အခုလအတွင်းမှာ နေ့အပူချိန်တွေ တဖြည်းဖြည်း မြင့်တက်လာပြီးနေ့နဲ့ည အပူချိန်ကွာခြားချက်ပိုနိုင်သလို မြူဆိုင်းခြင်းကြောင့် ကျန်းမာရေးနဲ့ မတော်တဆမှုများ ဂရုပြုရန်လိုအပ်တယ်လို့ ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က ဒီကနေ့မှာ သုံးသပ်ထားပါတယ်။
#Local_News
Published 8 February 2025
#နေ့ညအပူချိန်ကွာခြားနိုင် #နေ့အပူချိန်တွေမြင့်တက်
#YMG/NN #Yangon_Times
ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်း ပုဂံခေတ်မူလရေလမ်းကြောင်းတွေကို ပြန်လည်ဖော်ထုတ်နိုင်ဖို့ သရပါတံခါးကို ယာယီပိတ်ထားပြီး ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းတွေလုပ်ဆောင်နေတယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)က သိရပါတယ်။
#Local_News
Published 8 February 2025
#သရပါတံခါး #ယာယီပိတ်ထား
#YMG/NN #Yangon_Times
မော်တော်ယာဉ်လုပ်ငန်းလိုင်စင်သက်တမ်းတိုးခြင်းနဲ့လုပ်ငန်းလိုင်စင်ပြောင်းလဲခြင်းတွေအတွက် ဖေဖော်ဝါရီ ၁၀ ရက်က စတင်ပြီး အွန်လိုင်းစနစ်နဲ့ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
#Local_News
Published 8 February 2025
#လိုင်စင်သက်တမ်းတိုးခြင်း #အွန်လိုင်းစနစ်
#YMG/SW #Yangon_Times
ပြည်ပမှ ကျောက်မီးသွေးတင်သွင်းခြင်းကို ယခုလမှာစတင်ခွင့်ပြုသွားမယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
#Local_News
Published 8 February 2025
#ကျောက်မီးသွေး #စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး
#YMG/SW #Yangon_Times
#Local_News
Published 8 February 2025
▪️ မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့၌ ယနေ့မနက် အစောပိုင်းက နေအိမ်မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ ဖေဖော်ဝါရီ၈ ရက်နေ့၊ မနက်၇နာရီ ၃၅ မိနစ်အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့၊ အမှတ်(၁)စက်မှုကွက်သစ်ရပ်တွင် နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ဝမ်းတွင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ည ၇နာရီ ၄၇ မိနစ်အချိန်၌ မီးငြိမ်းနိုင်ခဲ့ ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 8 February 2025
▪️ ကရင်ပြည်နယ် မြဝတီမြို့၌ စွန့်ပစ်အမှိုက်ပုံ မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ နှစ်နာရီနီးပါးငြိမ်းသတ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲမှ သိရသည်။
▪️ ဖေဖေယ်ဝါရီ ၇ ရက်နေ့၊ ည ၁၀နာရီ ၂၀မိနစ် အချိန်၌ ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဇရစ်ချောင်းရှိ စွန့်ပစ်အမှိုက်ပုံ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် မြဝတီခရိုင်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ အရန်မီးသတ်ရေသယ်ယာဉ်(၁)စီး၊ စည်ပင်ရေသယ်ယာဉ်(၁)စီးတိုဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ည ၁၂နာရီအချိန်၌ မီးငြိမ်းခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 8 February 2025
