ လှောင်ကန်လေးတွေပေါ့ အဲ့ထဲ ကို ဆီဘောက်ဆာ က ခွဲပြီး ဆီဖြည့် တဲ့ နေရာ မှာလောင်တာ လို့ ယူဆရတယ်။ အဆောက်အဦး တွေ ကတော့ဆောက်လုပ်ရေး အတွက် အလုပ်သမားတွေ နေတာ တို့ ဆောက်လုပ်ရေးပစ္စည်းတွေ ထားဆဲ့အဆောက်အဦးတွေ လောင်သွားတာပါ'"မီးလောင်ပြင် ကိုသွားရောက်ကူညီပေးသည့် ရှင်သန်ရေးကူညီမှု အသင်းမှအသင်းသား တစ်ဦးကပြောသည်။
မီးလောင်မှု ကို Level 1 ယာဉ်အုပ်စုဖြင့် ငြှိမ်းသတ်ခဲ့ရပြီး ည၇နာရီ ၃၇မိနစ် တွင် မီးငြိမ်းသွားကြောင်းသိရသည်။
Yangon Times/LW
#Local_News
#Published_ 19 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 18 March 2024
၁။ အချိန်အခါမဟုတ်မိုးရွာဦးမည်ဖြစ်၍ မိုးကြောင့် စိုက်ပျိုးသီးနှံမပျက်ရအောင်ဆောင်ရွက်ထားရန်လိုဟုဆို
၂။ တရုတ်အာလူးတွေ ကုန်အဝင်များနေသဖြင့် ပြည်တွင်းအာလူးဈေးထိုးကျပြီး တောင်သူတွေအခက်တွေ့
၃။ မြတ်မော်တင်စွန်းစေတီတော်ပြုပြင်မှုမှာ ရာနှုန်းပြည့်နီးပါးပြီးစီး၊ သုံးထပ်ကျောင်းဆောင်နှင့် အာရုံခံတန်ဆောင်များ တည်ဆောက်ရန်ပါဝင်လှူဒါန်းနိုင်
၄။ ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်ကျဲခဲ့သည့်ဗုံးများကြောင့် လာအိုဒေသခံများ ယနေ့အထိထိတ်လန့်စိုးရိမ်နေရဆဲ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Page 344 of 1813