#Local_News
Published 3 January 2025
▪️ ရန်ကုန်မြို့ရှိအင်းစိန်မြို့နယ်၊ လှိုင်မြစ်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညပ်နေ၍ ကယ်ထုတ်ခဲ့ရကြောင်းမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဖြစ်စဉ်မှာဇန်နဝါရီ ၂ ရက်နေ့၊ နေ့လယ် ၂နာရီ ၃၇ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဈေးကုန်းအနောက်ရပ်ကွက်၊ လှိုင်မြစ်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညပ်နေကြောင်းသိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် အင်းစိန်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ယင်း ဖြစ်စဉ်ကြောင့် ကားခေါင်းခန်းတွင် ညပ်နေသူ ကျား(၁)ဦးအား ၂နာရီ ၄၁မိနစ် အချိန်တွင် ကယ်ထုတ်နိုင်ခဲ့ပြီး တွဲလက်ပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် အင်းစိန်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 2 January 2025
၁။ တောင်ငူ၌ (၁၄) ကြိမ်မြောက်မျက်စိအလင်းအလှူတော်ပြုလုပ်မည်
၂။ မြန်မာနိုင်ငံ၏ခန့်မှန်းလူဦးရေ ၅၁ သန်းကျော်ရှိပြီး ရန်ကုန်တိုင်းတွင်အများဆုံးဟုဆို
၃။ တစ်နေ့လျှင် ရွှေပိဿာတစ်ရာကျော်ထွက်ရှိနေပြီး ရွှေဈေးကွက်အေးနေ
၄။ (၉)ကြိမ်မြောက် ပျားရည်ပွဲတော် ဒူဘိုင်းတွင်ကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ပြည်တွင်းစားသောက်ကုန်တွေအတွက် နိုင်ငံတကာအဆင့်မီစားသောက်ကုန်ဓာတ်ခွဲခန်းမှာ အရည်အသွေးစစ်ဆေးပေးလျက်ရှိရာမှာ ဂျပန်နိုင်ငံအသိအမှတ်ပြုလက်မှတ်စတင်ရရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 2 January 2025
#ဂျပန်နိုင်ငံအသိအမှတ်ပြုလက်မှတ် #ပြည်တွင်းစားသောက်ကုန်
#YMG/SW #Yangon_Times
လက်ရှိ ရွှေဈေးကွက်မှာ တစ်နေ့ကို ရွှေပိဿာတစ်ရာကျော်ထွက်ရှိနေပြီး ဈေးကွက်အနေအထားမှာ အရောင်းအဝယ်အေးနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း (YGEA)ဥက္ကဌ ဦးမျိုးမြင့်က ရန်ကုန်မီဒီယာကို ပြောပါတယ်။
#Local_News
Published 2 January 2025
#ရွှေပိဿာတစ်ရာကျော်ထွက်ရှိ #ရွှေဈေးကွက်အေးနေ
#YMG/SW #Yangon_Times
မြန်မာနိုင်ငံရဲ့ ခန့်မှန်းလူဦးရေ(၅၁ ဒဿမ ၃) သန်းကျော်ရှိ ပြီး ရန်ကုန်တိုင်းမှာ (၁၄ ဒဿမ ၄)ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 2 January 2025
#ခန့်မှန်းလူဦးရေ၅၁သန်း #ရန်ကုန်တိုင်းတွင်အများဆုံး
#YMG/NN #Yangon_Times
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ သီတဂူကေတုမတီအာယုဒါနဆေးရုံတော်မှာ(၁၄) ကြိမ်မြောက်မျက်စိအလင်းအလှူတော်ကို အခုလအတွင်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။
#Local_News
Published 2 January 2025
#မျက်စိအလင်းအလှူတော် #တောင်ငူ
#YMG/NN #Yangon_Times
#Local_News
Published 2 January 2025
▪️ ပြည်ပရောက်မြန်မာနိုင်ငံသားများပါ အကျုံးဝင်သည့် ဆိုက်ဘာလုံခြုံရေးဥပဒေကို ဇန်နဝါရီလ ၁ ရက်က ပြဋ္ဌာန်းထုတ်ပြန်လိုက်ပြီဖြစ်သည်။
