#Daily_News
Published 01 July 2024
၁။ ဩဂုတ်လထဲတွင် 'တောင်ပြုံးပွဲတော်ကြီး' (၁၅)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာကျင်းပမည်
၂။ ယခုအပတ်အဖွင့်ရွှေဈေး(YGEA)သောင်းဂဏာန်းတက်၊ (၄၅)သိန်းကျော်သွား
၃။ ထိုင်း ဆီးဂိမ်း၌ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ခရီးရှည် မြင်းစီးအားကစား အရည်အချင်းစစ်ပြိုင်ပွဲပြုလုပ်
၄။ ထိုင်းဒူးရင်းသီးများကို တရုတ်မှ စံချိန်တင်ဝယ်ယူလာသဖြင့် ထိုင်းမှ ဒူးရင်းသီးစိုက်ပျိုးသူများ စီးပွားအလွန်ဖြစ်နေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ထိုင်းနိုင်ငံမှာပြုလုပ်မယ့် ၂၀၂၅ ဆီးဂိမ်းမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ ခရီးရှည် မြင်းစီးအားကစား အရည်အချင်းစစ်ပြိုင်ပွဲပြုလုပ်ခဲ့တယ်လို့ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်က သိရပါတယ်။
#Local_News
Published 01 July 2024
#ခရီးရှည်မြင်းစီးအားကစား #မြင်းစီးအားကစားအဖွဲ့ချုပ်
#NN #Yangon_Times
ကမ္ဘာ့ရွှေဈေးအနည်းငယ်တက်လို့ ဇွန်လ (၂၉) ရက်အကယ်ဒမီ မီးလင်းရွှေစျေးကွက် အပိတ်ဈေးနှုန်းအဖြစ် 4,483,206 ရှိရာမှ ဇူလိုင်လ (၁) ရက် အဖွင့်ရွှေဈေး4,502,514 ဖြစ်သွားတယ်လို့ YGEA မှ သိရပါတယ်။
#Local_News
Published 01 July 2024
#ရွှေဈေးသောင်းဂဏန်းတက် #YGEA
#tthl #Yangon_Times
တောင်ပြုံးပွဲတော်ကို ဝါခေါင်လဆန်း(၈) ရက် ဩဂုတ်လ(၁၂)ရက်ကနေစလို့ (၁၅)ရက်တိုင်တိုင် ကျင်းပသွားမှာဖြစ်ပြီး ဘုရားဖူးတိုင်းရင်းသားပြည်သူတွေ၊ ရိုးရာဓလေ့ ကိုးကွယ်သူတွေ၊ ဈေးသူဈေးသားတွေ စည်ကားသိုက်မြိုက်စွာပါဝင်ဆင်နွှဲနိုင်တယ်လို့ သိရပါတယ်။
#Local_News
Published 01 July 2024
#'တောင်ပြုံးပွဲတော်ကြီး' #စည်ကားသိုက်မြိုက်စွာကျင်းပ
#tthl #Yangon_Times
#Local_News
Published 01 July 2024
▪️ ရိုးရာဝတ်စားဆင်ယင်ထုံးဖွဲ့မှုများကို မမေ့လျော့အောင် မြန်မာအမျိုးသမီးများနေ့အကြိုအဖြစ် ရန်ကုန်တိုင်း ဒေသကြီးတွင် "ရိုးရာဆင်မြန်းတော်ဝင်ပန်း" ရိုးရာဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြိုင်ပွဲ ကျင်းပပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
▪️ အဆိုပါ "ရိုးရာဆင်မြန်းတော်ဝင်ပန်း" ရိုးရာဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီ၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့မှ ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်သည်။
▪️ ပြိုင်ပွဲဖွင့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားရာ "အမျိုးသမီးငယ်အများစုသည် မိမိတို့လူမျိုးအလိုက် ရိုးရာဝတ်စား ဆင်ယင်ထုံးဖွဲ့မှုများကို မေ့လျော့နေကြောင်း၊ ဒါကြောင့်အမျိုးသမီးများအနေဖြင့် မိမိတို့၏ ရိုးရာဝတ်စုံကို ဆင်မြန်းဝတ်ဆင်ထားခြင်းဖြင့် ကျက်သရေမင်္ဂလာရှိတယ်ဆိုတာကိုပေါ်လွင်သိရှိစေရန်အတွက် ယခုလိုပြိုင်ပွဲများကို ပြုလုပ်ပေးခြင်းဖြစ်ကြောင်း "ပြောကြားခဲ့သည်။
