၈ နိုဝင်ဘာ ၂၀၂၄
အမေရိကန်ရဲ့ ၄၇ဦးမြောက်သမ္မတအဖြစ်ရွေးကောက်ခံရတဲ့ ဒေါ်နယ်ထရမ့်ဟာ ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ မြန်မာ ဒုက္ခသည်စခန်းတွေက မြန်မာဒုက္ခသည်တွေကို ပြန်လည်နေရာချထားရေး အစီအစဉ် ဖျက်သိမ်းပစ်လိုက်ဖွယ် ရှိနေတယ်လို့ လူ့အခွင့်အရေးကျွမ်းကျင်သူတစ်ဦးကပြောတဲ့အကြောင်း ထိုင်းနိုင်ငံအခြေစိုက် သည်နေရှင်း သတင်း စာက ရေးသားလိုက်ပါတယ်။
အဆိုပါအစီအစဉ်ကတော့ ထိုင်းနိုင်ငံမှာရှိနေတဲ့ လူဦးရေ ခြောက်သောင်းခန့်ရှိတဲ့ လူနည်းစု ဒုက္ခသည်အုပ်စုကို အမြဲတမ်းနေထိုင်ခွင့်ပေးမယ်လို့ကမ်းလှမ်းတဲ့ နိုင်ငံတွေဆီ ပြန်လည်နေရာချထားပေးပြီးနောက် အဲဒီစခန်းတွေကို ပိတ်သိမ်းမယ့်အစီအစဉ်ဖြစ်ပါတယ်။ အဲဒီအစီအစဉ်ကို အမေရိကန်ရဲ့ ဒီမိုကရက်တစ်ပါတီဦးဆောင်တဲ့အစိုးရနှင့် ထိုင်းနိုင်ငံတို့ ဆွေးနွေးထားခဲ့ကြတာလို့လည်း သတင်းမှာဖော်ပြထားပါတယ်။
အင်္ဂါနေ့ရွေးကောက်ပွဲမှာ ဒီမိုကရက်တွေရှုံးနိမ့်သွားတာရယ်၊ ပြီးတော့ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ဟာ လူ့ အခွင့်အရေး ကိစ္စတွေကို ဦးစားမပေးတဲ့သူဖြစ်တာတွေရယ်ကြောင့် အဆိုပါအစီအစဉ်ကို ဖျက်သိမ်းနိုင်တယ်လို့ လူ့အခွင့်အရေးနှင့် အလုပ်သမားအရေးအဖွဲ့ Human Rights & Labour Advocates (AHRLA) မှ အာရှညွှန်ကြား ရေးမှူး ဖိလစ် ရောဘတ်ဆန်က ပြောကြားခဲ့တာဖြစ်ပါတယ်။
ခရွန်သက်တာရာကစ် သတင်းစာနှင့်မေးမြန်းခန်းမှာ ရောဘတ်ဆန်က ထရမ့်ရဲ့ဦးဆောင်မှုအောက်မှာ အမေရိကန်အနေနှင့် ကုန်သွယ်ရေးကာကွယ်ရေးမူဝါဒကို အကောင်အထည်ဖော်မှာဖြစ်ပြီး နိုင်ငံခြားက တင်သွင်း တာတွေကို အခွန် အနည်းဆုံး ၁၀ ရာခိုင်နှုန်းကောက်လိမ့်မယ်လို့ ဖြည့်စွက်ပြောပါတယ်။ အဲဒါကြောင့် ထိုင်းနိုင်ငံရဲ့ အကြီးဆုံး ပို့ကုန်ဈေးကွက်ဖြစ်တဲ့ထိုင်းနိုင်ငံအပေါ်ထိခိုက်မှုရှိလိမ့်မယ်လို့ဆိုပါတယ်။
အဲဒီအပြင် ထရမ့်ဟာ သူမဲဆွယ်ပွဲတုန်းကပြောခဲ့တဲ့ အမေရိကန်မှာ အကြာကြီးနေခဲ့ပြီး နိုင်ငံသားမဖြစ်တဲ့သူတွေကို ဖမ်းဆီးပြီး နေရပ်ပြန်ပို့မယ်ဆိုတဲ့ အစီအစဉ်ကိုသာ အကောင်အထည်ဖော်ခဲ့ရင်း အမေရိကန်မှာ အကျပ်အတည်း တွေနှင့်ဖရိုဖရဲဖြစ်ကုန်မယ်လို့လည်း ရောဘတ်ဆန်က ခန့်မှန်းပါတယ်။
“ ဖြစ်နိုင်ချေရှိနေတာက နိုင်ငံခြားသားတွေ အထူးသဖြင့် လက်တင်အမေရိကားက သူတွေဟာ အိမ်ပြန်ပို့ခံရ နိုင်တယ်။ အထူးသဖြင့် မျိုးဆက်ဟောင်းတွေ။သူတို့ရဲ့ ကလေးတွေက အမေရိကန်မှာမွေးပြီး အလိုအလျောက် နိုင်ငံသားဖြစ်လာလို့သူတို့ကတော့ ဆက်နေလို့ရလိမ့်မယ်” လို့ သူကပြောပါတယ်။
