ကမ္ဘာ့ရွှေဈေးဟာ ယနေ့ဇူလိုင်(၁၁)ရက်မှာ မနေ့ကထက် (၁၆)ဒေါ်လာတက်ခဲ့ပြီး မြန်မာ့ရွှေဈေးကျပ်(၃၃၀၀၀)ကျော်တက်သွားတယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။
#Local_News
Published 11 July 2024
#ကမ္ဘာ့ရွှေဈေးအနည်းငယ်တက် #မြန်မာ့ရွှေဈေးတက်
#tthl #Yangon_Times
ဖီဖာ MFFယူ-၁၇ အမှတ်ပေးပြိုင်ပွဲမှာ Game week 21 အထိ ရခိုင်အသင်းက ၅၄ မှတ်၊ ရှမ်းအသင်းက ၅၃ မှတ်နဲ့ အကြိတ်အနယ်ဖြစ်နေရာမှ နောက်ဆုံးပွဲစဉ်မှာ ရှမ်းအသင်းကအနိုင်ရခဲ့လို့ အမှတ်ပေးချန်ပီယံဆုဖလားကို ရယူနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 11 July 2024
#ရှမ်းအက်ဖ်စီအသင်း # ဖီဖာMFFယူ-၁၇
#tthl #Yangon_Times
#Local_News
Published 11 July 2024
စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းရှိမြို့နယ်အချို့၌ ဧရာဝတီမြစ်ရေမြင့်တက်၍ ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နေပြီး တာတမံများမကျိုးစေရေးအတွက် ရေကာတာတလျှောက်သဲအိတ်များဖြင့် ဆည်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း မြန်မာနိုင်ငံမီးသတ်အဖွဲ့မှ သိရသည်။
ဇူလိုင် ၁၁ ရက်နေ့၊ မနက်၁၀ နာရီ ၃၀ မိနစ် အချိန်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ပိုးတန်းရပ်ကွက်၊ ပိုးတန်းရေစက်အနီး ကျောက်စီရေထိန်းနံရံများ ရေတိုက်စားမှုကြောင့် ကျိုးပေါက်မှုမဖြစ်စေရေးအတွက် စစ်ကိုင်းခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သဲအိတ်များဖြင့် ဆည်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် ယနေ့ မနက် ၁၁ နာရီအချိန်၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မြေနိမ့်ပိုင်းရှိ အမှတ်(၄) ရပ်ကွက်၊အမှတ်(၆)ရပ်
ကွက်နှင့် အမှတ်(၇)ရပ်ကွက်များရှိ အိမ်ထောင်စုများအား ရေစကြိုမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပြောင်းရွှေ့နေရာချထားရေးလုပ်ငန်းများနှင့် တာတမံများမကျိုးစေရေးအတွက် ရေကာတာတလျှောက်သဲအိတ်များဖြင့် ဆည်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#YMG/ NN #Yangon_Times
#Local_News
Published 11 July 2024
▪️ ရန်ကုန်တိုင်းရှိ တာမွေနှင့်ရွှေပြည်သာမြို့နယ်များမှ အခြေခံပညာကျောင်းများနှင့်ဘုန်းကြီးကျောင်းများ၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်မှုများ ဆောင်ရွက်
ပေးနေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
▪️ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ကျန်းမာရေးဌာနသည် ရန်ကုန်မြို့တွင် ယခုမိုးရာသီ၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုများပြားလာခြင်းကြောင့် တာမွေမြို့နယ်အတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းကမြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးမှကြီးကြပ်၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၊ပြည်သူ့ကျန်းမာရေးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့မှဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်အတူ မြို့နယ်အတွင်းရှိ မေတ္တာညွန့်ရပ်ကွက်၊ မစိုးရိမ်ကျောင်းတိုက်၊ မြို့သစ်ကျောင်းတိုက်၊ဘိုးလိန်းအောင်မင်္ဂလာရပ်ကွက်၊ မင်္ဂလာသုခပါဠိကျောင်းတိုက်ဝင်းပတ်ဝန်းကျင်အား ကလိုရင်းဆေးခတ်ခြင်း၊ ဆေးဖျန်းခြင်း၊ ပြင်းထန်ဝမ်ပျက်ဝမ်းလျောရောဂါကာကွယ်ရေးအကြောင်းကျန်းမာရေးပညာပေး ပိုစတာများကပ်ခြင်း၊ ပညာပေး လက်ကမ်းစာစောင်များပေးဝေခြင်းတို့အားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