▪️ မြန်မာအမျိုးသမီးများနေ့အကြို ရိုးရာဆင်မြန်းတော်ဝင်ပန်း ရိုးရာဝတ်စား ဆင်ယင်ထုံးဖွဲ့မှု ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ဇွန် (၂၉)ရက် နံနက်ပိုင်းက မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ(MCC) ခန်းမ၌ ကျင်းပခဲ့သည်။
▪️ ရှေးဦးစွာ တေးသံရှင် မထက်ဧကရီလွင်က ဗမာမလေးပါရှင့် အဖွင့်သီချင်း သီဆိုဖျော်ဖြေခဲ့သလို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရိုးရာအဝတ်အထည်အရောင်းဆိုင်များ၊ ရိုးရာအစားအစာအရောင်းဆိုင်များနှင့် အမှတ်တရပစ္စည်းအရောင်းဆိုင်များသို့ လှည့်လည်ကြည့်ရှု ဝယ်ယူအားပေးကြသည်။
▪️ ၎င်းနောက် တိုင်းရင်းသူ(၈)ဦးက “စည်းလုံးစိုလေ သွေးချင်းတိုရဲ့မြေ” သီချင်းဖြင့် ဖျော်ဖြေကပြ တင်ဆက်ကြသည်။
▪️ ဆက်လက်၍ ကျောင်းသူ (၄၀)ဦးက ရိုးရာဝတ်စား ဆင်ယင်ထုံးဖွဲ့မှုများဖြင့် ပြိုင်ပွဲတွင်ယှဉ်ပြိုင်ကြပြီး နိုင်ငံကျော်အဆိုတော်များက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေ၍လည်းကောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)မှ ကျောင်းသူ (၁၄)ဦး က “လှမျိုးစုံကြွယ် ယဉ်တစ်ကိုယ်မယ်” “ခေတ်(၆)ခေတ်” ဝတ်စားဆင်ယင်ထုံးဖွဲ့မှု အလှပြအစီအစဉ်များဖြင့် လည်းကောင်း တင်ဆက်ကြသည်။
▪️ ထို့နောက် ရိုးရာဆင်မြန်း တော်ဝင်ပန်း ရိုးရာဝတ်စားဆင်ယင် ထုံးဖွဲ့မှုပြိုင်ပွဲ (၄၀) ဦးမှ (၁၀) ဦးအား ပဏာမရွေးချယ်ခဲ့ကြပြီး ၎င်း (၁၀) ဦးမှ (၅)ဦးအား ထပ်မံရွေးချယ်ကြပြီး နှစ်သိမ့်ဆုရရှိသူ(၅)ဦးအား စည်ပင်သာယာရေး ဝန်ကြီး (မြို့တော်ဝန်)၏ ဇနီးက ဆုများချီးမြှင့်သည်။
▪️ ယင်းနောက် ရွေးချယ်ထားသော (၅)ဦးအား ဒိုင်အဖွဲ့မှ ဗဟုသုတဉာဏ်စမ်း မေးခွန်းများမေးမြန်း၍ ပဉ္စမမှပထမရရှိကြသည့် ပြိုင်ပွဲဝင်များနှင့် ဖျော်ဖြေရေးအဖွဲ့များအား တိုင်းဒေသကြီး အမျိုးသမီးကော်မတီမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၏ဇနီးများ၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ဇနီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးတို့က ဆုများချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။
#tthl #Yangon_Times
#Local_News
Published 1 July 2024
▪️ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၌ယနေ့တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။
▪️ ဖြစ်စဉ်မှာ ဇူလိုင်၁ရက်နေ့၊ နေ့လယ် ၁၂ နာရီ၂၁ မိနစ် အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)စက်မှုဇုန်၊ ဦးရွှေဘင်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်မောင်း ကျား(၁)ဦး(သေဆုံး)အား မီးအိမ်ရှင်ပရဟိတလူမှုကူညီရေးအသင်းယာဉ်ဖြင့် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published_1 July 2024
