#Daily_News
Published 14 November 2024
၁။ ရန်ကုန်-မော်လမြိုင် အစုန်/အဆန်အထူးနှင့် ပုံမှန်ရထားများပြေးဆွဲပေးနေ
၂။ ပန်းတစ်ပွင့်တောင်တွင် ကထိန်ပွဲနှင့်ဆရာတော်မွေးနေ့ပွဲကျင်းပမည်၊ အိုဝေး နာဝေးဆေးဒါနပြုရန်ရှိ
၃။ ရွှေရောင်းဝယ်ရေးလုပ်ငန်းလုပ်မည့်သူများ အခုလအတွင်းလိုင်စင်အပြီးလျှောက်ထားရမည်
၄။ ဂါဇာနှင့်လက်ဘနွန်တို့တွင် စစ်ရာဇဝတ်မှုကျူးလွန်နေသည့်အစ္စရေးလ်အားအမေရိကန်အစိုးရသစ်ရပ်တန့်ပေးရန် အီရန်မျှော်လင့်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
အခုနှစ်မှာ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို လာရောက်သူများပြား နေပြီး တစ်ညကို ဧည့်သည်နှစ်သိန်းခန့်လာရောက်ကြည့်ရှုနေတယ်လို့ ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံပျံပညာရှင်များအသင်းက သိရပါတယ်။
#Local_News
Published 14 November 2024
#တောင်ကြီးတန်ဆောင်တိုင် #ရိုးရာမီးပုံပျံ
#YMG/NN #Yangon_Times
ရွှေရောင်းဝယ်ရေးလုပ်ငန်းလုပ်မည့်သူများ အခုလအတွင်းလိုင်စင်အပြီးလျှောက်ထားရမှာဖြစ်ပါတယ်။ လိုင်စင်မရှိဘဲ ရွှေရောင်းဝယ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုပုဒ်မ(၅)နဲ့အညီ အရေးယူခံရနိုင်မှာဖြစ်သလို YGEA ရဲ့သတ်မှတ်ရွှေဈေးအတိုင်းလည်း ရွှေဆိုင်တွေက ရောင်းဝယ်ကြရမှာဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 14 November 2024
#ရွှေရောင်းဝယ်ရေး #လိုင်စင်အပြီးလျှောက်
#YMG/tthl #Yangon_Times
ပန်းတစ်ပွင့်တောင် သာသနာ့နယ်မြေမှာ တန်ဆောင်မုန်းလပြည့်နေ့ နိုဝင်ဘာလ(၁၅)ရက်မှာ ကထိန်အလှူတော်မင်္ဂလာပွဲကိုကျင်းပမှာဖြစ်ပြီး နိုဝင်ဘာလ (၁၈)ရက်မှာတော့ ပန်းတစ်ပွင့်တောင်ဆရာတော်ဘုရားရဲ့မွေးနေ့မင်္ဂလာအခမ်းအနားကိုကျင်းပသွားမှာဖြစ်ပါတယ်။ ဆေးဘက်ဝင် ဘီးစပ်အရွက်နဲ့ဖော်စပ်ထားတဲ့ အိုဝေးနာဝေးဆေးတွေကို ဘုရားဖူးပြည်သူတွေကို လှူဒါန်းသွားဖို့ရှိပါတယ်။
#Local_News
Published 14 November 2024
#ပန်းတစ်ပွင့်တောင် #အိုဝေးနာဝေးဆေးဒါနပြု
#YMG/tthl #Yangon_Times
ခရီးသွားပြည်သူတွေအတွက် ရန်ကုန်-မော်လမြိုင်အစုန်/အဆန် ပုံမှန်ရထားတွေအပြင်တန်ဆောင်တိုင်ပိတ်ရက်တွေမှာ အများပြည်သူတွေနဲ့ ဝန်ထမ်းတွေ သွားလာတာ အဆင်ပြေစေဖို့ အထူးရထားတွေပါ ပြေးဆွဲပေးနေတယ်လို့ မော်လမြိုင်ဘူတာကြီးက သိရပါတယ်။
#Local_News
Published 14 November 2024
#ရန်ကုန်-မော်လမြိုင် #ပုံမှန်ရထားများပြေးဆွဲပေးနေ
#YMG/NN #Yangon_Times
#Local_News
Published 14 November 2024
