အခုနှစ်မှာ ပုဂ္ဂလိကကျောင်းဟောင်း ၆၄ကျောင်း၊ ကျောင်းသစ်(၅၀)ကျော် ကျောင်းမှတ်ပုံတင်သက်တမ်းအတိုင်း (၅)နှစ်တာဖွင့်ခွင့်ပြုထားပြီး ကျန်ကျောင်း(၂၀၀)ကျော်ကို ယာယီဖွင့်ခွင့်(၂)နှစ်ပြုပြီးပြုပြင်ခိုင်းထားတယ်လို့ သိရပါတယ်။
#Local_News
Published 04 July 2024
#ပုဂ္ဂလိကကျောင်း #ကျောင်းမှတ်ပုံတင်သက်တမ်း
#tthl #Yangon_Times
ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ရွှေကူမြို့နယ်တွေက မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ ဒီကနေ့အထိ မြစ်ရေတွေဆက်လက်ဝင်ရောက်နေတာကြောင့် ကူညီကယ်ဆယ်ရေးတွေ ဆက်လုပ်နေရတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကသိရပါတယ်။
#Local_News
Published 04 July 2024
#မြစ်ရေဆက်လက်ဝင်ရောက် #ဗန်းမော်နှင့်ရွှေကူရှိမြေနိမ့်ပိုင်းရပ်ကွက်
#NN #Yangon_Times
MyRo စနစ်မှာ ဆန်စပါး သိုလှောင်မှတ်ပုံတင်တာကို ဇူလိုင် ၇ ရက်နောက်ဆုံးထားဆောင်ရွက်ရမှာဖြစ်ပြီး ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် လချုပ် update စာရင်းပေးသွင်းခြင်းကို လစဉ် ခုနှစ်ရက်အတွင်း မပျက်မကွက် တိကျစွာဆောင်ရွက်ပေးရန်လိုအပ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။
#Local_News
Published 04 July 2024
#ဆန်စပါးသိုလှောင်မှတ်ပုံတင် #မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်
#NN #Yangon_Times
ရန်ကုန်တိုင်း၊ စစ်ကိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာနေရာကွက်ပြီး မိုးကြီးနိုင်ပြီး ဧရာဝတီ၊ ချင်းတွင်း၊ နန့်ယင်း၊ နန့်ကောင်းမြစ်ရေတွေ ကြီးနိုင်တယ်လို့ သိရပါတယ်။
#Local_News
Published 04 July 2024
#မြစ်ရေကြီး #ရန်ကုန်နှင့်အောက်ပိုင်းဒေသ
#tthl #Yangon_Times
#Local_News
Published 04 July 2024
▪️ ထိုင်းနိုင်ငံတွင်ကျင်းပမည့် နိုင်ငံတကာရာမာယဏပွဲတော် International Ramayana Festival ၌ မြန်မာ သဘင်အစည်းအရုံးရဲ့ ရာမာယဏအဖွဲ့မှ ပါဝင်တင်ဆက်ဖျော်ဖြေသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသဘင်အစည်း အရုံး(ဗဟို)မှ သိရသည်။
▪️ ဘန်ကောက်မြို့တွင် ဇူလိုင်(၉)ရက်မှ(၁၇)ရက်အထိ ကျင်းပမည်ဖြစ်သော International Ramayana Festival သို့တက်ရောက် ဖျော်ဖြေကြမည်ဖြစ်သည်။
▪️ အဆိုပါပွဲတော်၌ဖျော်ဖြေရန် မြန်မာနိုင်ငံသဘင်အစည်းအရုံး၊ရာမာယဏပညာရပ်ဆိုင်ရာ ကော်မတီမှရိုးရာ ဗောင်းအပ်ပွဲ နှင့် စားတော်စာဆက်ကန်တော့ပွဲပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။
▪️ International Ramayana Festival သို့ ထိုင်း၊ မြန်မာ၊ အင်ဒိုနီးရှား၊ မလေးရှား၊ လာအို၊ ကမ္ဘောဒီးယား၊ အိန္ဒိယနိုင်ငံတို့မှ အကအဖွဲ့ ၂၀ ပါဝင်ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်ကြောင်း သိရသည်။
#tthl #Yangon_Times
#Local_News