▪️ ထိုဥပဒေသည် ပြည်တွင်း၌ဖြစ်စေ နိုင်ငံတော်၏ တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ မှတ်ပုံတင်ထားသည့် ရေယာဉ် သို့မဟုတ် လေယာဉ်တစ်ခုခုပေါ်၌ဖြစ်စေ ကျူးလွန်သည့် ပြစ်မှုများ အမျိုးသား ဆိုက်ဘာနယ်ပယ်အတွင်း၌ ဖြစ်စေ အမျိုးသားဆိုက်ဘာနယ်ပယ်နှင့်ချိတ်ဆက်နေသည့် အခြားဆိုက်ဘာနယ်ပယ်တစ်ခုခု၌ဖြစ်စေ ကျူးလွန်သည့် ပြစ်မှုများ၊ ပြည်ပရောက် မြန်မာနိုင်ငံသားက ကျူးလွန်ပါကလည်း ယခုဥပဒေအရ စီရင်ပိုင်ခွင့် ရှိစေရမည်ဟု ပြဋ္ဌာန်း ထားသည်။
▪️ ဆိုက်ဘာလုံခြုံရေးဥပဒေတွင်ခွင့်ပြုချက်ရယူခြင်းမရှိဘဲ VPN ထူထောင်ခြင်းနှင့် အွန်လိုင်းလောင်းကစားစနစ် တည်ဆောက်ခြင်း၊ ဆိုက်ဘာအလွဲ သုံးစားပြုလုပ်ခြင်းများ ပြုလုပ်ပါက ထောင်ဒဏ်အပါအဝင် ငွေဒဏ်ချမှတ်နိုင်သည့် ပြစ်မှုပြစ်ဒဏ်များပါဝင်ပြီး အီလက်ထရောနစ် နည်းပညာအသုံးပြုပြီး ဆိုက်ဘာတိုက်ခိုက်ခြင်းကြောင့် နိုင်ငံအချုပ်အခြာအာဏာနှင့် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေခြင်းတို့မှ ကာကွယ်ရန်၊ ဆိုက်ဘာမှုခင်းများကို ထိထိရောက်ရောက် စုံစမ်းဖော်ထုတ် အရေးယူနိုင်ရန်အတွက် ပြဌာန်းခြင်းဖြစ်ကြောင်း သိရသည်။
▪️ ဥပဒေပါပြစ်မှု၊ ပြစ်ဒဏ်များမှာ နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် အရေးကြီးသတင်းအချက်အလက် အခြေခံအဆောက်အအုံ စီမံထိန်းသိမ်းရန် တာဝန်ရှိသူသည် ဥပဒေပုဒ်မ ၁၇ ၊ ပုဒ်မခွဲ (က) သို့မဟုတ် (ခ) ကို လိုက်နာဆောင်ရွက်ရန်ပျက်ကွက်ပါက အနည်ဆုံးတစ်လမှ အများဆုံးခြောက်လထိ ထောင်ဒဏ်၊ ကျပ် ၁၀ သိန်းမှ ကျပ်သိန်း တစ်ရာထက် မပိုသည့် ငွေဒဏ်၊ ဒဏ်နှစ်ရပ်လုံး ချမှတ်ရမည်ဖြစ်ကြောင်း၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်မရှိဘဲ ဆောင်ရွက်ပါက ထိုသူကို အနည်ဆုံးတစ်လမှ အများဆုံးခြောက်လထိ ထောင်ဒဏ်၊ ကျပ် ၁၀ သိန်းမှ ကျပ်သိန်းတစ်ရာထက် မပိုသည်ဘဲငွေဒဏ်၊ ဒဏ်နှစ်ရပ်လုံး ချမှတ်ရမည့်အပြင် အမှုနှင့်သက်ဆိုင်သည့် သက်သေခံပစ္စည်းများကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည် ဖြစ်ပြီး ပြစ်မှုကျူးလွန်သူသည် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းဖြစ်ပါက ကျပ်သိန်းတစ်ရာအောက် မနည်းဘဲ ငွေဒဏ်ချမှတ်ရမည့်အပြင် အမှုနှင့်သက်ဆိုင်သည့်သက်သေခံပစ္စည်းများကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းပါရှိသည်။
▪️ ဥပဒေပါ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့်ဥက္ကဋ္ဌအဖြစ် ဒုတိယသမ္မတတစ်ဦး၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဝန်ကြီးဌာန၏ပြည်ထောင်စုဝန်ကြီး၊ အဖွဲ့ဝင်များအဖြစ် ဆက်စပ်ဝန် ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများနှင့် ဆက်စပ်ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ ဥက္ကဋ္ဌများပါဝင်စေပြီး ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဗဟိုကော်မတီကို ဖွဲ့စည်းရမည်ဟု ထည့်သွင်းပြဋ္ဌာန်းထားသည်။
#YMG/SW #Yangon_Times
Page 327 of 2149