Source : The Nation
#Daily_News
Published 8 November 2024
၁။ပွင့်လင်းရာသီ ကမ်းခြေခရီးစဉ်၊ပုဂံခရီးစဉ် အပတ်စဉ် လေကြောင်းလိုင်းများပြေးဆွဲပေးနေ
၂။ဒီဇယ်ဈေးတက်ပြီး၊ဓာတ်ဆီဈေးကျဆင်းလာ
၃။ရန်ကုန်၊ဧရာဝတီ၊ပဲခူး၊ကရင်၊မွန်တွင်မိုးသည်းထန်မည်၊ ဒေသအချို့ညအပူချိန်များကျဆင်းလာမည်
၄။ တရုတ်ပြည်၏ဒုတိယမြောက်ကိုယ်ပျောက်တိုက်လေယာဉ်သစ်အား လေတပ်တွင်တရားဝင်အသုံးပြုခွင့်ပေးသွားမည်
... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြိုနယ်ရှိ မာရဝိဇယဗုဒ္ဓ ရုပ်ပွါးတော်မြတ်ကြီးနဲ့ ဗုဒ္ဓဥယျာဉ်တော်မှာ ဒုတိယအကြိမ်မြောက် မသိုးသင်္ကန်းရက်လုပ် ပူဇော်ပွဲနဲ့ တန်ဆောင်တိုင် မီးထွန်းပွဲကို အခုလအတွင်းကျင်းပသွားမယ်လို့ သိရပါတယ်။
#Local_News
Published 8 November 2024
#မာရဝိဇယ #တန်ဆောင်တိုင်မီးထွန်းပွဲ
#YMG/NN #Yangon_Times
ရန်ကုန်၊ဧရာဝတီ၊ပဲခူး၊ကရင်၊မွန်တွင်မိုးသည်းထန်ဖို့ရှိပြီး ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ ညအပူချိန်တွေကျဆင်းလာဖို့ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 8 November 2024
#ရန်ကုန်_ဧရာဝတီ_ပဲခူး #ညအပူချိန်ကျဆင်း
#YMG/tthl #Yangon_Times
#Local_News
Published 8 November 2024
▪️ ထိုင်းနိုင်ငံအတွင်း သက်တမ်းကျော်လွန်နေထိုင်သည့် မြန်မာနိုင်ငံသားများအား ဒဏ်ကြေးငွေအပြင် ထိုင်းနိုင်ငံတွင်းဝင်ရောက်ခွင့်ပိတ်ပင်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ယနေ့ နိုဝင်ဘာလ ၈ ရက်တွင် ထုတ်ပြန်လိုက်သည်။
▪️ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးဗျူရိုအနေဖြင့် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ (B.E.2522) နှင့်အညီ နေထိုင်ခွင့်သက်တမ်းတိုးခြင်းဆိုင်ရာကိစ္စရပ်များကိုအထူးအလေးထား အရေးယူဆောင်ရွက်လျက်ရှိရာ ယင်းကဲ့သို့ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာခြင်း မရှိ(မရှိ)ဘဲ ထိုင်းနိုင်ငံအတွင်း သက်တမ်းကျော်လွန်နေထိုင်သူများအား လူဝင်မှု ကြီးကြပ်ရေးဗျူရိုအနေဖြင့် သတ်မှတ်ချက်အတိုင်း အရေးယူမည် ဖြစ်ကြောင်းအဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။