Published 4 July 2024
▪️ မြန်မာတစ်နိုင်ငံလုံး၌ ဒီရေတော၊ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တော ၄၄ ခုရှိကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှသိရသည်။
▪️ တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် ဒီရေတော၊ ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တော ၄၄ ခု၊ ၇၁၇,၂ ၃၈ ဧက ဖြင့် ဖွဲ့စည်းထားပြီးဖြစ်ကာ ၎င်းဧကအတွင်း ဒီရေတော ဧရိယာ ၁ ဒသမ ၁ သန်းကျော်ရှိသည့်အတွက် ကမ္ဘာပေါ်တွင် သတ္တမမြောက်နှင့် အရှေ့တောင်အာရှတွင် တတိယမြောက် ဒီရေတောအများဆုံး ပိုင်ဆိုင်သောနိုင်ငံဖြစ်ကြောင်း သိရသည်။
▪️ ဒီရေတောများသည် ပင်လယ်ပြင် မှ ဖြစ်ပေါ်လာသော သဘာဝဘေးအန္တရာယ်များကို တံတိုင်းသဖွယ်ကာကွယ်ပေးနိုင်သည့်အပြင် လယ်ယာမြေ များ အတွင်း ပင်လယ်ဆားငန်ရေ ဝင်ရောက်မှုကိုလည်း တားဆီးပေးသည့်အတွက် သီးနှံများ ပျက်စီးဆုံးရှုံးမှု အန္တရာယ် ကို ကာကွယ်ပေးနိုင်ကြောင်း၊ ငါး၊ ပုစွန်နှင့် အခြားသော ရေနေသတ္တဝါများ ရှင်သန် ပေါက်ပွားရာ အရင်းအမြစ်ဖြစ်သဖြင့် ဒေသခံပြည်သူများအတွက် အကျိုးကျေးဇူးများစွာ ရရှိစေမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့ကြောင့် ပင်လယ်ကမ်းရိုးတန်းနှင့် ထိစပ်လျက်ရှိသော ကမ်းရိုးတန်းဒေသများတွင်သဘာဝဒီရေတောများ ထိန်းသိမ်းရေးနှင့် ဒီရေတောစိုက်ခင်းများတည်ထောင်ရေးသည် လွန်စွာအရေးကြီးကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ပင်လယ်ကမ်းရိုးတန်း တလျှောက်တွင်လည်း အစိမ်းရောင်တံတိုင်း- Green Belt အဖြစ် ဒီရေတော ကြိုးပြင်ကာကွယ်တော ၇ ခု၊ ၂၃,၈၅၅ ဧက ဖွဲ့စည်းတည်ထောင်ထားပြီးဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 04 July 2024
▪️ မြစ်ကြီးနားရှိရေဘေးသင့်ပြည်သူများကို ရုပ်ရှင်အစည်းအရုံးမှ ကူညီထောက်ပံ့ပေးရန်ရှိသည့်အတွက် ရုပ်ရှင်လောကသားများ ပါဝင်လှူဒါန်းနိုင်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သိရပါတယ်။
▪️ မြစ်ကြီးနားမြို့နှင့် ရေဘေးသင့်ပြည်သူများအတွက် ရေဘေးကူညီထောက်ပံ့ဖို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှစီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။
▪️ ရေဘေးသင့်ပြည်သူများကို ရုပ်ရှင်လောကသားများအနေနှင့်လည်းကောင်းပြင်ပပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအနေနှင့်လည်းကောင်းလှူဒါန်းလိုကြပါကမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
ကချင်ပြည်နယ်တွင် မိုးသည်းထန်စွာသွန်း သဖြင့် မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူတို့တွင် ဧရာဝတီမြစ်ရေများကြီးပြီး ဒေသခံပြည်သူများအနေဖြင့် ရေဘေးလွတ်ရာသို့ ပြောင်းရွေ့နေထိုင်နေရကြောင်းနှင့် ရေသန့်နှင့် စားနပ်ရိက္ခာများလိုအပ်ကြောင်း သိရသည်။
#tthl #Yangon_Times
Page 332 of 1966