▪️ ထို့အပြင် ရွှေပြည်သာမြို့နယ်၊ အမှတ် (၆)ရပ်ကွက်အတွင်းရှိဘုန်းတော်ကြီးကျောင်း(၇၄) ကျောင်း၊ မယ်သီလရှင် ကျောင်း(၁၆)ကျောင်းတို့တွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးဝန်ထမ်းများနှင့် ပူးပေါင်း၍ ကျန်းမာရေးအသိပညာပေးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ၊ဝမ်း ပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက်ရေသုံးစွဲသောနေရာများရေတုံကင်များတွင် ကလိုရင်းဆေးခတ်ခြင်း၊ ပညာပေးလက်ကမ်းစာစောင်များ၊ နံရံကပ်စာစောင်များပေးဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
▪️ ထို့အပြင် မင်္ဂလာဒုံ၊ ဗိုလ်တစ်ထောင်နှင့်ဒေါပုံမြို့နယ်၌လည်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
အိန္ဒိယနိုင်ငံမှာလာမယ့် အောက်တိုဘာလအတွင်းကျင်းပသွားမယ့် "အာရှ U-21 တန်းခုန် မြင်းစီးအားကစားပြိုင်ပွဲ"အတွက် U-21တန်းခုန်အရည်အချင်းစစ်မြင်းစီးပြိုင်ပွဲကို နေပြည်တော်မှာပြုလုပ်သွားမယ်လို့ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်က သိရပါတယ်။
#Local_News
Published 11 July 2024
#အရည်အချင်းစစ်မြင်းစီးပြိုင်ပွဲ #U-21တန်းခုန်
#NN #Yangon_Times
ဆေးရုံတင်ရတဲ့ ဝမ်းပျက်ဝမ်းလျှောလူနာ ဇူလိုင်(၁၀)ရက်တစ်ရက်ထဲမှာကို(၁၁၅)ဦးအထိရှိ၊ (၅)ရက်အတွင်း(၃၄၆)ဦးရှိပြီး ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်သူ(၄၂)ဦးရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News
Published 11 July 2024
#ဝမ်းပျက်ဝမ်းလျှောလူနာ #(၅)ရက်အတွင်း(၃၄၆)ဦးအထိရှိ
#tthl #Yangon_Times
#Local_News
Published 11 July 2024
▪️ နယ်စပ်ကုန်သွယ်ရေးပုံစံအသစ် စနစ်အသစ်ဖြင့် ရန်ကုန် - ကော့သောင်း - ရနောင်း(ထိုင်း)သို့ ကွန်တိန်နာသင်္ဘောဖြင့် ကုန်သွယ်မှုစတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။
▪️ ရန်ကုန်တိုင်းဒေသကြီး အလုံဆိပ်ကမ်းမှ ထွက်ခွာလာသော ကွန်တိန်နာသင်္ဘောကြီးမှာ ဇူလိုင် ၈ ရက်က တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ဆိပ်ကမ်းသို့ ဆိုက်ကပ် Check Point ပြခဲ့ပြီး ထိုင်းနိုင်ငံရနောင်းမြို့သို့ ကုန်စည်ပို့ဆောင်ရန် ဆက်လက်ထွက်ခွာသွားခဲ့သည်ဟုဆိုသည်။
▪️ ရန်ကုန်မြို့မှ ထိုင်းနိုင်ငံရနောင်းမြို့သို့ နယ်စပ်ကုန်သွယ်ရေး (Border Trade Method) စနစ်ဖြင့် ရောက်ရှိလာသည့်အဆိုပါ ကုန်တင်သင်္ဘောမှာ ကော့သောင်းမြို့ဆိပ်ကမ်းတွင် Check Point အစစ်ဆေးခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ လက်ရှိတွင် မြဝတီ၊ ဘုရားသုံးဆူ၊ ကယား ပြည်နယ်၊ နယ်စပ်ကုန်သွယ်ရေးအခြေအနေမှာ ဆိုင်းငံ့ထားကြောင်း၊ ရေကြောင်းခရီးကို အသုံးပြုပြီးကွန်တိန်နာစနစ်ဖြင့် သွားရန်ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
▪️ ပုံစံအသစ်စနစ်အသစ်ဖြင့် ဆောင်ရွက်ခဲ့သည့် ကွန်တိန်နာသင်္ဘောကြီးမှာ အိန္ဒိယသင်္ဘော MV - BEYPORE SULTAN ဖြစ်ကာ သန့်စင်ပြီး ခဲသတ္တု ၉၉ တန်ပါ ကွန်တိန်နာ လေးလုံး၊ ပြောင်းဆန်တန် ၁၃၀၀ ပါ ကွန်တိန်နာ ၅၂ လုံးတို့ကို သယ်ဆောင်ကာ ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး ကော့သောင်းမြို့ဆိပ်ကမ်းသို့ ဇူလိုင် ၇ ရက် ညတွင် ရောက်ရှိခဲ့ပြီးနောက် ဇူလိုင် ၈ ရက်တွင် အစစ်ဆေးခံကာ ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ထွက်ခွာသွားခဲ့ခြင်းဖြစ်ကြောင်း၊
▪️ ထိုင်းနိုင်ငံမှ ကုန်စည်တချို့ ပြန်လည်တင်ဆောင်ကာ ကော့သောင်းမြို့သို့ ပြန်လည်ဝင်ရောက်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးသို့ ဆက်လက်ကုန်စည် ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။
▪️ ကုန်သွယ်ရေးပုံစံအသစ် စနစ်အသစ်သည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန် ၂၉ ရက်က တနင်္သာရီ တိုင်းဒေသကြီးမြိတ်မြို့ ပုလဲသန္တာဟိုတယ်တွင် ပြုလုပ်ခဲ့သည့် မြန်မာ - ထိုင်းဒေသအဆင့် နယ်ခြားကော်မတီအစည်းအဝေးမှရရှိခဲ့သော ရလဒ်တစ်ခုဖြစ်ကြောင်း သိရသည်။
#tthl #Yangon_Times
Page 324 of 1966