မိုးစပါးစတင်ထွက်ပေါ်ချိန်မှာ အိပ်စပို့ဆန်တွေ အကျဈေးနဲ့ ဈေးကွက်အေးနေတယ်လို့ မြန်မာနိုင်ငံဆန်ကုန်စပါးအသင်းချုပ် က သိရပါတယ်။
#Local_News
Published 20 September 2025
#မိုးစပါး #ဆန်
#YMG/NN #Yangon_Times
၂၁ စက်တင်ဘာ ၂၀၂၅
မြန်မာအစိုးရနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့တွင် စစ်ဘက်ဆိုင်ရာ အဆင့်မြင့် နည်းပညာကုမ္ပဏီများသို့ မကြာသေးမီက သွားရောက်လေ့လာခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးသည် စက်တင်ဘာလ ၁၈ ရက်နှင့် ၁၉ ရက်နေ့ ညနေပိုင်းများတွင်ပေကျင်းအခြေစိုက်အဆိုပါအဆင့်မြင့်စက်မှုနည်းပညာဆိုင်ရာကုမ္ပဏီများတွင် မောင်းသူမဲ့လေယာဉ်ထုတ်လုပ်မှုများ၊ လေကြောင်းနည်းပညာဆိုင်ရာ ပစ္စည်းများ၊အီလက်ထရောနစ် စစ်ဆင်ရေးနှင့် လေကြောင်းရန်ကာကွယ်ရေးနည်းပညာဆိုင်ရာ စစ်လက်နက်ပစ္စည်းများကို လေ့လာ ကြည့်ရှုခဲ့ပြီး နည်းပညာပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေများကိုကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ဆွေးနွေး ညှိနှိုင်းခဲ့ကြတယ်လို့ အဆိုပါသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် 12th Beijing Xiangshan အစည်းအဝေးများသို့ တက်ရောက်နေစဉ်အတွင်း စစ်ဘက်ဆိုင်ရာ အဆင့်မြင့်နည်းပညာကုမ္ပဏီတွေကို သွားရောက်လေ့လာခဲ့ခြင်းဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီးမောင်မောင်အေးသည် စက်တင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ပေကျင်းမြို့ ပါယ်ခန်းမ (Bayi Hall)၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာနဝန်ကြီး ဗိုလ်ချုပ်ကြီး တုန်ကျွင်း (Admiral Dong Jun) နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ ကာကွယ်ရေးဆိုင်ရာကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ စစ်ဘက်နည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်ရေး၊ လေ့ကျင့်ရေးနှင့် သင်တန်းသားများစေလွှတ်ရေး၊ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု ပိုမို ခိုင်မာစေရေးတို့ကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့လည်းသိရပါတယ်။
#ymg/knl
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့ရှိ စည်ပင်ပိုင် တည်ဆောက်ဆဲ ခေတ်မီအဆင့်မြင့် သုမင်္ဂလာဈေး (ညံတောဈေး)ကအခန်းတွေကို တင်ဒါစနစ်နဲ့ငှားရမ်းသွားမယ်လို့ သိရပါတယ်။
#Local_News
Published 20 September 2025
#ပြင်ဦးလွင်ညံတောဈေး #ပြင်ဦးလွင်မြို့
#YMG/SW #Yangon_Times
အခုတစ်ပတ်အတွက်စက်သုံးဆီရည်ညွှန်းဈေး အားလုံးကျရိပ်ပြလာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ အခုတစ်ပတ်အတွက် ထုတ်ပြန်ချက်အရသိရပါတယ်။
#Local_News
Published 20 September 2025
#စက်သုံးဆီ
#YMG/NN #Yangon_Times
ထိုင်းဘဏ်အကောင့်များဂယက်ကြောင့် ရန်ကုန်မှာ တန်ဖိုးကြီးမြေကွက် တွေအရာင်းအဝယ်ဖြစ်နေတယ်လို့ အိမ်ခြံမြေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။
#Local_News
Published 20 September 2025
#ထိုင်းဘဏ်အကောင့် #ရန်ကုန်အိမ်ခြံမြေဈေးကွက်
#YMG/SW #Yangon_Times
#Daily_News
Published 20 September 2025
၁။ ထိုင်းဘဏ်အကောင့်များဂယက်ကြောင့် ရန်ကုန်တွင်တန်ဖိုးကြီးမြေကွက်များအရာင်းအဝယ်ဖြစ်နေ
၂။ စက်သုံးဆီဈေးအားလုံး ကျရိပ်ပြလာ
၃။ ပြင်ဦးလွင်ညံတောဈေးမှအခန်းများကို တင်ဒါစနစ်ဖြင့်ငှားမည်
၄။ ဗြိတိန်၌လူထုဆန္ဒပြပွဲများဖြစ်ပွားနေစဉ် ဝင်ဆာရဲတိုက်သို့ဒေါ်နယ်ထရမ့်လာရောက်လည်ပတ် ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 20 September 2025
▪️ မြန်မာနိုင်ငံသို့ နျူကလီးယား နည်းပညာအကူအညီပေးရေး အစီအစဉ်များနှင့်ပတ်သက်၍ မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ(IAEA) အကြီးတန်းအရာရှိကြီးများ စက်တင်ဘာ ၁၈ ရက်က ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
▪️ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ(IAEA)၏ (၆၉)ကြိမ်မြောက် အထွေထွေ ညီလာခံ ကျင်းပနေစဉ်ကာလအတွင်း တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
▪️ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့်အခြားနိုင်ငံတကာ အဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးမင်းသိမ်းသည် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊အဏုမြူစွမ်းအင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာသိင်္ဂီမောင်မောင်နှင့်အတူ IAEA ၏နည်းပညာပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ အာရှနှင့်ပစိဖိတ်ဒေသဌာန ညွှန်ကြားရေးမှူး Mr. Ge Deng ဦးဆောင်သောအဖွဲ့နှင့် ၁၈-၉-၂၀၂၅ ရက်၊ နံနက် ၁၁ ၃၀ နာရီတွင် ဗီယင်နာအပြည်ပြည်ဆိုင်ရာစင်တာ၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
▪️ တွေ့ဆုံကြစဉ် လက်ရှိ ၂၀၂၄-၂၀၂၅ စက်ဝန်းအောက်မှ မြန်မာနိုင်ငံအတွက် နည်းပညာအကူအညီပေးရေး အစီအစဉ်များအကောင်အထည်ဖော်ရာတွင် တိုးတက်မှုအခြေအနေများကို ဆွေးနွေးခဲ့ကြပါတယ်လို့သိရပါတယ်။
▪️ ယင်းနေ့မွန်းလွဲပိုင်းတွင် အဆိုပါမြန်မာကိုယ်စားလှယ်အဖွဲ့သည် IAEA နျူကလီးယားစွမ်းအင်ဌာန၊ နျူကလီးယားအခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဌာနခွဲအကြီးအကဲ Ms. Liliya Dulinets ဦးဆောင်သောအဖွဲ့နှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ နျူကလီးယားစွမ်းအင် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်သော စည်းမျဉ်းဥပဒေနှင့်နည်းပညာဆိုင်ရာ အကူအညီများရရှိရေးဆွေးနွေးခဲ့ကြတယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
▪️ မြန်မာနိုင်ငံသည် နျူကလီးယားစွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကနဦးလုပ်ငန်းတွေဆောင်ရွက်နေစဉ်အတွင်း ယခုလိုတွေ့ဆုံမှုတွေရှိလာခဲ့ခြင်းဖြစ်ပါတယ်။
#YMG/KNL #Yangon_Times
Page 319 of 2443