▪️ အရေးယူဆောင်ရွက်ရာတွင် ထိုင်းနိုင်ငံအတွင်း သက်တမ်းလွန်နေထိုင်သူများ (မည်သည့်အထောက်အထား ကိုင်ဆောင်လက်မှတ်ကိုင်ဆောင်သူမဆို)အနေဖြင့် တစ်ရက်လျှင် ဘတ် ၅၀၀/- နှုန်းဖြင့် စုစုပေါင်း ၂၀,၀၀၀/- ထက်မပိုသော ဒဏ်ကြေးငွေအား လူဝင်မှုကြီးကြပ်ရေးဗျူရိုတွင် ချွင်းချက်မရှိ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
▪️ ယင်းအပြင် သက်တမ်းလွန်နေထိုင်သူများအနေဖြင့် ၎င်းတို့ နေထိုင်ခဲ့သည့် သက်တမ်းလွန်ကာလအလိုက် ထိုင်းနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်ခွင့်ကို ပိတ်ပင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
▪️ ပိတ်ပင်မှုပြုလုပ်ရာတွင်(၁)ရက်ပေါင်း(၉၀)နှင့်အထက် သက်တမ်းလွန်နေထိုင်ခဲ့ပါကထိုင်းနိုင်ငံသို့ ပြန် လည် ဝင်ရောက်ခွင့် (၁) နှစ်၊ (၂) (၁)နှစ်နှင့်အထက် သက်တမ်းလွန်နေထိုင်ခဲ့ပါက ထိုင်းနိုင်ငံသို့ ပြန်လည် ဝင်ရောက် ခွင့် (၃)နှစ်၊ (၃) (၃) နှစ်နှင့်အထက် သက်တမ်းလွန်နေထိုင်ခဲ့ပါက ထိုင်းနိုင်ငံသို့ ပြန်လည် ဝင်ရောက် ခွင့် (၅) နှစ်၊ (၄) (၅) နှစ်နှင့်အထက် သက်တမ်းလွန်နေထိုင်ခဲ့ပါက ထိုင်းနိုင်ငံသို့ ပြန်လည် ဝင်ရောက်ခွင့် (၁၀) နှစ် စ သည်ဖြင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
▪️ ယင်းကြောင့် ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးဗျူရိုမှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို သတိပြုလိုက်နာခြင်းဖြင့် ထိုင်းနိုင်ငံအတွင်း သက်တမ်းကျော်လွန်နေထိုင်ခြင်း၊ ဒဏ်ကြေးပေးဆောင်ရခြင်းနှင့် ပြည်ဝင်ခွင့် ပိတ်ပင်ခံ ရခြင်းတို့ မဖြစ်ပွားစေရေး သတိပြုနိုင်ကြရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက နှိုးဆော်ထားကြောင်း သိရသည်။
#Yangon_Times/PP
စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ရန်ကုန် ဈေးကွက်အတွက်ဒီကနေ့ ထုတ်ပြန်ချက်အရ ဒီဇယ်ဈေးတက်ပြီး၊ဓာတ်ဆီဈေးကျဆင်းလာတယ်လို့ သိရပါတယ်။
#Local_News
Published 8 November 2024
#ရန်ကုန်ဈေးကွက် #ဒီဇယ်ဈေးတက် #ဓာတ်ဆီဈေးကျ
#YMG/NN #Yangon_Times
ပွင့်လင်းရာသီမှာ ချောင်းသာကမ်းခြေနဲ့ ငွေဆောင်ကမ်းခြေများသို သွားရောက်ကြမယ့် ခရီးသည် တွေအတွက် နိုဝင်ဘာလအတွင်းရန်ကုန်-ပုသိမ် လေကြောင်းလိုင်းပြေးဆွဲပေးလျက်ရှိတယ်လို သိရပါတယ်။
#Local_News
Published 8 November 2024
#ပွင့်လင်းရာသီ #ရန်ကုန်-ပုသိမ်လေကြောင်းလိုင်းပြေးဆွဲပေး
#YMG/tthl #Yangon_Times
Page 334 of 2094