#Local_News
Published 25 October 2025
▪️ ယနေ့အောက်တိုဘာလ ၂၅ရက် နံနက်အစောပိုင်းက ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ် ဗိုလ်အောင်ကျော်လမ်းနှင့် မဟာဗန္ဓုလလမ်းဒေါင့် မီးပွိုင့်တွင် ယာဉ်တစ်စီးအရှိန် လွန်တိမ်းမှောက်ကာ တစ်ဦးေ-သဆုံးခဲ့ကြောင်း ရှင်သန်ရေးကူညီမှုအသင်းမှ သိရသည်။
▪️ ဖြစ်စဉ်မှာ ယနေ့ နံနက် ၈နာရီ ၃၀မိနစ်အချိန်က ဗိုလ်အောင်ကျော်လမ်းနှင့် မဟာဗန္ဓုလလမ်းဒေါင့် မီးပွိုင့်တွင်တက္ကစီယာဉ်နှင့် TOWNACE အောက်ဆိုက်ကားတို့ တိမ်းရှောင်ရာမှ အရှိန်လွန်တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါဖြစ်စဉ်ကြောင့် TOWNACE ကားပေါ်တွင် လိုက်ပါစီးနင်းလာသူများအနက် တစ်ဦးေ-သဆုံးကာ ခြောက်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ ေ-သဆုံးသူတစ်ဦးနှင့် ဒဏ်ရာရှိသူခြောက်ဦးတို့အား ရှင်သန်ရေးကူညီမှုအသင်း၊ ကိုပူတူးအသင်း၊ ဘိုကလေးဈေးအသင်းနှင့် ကျောက်တံတားအရန်မီးသတ်တို့မှ လူနာတင်ကားများဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
#YMG/SW #Yangon_Times
Photo-ရှင်သန်ရေးကူညီမှုအသင်း