#Local_News
Published 19 September 2025
▪️ AI ကာတွန်းပြိုင်ပွဲ ၌ မည် သူမဆို ဝင်ရောက်ယှဉ်ပြိုင် နိုင် ကြောင်း RecyGlo Myanmar မှသိရသည် ။
▪️ အဆိုပါပြိုင်ပွဲကို RecyGlo Myanmar ကအမှိုက်များ စနစ်တကျ စွန့်ပစ်ခွဲခြားခြင်းနှင့် ပတ်သက်သည့် အသိအမြင်များ မြှင့်တင်လိုခြင်း၊လူအများ၏ ရင်ထဲသို့ အချိန်ခဏအတွင်း သုတဖြစ်စေ၊ ရသဖြစ်စေ အချက်အလက်တစ်ခုကို ရောက်စေချင်ခြင်း စသည့်အချက်များအား ရုပ်ပြကာတွန်းများမှတဆင့်လျင်မြန်စွာရောက်ရှိရန် ရည်ရွယ်ချက်နှင့်ကျင်းပခြင်းဖြစ်သည်။
▪️ စိတ်ပါဝင်စားသည့် ပြိုင်ပွဲဝင်လက်ရာများကို လာမည့် စက်တင်ဘာလ(၂၃)ရက်အထိ လက်ခံသွားမည်ဖြစ်ကာပြိုင်ပွဲမှာ ဆုရရှိသူများကို ဆုကြေးငွေအပြင် Digital Achievement Certificate ကိုပါ ထည့်သွင်း ချီးမြှင့်မည်ဖြစ်ကြောင်းသိရသည်။
▪️ အဆိုပါ ပြိုင်ပွဲနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို RecyGlo Myanmar page ၌ သွားရောက်ကြည့်ရှုနိုင်ကြောင်း သိရသည် ။
#YMG/NN #Yangon_Times
ပြည်တွင်းတိရစ္ဆာန်အစာ လိုအပ်ချက်ရှိလာနိုင်တာကြောင့် ဆီကြိတ်ဖတ် တွေကို သိုလှောင်ခြင်းမပြုကြဖို့ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း က အသိပေးထုတ်ပြန်ထားပါတယ်။
#Local_News
Published 19 September 2025
#ဆီကြိတ်ဖတ် #မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း
#YMG/NN #Yangon_Times
#Local_News
Published 19 September 2025
▪️ မြန်မာအစိုးရကို ဆန့်ကျင်သည့် အဖွဲ့အစည်းများရုံးဖွင့်လှစ်ခြင်းနှင့် တရားမဝင်ဆန့်ကျင်သည့် လှုပ်ရှားမှုများကို တီမောလက်စ်တေနိုင်ငံတွင် ခွင့်ပြုမည်မဟုတ်ကြောင်း မြန်မာနိုင်ငံသို့ အလုပ်သဘော ရောက်ရှိနေသည့် တီမောလက်စ်တေနိုင်ငံ နိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာ ဘန်ဒီတို ဒို့စ်ဆန်းတို့စ်ဖရိတ်တက်စ်က မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကို စက်တင်ဘာ ၁၈ ရက်က ကတိပေးပြောကြားပါတယ်။
▪️ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ တရားဝင်သတင်းထုတ်ပြန်ချက်မှာ ယင်းကိုဖော်ပြထားခြင်းဖြစ်ပြီး တီမောလက်စ်တေနိုင်ငံမြို့တော် ဒီလီ၌ မြန်မာသံရုံး လာရောက်ဖွင့်လှစ်ရန်လည်း တီမောလက်စ်တေနိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးက ကမ်းလှမ်းခဲ့တယ်လို့လည်း အဆိုပါသတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်။
▪️ နှစ်နိုင်ငံဆက်ဆံရေးကို အာဆီယံပဋိညာဉ်၊ အခြေခံမူများ၊ စံနှုန်းသတ်မှတ်ချက်များနှင့်အညီ တစ်နိုင်ငံ၏ ပြည်တွင်းရေးကို တစ်နိုင်ငံက ဝင်ရောက်စွက်ဖက်မှုမပြုဘဲ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးကို တိုးမြှင့်သွားကြရန်လည်း နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးတွေ စက်တင်ဘာ ၁၈ ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ပြုလုပ်တဲ့ဆွေးနွေးပွဲမှာ အလေးထား ဆွေးနွေးသဘောတူခဲ့တယ်လို့ သိရပါတယ်။
▪️ ယင်းအပြင် အာဆီယံနိုင်ငံများအကြား ချုပ်ဆိုကြသည့် နှစ်နိုင်ငံ သံတမန်နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအတွက် ပြည်ဝင် ဗီဇာကင်းလွတ်ခွင့် သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ရေးနှင့် နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းတိုးမြှင့်ရေးအတွက် ပြည်ဝင်ဗီဇာ ကင်းလွတ်ခွင့် သဘောတူ စာချုပ်တို့ကို ချုပ်ဆိုနိုင်ရေးကိုလည်းကောင်း ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