▪️ စင်ကာပူနိုင်ငံတွင် နေထိုင်ကြသော မြန်မာနိုင်ငံသားများအနေဖြင့် မလေးရှားနိုင်ငံသို့ စင်ကာပူနိုင်ငံ၏ နယ်စပ်စစ်ဆေးရေးဂိတ်များမှတဆင့် ဖြတ်သန်းသွားလာမည်ဆိုပါက မလေးရှားနိုင်ငံသို့ ဆိုက်ရောက်ကြောင်း ပုံစံအား မဖြစ်မနေဖြည့်စွက်၍မှတ်တမ်းထားရှိကြရန် စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ယမန်နေ့တွင် ထုတ်ပြန်လိုက်သည်။
▪️ ထုတ်ပြန်ချက်၌ စင်ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာနိုင်ငံသား အမျိုးသမီး တစ်ဦးသည် ပြီးခဲ့သည့်ဇန်နဝါရီလ (၂၅) ရက်က Woodland Checkpoint အားဖြတ်သန်း၍ မလေးရှားနိုင်ငံ Johor Bahr u သို့ သွားရောက်လည်ပတ်ခဲ့ကြောင်း၊ ဇန်နဝါရီ (၂၆) ရက်တွင် စင်ကာပူနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရန် မလေးရှားဘက် Johor Bahru Immigration ဂိတ်အရောက်တွင် ၎င်း၏ နိုင်ငံကူးလက်မှတ်ပေါ်၌ ဝင်ရောက်ခဲ့စဉ်က မလေးရှားဘက် တံဆိပ်တုံးရိုက်နှိပ် ထားခြင်းမရှိသည်ကို အကြောင်းပြလျက် မလေးရှားနိုင်ငံလူဝင်မှုကြီးကြပ်ရေးဌာနတွင် ခေတ္တထိန်းသိမ်းခံခဲ့ရကြောင်း၊ ထို့ကြောင့် စင်ကာပူမြို့၊ မြန်မာသံရုံးနှင့် ကွာလာလမ်ပူမြို့ မြန်မာသံရုံးတို့ပူးပေါင်း၍ သက်ဆိုင်ရာ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေးခြင်းများပြုလုပ်ပေးခဲ့ကြောင်း ဖော်ပြထားသည်။
▪️ ထိုဖြစ်စဉ်၌ မြန်မာနိုင်ငံသားအမျိုးသမီးမှာ စင်ကာပူမှတဆင့် တရားဝင်လမ်းကြောင်းမှ သွားရောက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသော်လည်း တရုတ်နှစ်သစ်ကူး ရုံးပိတ်ရက်များနှင့်ကြုံသဖြင့် (၇)ရက်ခန့် ထိန်းသိမ်းခံခဲ့ရပြီး မလေးရှားဘက်မှ ၎င်းကိုပြန်လည်လွှတ်ပေးသော်လည်း မလေးရှားရင်းဂစ် (၁၀၀၀)ဒဏ်ကြေးကို ပေးဆောင်ခဲ့စေသည့်အပြင် မလေးရှားနိုင်ငံသို့ ဝင်ထွက်ခွင့် (၃)နှစ် ပိတ်ပင်ခြင်းခံခဲ့ရကြောင်း သိရသည်။
▪️ ထို့ကြောင့် စင်ကာပူနိုင်ငံတွင် နေထိုင်ကြသော မြန်မာနိုင်ငံသားများအနေဖြင့် အဆိုပါကိစ္စရပ်များ မကြုံတွေ့စေရန် မလေးရှားနိုင်ငံသို့ စင်ကာပူနိုင်ငံ၏ နယ်စပ်စစ်ဆေးရေးဂိတ်များမှတဆင့်ဖြတ်သန်းသွားလာမည်ဆိုပါက မလေးရှားနိုင်ငံသို့ဆိုက်ရောက်ကြောင်း ပုံစံအားမဖြစ်မနေဖြည့်စွက်ပြီး မှတ်တမ်းထားရှိကြရန်၊ အထူးသဖြင့် မလေးရှားဘက် စစ်ဆေးရေးဂိတ်မှ ထွက်ခွာခြင်းမပြုမီ မိမိတို့၏ နိုင်ငံကူးလက်မှတ်ပေါ်တွင် မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန အဝင်တံဆိပ်တုံး ရိုက်နှိပ် ပြီး/မပြီး စိစစ်ကြပါရန်နှင့် တံဆိပ်တုံးရိုက်နှိပ်ပြီးမှသာလျင် မလေးရှားနိုင်ငံသို့ ဝင်ရောက်ကြရန် စင်ကာပူရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
#YMG/SW #Yangon_Times
Page 321 of 2186