▪️ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ကမ်းဘေးတွင် နေထိုင်သည့်ပြည်သူများအနေဖြင့် ယခုရက်ပိုင်းအတွင်း မြစ်ရေကြီးမှုကို ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ထားရန်လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက သတိပေးပြောဆိုလိုက်သည်။
▪️ လက်ရှိကာလမှာ မုတ်သုံလေအားကောင်းနေပြီးမိုးများသည့် ကာလဖြစ်သည့်အတွက် ရေကြီးရေလျှံမှုများ ဖြစ်လေ့ဖြစ်ထရှိသည့် ကာလဖြစ်သည့်အပြင် ဧရာဝတီမြစ်အထက်ပိုင်းရှိ မြစ်ကြီးနားမြို့တွင် စိုးရိမ်ရေမှတ် ထက်ကျော်လွန်နေသည့်အတွက် ယင်းမြစ်ကြောင်းအောက်ဖက်တစ်လျှောက်ရှိ ပြည်သူများအနေဖြင့် မြစ်ရေ လျှံခြင်းကို ကြိုတင်ကာကွယ်ထားသင့်ကြာင်း သူကဆိုသည်။
▪️ "မြစ်ရဲ့အထက်ပိုင်းဖြစ်တဲ့ပူတာအိုမြို့မှာဆိုရင် စိုးရိမ်ရေမှတ်ထက် သုံးပေလောက်ကိုကျော်နေပြီ။ နောက်ပြီး နောက်ရက်တွေမှာလည်း အဲ့ဒီဒေသတွေမှာ မိုးကပိုနေနိုင်သေးတယ်။ အဲ့ဒီလိုမိုးပိုလာရင် မြစ်ရေတွေက အောက်ဘက်ကိုဆင်းလာမှာပဲ။ အဲ့ဒီလိုဆင်းလာရင် မြစ်ကြောင်းတစ်လျှာက်မှာရှိတဲ့ပြည်သူတွေအနေနဲ့ မြစ်ရေကြီးမှုဒဏ်ကို ခံရနိုင်တယ်။ နောက်ပြီးချင်းတွင်းမြစ်ဆိုရင်လည်း ခန္တီးမြို့မှာ စိုးရိမ်ရေမှတ်နားကိုကပ်နေပြီ။ ဒီတော့ နောက်ရက်မိုးပိုလာမှာနဲ့ဆိုရင် သူလည်းပဲ မြစ်ရေကြီးတာတွေဖြစ်လာနိုင်တယ်" ဟု ဦးကျာ်မိုးဦးက YMG ကို ရှင်းပြသည်။
▪️ တိုင်းတာတွက်ချက်ချက်များအရ လာမည့်ရက်များတွင်လည်း မြန်မာနိုင်ငံအထက်ပိုင်းဒေသများ၌မိုးပိုနေနိုင်ပြီး မြန်မာနိုင်ငံတောင်ပိုင်း(အောက်ပိုင်းဒသ)များတွင်မူ မိုးအနည်းငယ်လျော့နည်းနိုင်ကြောင်းနှင့် တောင်ကုန်း တောင် တန်းပေါများသည့်ဒေသများတွင် မြစ်ရေကြီးမှုနှင့်အတူ မြေပြိုမှု အန္တရာယ်ကိုပါ အထူးသတိပြုရန်လို အပ်ကြောင်း ၎င်းကထပ်လောင်း ပြာဆိုသည်။
▪️ ယခုအခါဧရာဝတီမြစ်ရေလျှံထက်မှုကြောင့် မြစ်ကြီးနားမြို့၏ ၇၅ရာခိုင်နှုန်းခန့်မှာ မြစ်ရေဖုံးလွှမ်းခံထားရပြီး ပြည်သူများအနေဖြင့်လည်း ဘေးလွတ်ရာသို့ ထွက်ပြေးခိုလှုံနေရပြီး အကူညီများလိုအပ်လျှက်ရှိကြောင်း ဒေသခံများထံမှသိရသည်။
▪️ မိုးလေဝသအခြေအနေလေ့လာသူတစ်ဦးဖြစ်သူ ဦးဝင်းနိုင်ကလည်း ပူတာအို၊ဆွန်ပရာဘွမ်၊ မြစ်ကြီးနား၊ ဖားကန့်၊ ကာမိုင်း၊ ဟိုပင်၊ ကသာ၊ ရွှေကူ၊ ဗန်းမော် ဒေသများတွင် ဂြိုဟ်တုပုံ+ရေဒါပုံရိပ်များအရ မိုးသည်း ထန်မည့်အခြေအနေများ ဆက်လက်ဖြစ်ပေါ်နေကြောင်းနှင့် ယင်းအခြေအနေ မှာ လာမည့် ၃ ရက်မှ ၄ ရက်အထိ ဆက်ရှိနေနိုင်သည့်အတွက် ပြည်သူများအနေဖြင့် အထူးသတိပြုကြစေလို ကြောင်း ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင်သတိပေးပြောဆိုထားသည်။
မြစ်ကြီးနားမြို့ရေကြီးရေလျှံမှုကိုတွေ့ရစဉ်
Photo - Wati Zu fb
#Yangon_Yimes/TH
Page 338 of 1967