▪️ တီမောလက်စ်တေဒီမိုကရက်တစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာ ဘန်ဒီတို ဒို့စ် ဆန်းတို့စ် ဖရိတ်တက်စ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ၁၇-၉-၂၀၂၅ ရက်မှ ၁၉-၉-၂၀၂၅ ရက်အထိ အလုပ်သဘောခရီးစဉ် လာရောက်ခဲ့တာဖြစ်ပါတယ်။
#YMG/KNL #Yangon_Times
MSME လုပ်ငန်းများဖွံဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ မတည်ထောက်ပံ့ငွေကျပ် ၁၇၀ ဘီလီယံကို ထူထောင်ထားတယ်လို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါ်သန်းသန်းလင်းက ပြောပါတယ်။
#Local_News
Published 18 September 2025
#MSME
#YMG/SW #Yangon_Times
အင်းလေးဒေသက ညောင်ရွှေဘုရားပွဲတော်နဲ့ အင်းလေးဖောင်တော်ဦးဘုရားပွဲတော်တွေမှာ ခြေနဲ့လှော်ခတ်တဲ့ အင်းသားရိုးရာလှေလှော်ပြိုင်ပွဲ ထည့်သွင်းကျင်းပသွားမယ်လို့ လှေလှော်ပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီ က သိရပါတယ်။
#Local_News
Published 18 September 2025
#အင်းလေးဖောင်တော်ဦး #ညောင်ရွှေဘုရားပွဲတော်
#YMG/NN #Yangon_Times
#Local_News
Published 18 September 2025
▪️ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့တွင် ပြင်းထန်မြေငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရသည့် ငလျင်ဘေးသင့် အိမ်ထောင်စုများ ပြန်လည်ထူထောင်ရေးအတွက် ဒုတိယအကြိမ် ငွေသားထောက်ပံ့ခြင်းအစီအစဉ်ကို စက်တင်ဘာလ(၁၇)ရက်က ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ သိရသည်။
▪️ ငွေသားထောက်ပံ့ခြင်းကို စစ်ကိုင်းမြို့ပေါ်ရပ်ကွက်များဖြစ်သည့် နန္ဒဝန်၊ မိုးဇာ ၊ ပန်းပဲတန်းရပ်ကွက်တို့တွင် ပေးဝေခဲ့ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အသင်းအလုပ်အမှုဆောင် ပါမောက္ခဒေါက်တာတင်မောင်လှိုင်က အဆိုပါရပ်ကွက်များမှ အိမ်ထောင်စုများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးကာ ငွေသားထောက်ပံ့ခြင်းကို ပြုလုပ်ခဲ့ကြောင်းသိရသည်။
▪️ ထောက်ပံ့ပေးဝေရာတွင် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ်လေးသိန်း(၄၀၀,၀၀၀ိ/)နှုန်းဖြင့် အဆိုပါရပ်ကွက်များမှ အိမ်ထောင်စုပေါင်း(၅၈၂)စုအတွက် စုစုပေါင်းငွေကျပ်(၂၃၂,၈၀၀,၀၀၀ိ/)ကို လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း၊ ငွေသားထောက်ပံ့ခြင်းအစီအစဉ်တွင်ပါဝင်သည့် အိမ်ထောင်စုများရွေးချယ်ခြင်းကို ပြီးခဲ့သည့် မေလမှစ၍ ကြက်ခြေနီဝန်ထမ်းများနှင့်စေတနာလုပ်အားရှင်များက အသင်း၏စံသတ်မှတ်ချက်များနှင့်အညီ အိမ်တိုင်ရာရောက် ကွင်းဆင်းလေ့လာဆန်းစစ်ခြင်းများ စနစ်တကျပြုလုပ်ကာ ဦးစွာရွေးချယ်ခံရသူများကို အများပြည်သူမြင်သာသောနေရာများတွင် ပွင့်လင်းမြင်သာစွာဖော်ပြထားရှိပြီး ( Community Engagement and Accountability )လုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့်ရွေးချယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
စိုက်ပျိုးရေးနည်းပညာနဲ့ စိုက်ပျိုးရေးလုပ်ငန်းအတွက် အရေးကြီးတဲ့ သိပ္ပံပညာသစ်တွေ၊ စက်ယန္တရားပစ္စည်းနဲ့ သဘာဝထွက်ကုန်အမျိုးမျိုးကို တစ်နေရာတည်းမှာ အနီးကပ်တွေ့မြင်စေဖို့ ရည်ရွယ်ထားတဲ့ Agricultural Expo 2025 ကိုကျင်းပသွားမယ်လို့ သိရပါတယ်။
#Local_News
Published 18 September 2025
#Agricultural_Expo_2025 #စိုက်ပျိုးရေးနည်းပညာ
#YMG/SW #Yangon_Times
Page 321 of 2443