▪️ ရန်ကုန်-မန္တလေး လမ်းပိုင်းအတွင်းရှိ စမုံ-သပြေတောင်းဘူတာအကြားရှိ စမုံတံတား ပြန်လည်မွမ်းမံပြင်ဆင်မည်ဖြစ်သောကြောင့် မန္တလေး-သာစည် ရထားလမ်းပိုင်းကို ယာယီနှစ်ရက် ပိတ်မည်ဖြစ်ကြောင်း သိရသည်။
▪️ တိုင်ဖွန်းမုန်တိုင်း “ရာဂီ” ၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့် မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် စမုံနှင့်သပြေတောင်းကြား အဆန်ရထားလမ်း တံတားအမှတ် (၆၉၁) ၏ ကမ်းကပ်ခုံရေတိုက်စားခံရမှုအပေါ် ပေ ၆၀ ဘေလီ သံပေါင်ဖြင့် ယာယီအစားထိုးဆောင်ရွက်ခဲ့ပြီး ယခုအခါ အသေးစိတ် ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်ရန် လိုအပ်သည့်အတွက် နိုဝင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်များတွင် မန္တလေး-သာစည် ရထားလမ်းပိုင်းကို ယာယီပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ နေ့ရက်များတွင် သာစည်-မန္တလေး ပြေးဆွဲပေးလျက်ရှိသည့် အမှတ် သ-၃၀၁ အဆန်၊ သ-၃၀၂ အစုန် RBE လူစီးရထားနှင့် ရန်ကုန်-မန္တလေး-ရန်ကုန် ပြေးဆွဲလျက်ရှိသည့် အမှတ်(၁)အဆန်၊ အမှတ် (၂) အစုန် စာပို့ရထားများကို ယာယီရပ်နားထားမည်ဖြစ်ပြီး ရန်ကုန်-မန္တလေး- ရန်ကုန် ပြေးဆွဲလျက်ရှိသည့် အမှတ်(၁၁)အဆန်၊ အမှတ်(၁၂)အစုန် လူစီးအမြန်ရထားများကို ရန်ကုန် - သာစည် - ရန်ကုန် ခရီးစဉ်အဖြစ် ပြောင်းလဲပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
▪️ မြန်မာ့မီးရထားအနေဖြင့် ပြည်သူများခရီးသွားလာမှု လွယ်ကူအဆင်ပြေစေရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးအတွက် ရထားလမ်းပိုင်းများတွင် လူစီးရထားနှင့် ကုန်ရထားများ ပြေးဆွဲပေးခြင်း ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
▪️ ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန် - မန္တလေး ရထားလမ်းပိုင်းအတွင်း ရေကြီးရေလျှံမှုဖြစ်ပွား၍ ရထားလမ်းနှင့်တံတားများ ထိခိုက်ပျက်စီးမှုများကို အချိန်နှင့်တစ်ပြေးညီ ပြုပြင်ဆောင်ရွက်ခဲ့ပြီး ယခုအခါ စမုံနှင့်သပြေတောင်းကြား အဆန်လမ်းတံတား အမှတ် (၆၉၁) (စမုံတံတား) ကို အသေးစိတ်ပြုပြင်မှုများပြုလုပ်ပြီး နိုဝင်ဘာ ၂၀ ရက်မှစ၍ ရန်ကုန်-မန္တလေးလမ်းပိုင်းအတွင်း ပြေးဆွဲလျက်ရှိသောရထားများကို မူလပြေးဆွဲချိန်များအတိုင်း ရန်ကုန်နှင့်မန္တလေး ခရီးဆုံးဘူတာများအထိ ပုံမှန်ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 14 November 2024
▪️ မြစ်ကြမ်းပြင်မြစ်ရေတိုက်စားမှု ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်မည်ဖြစ်သောကြောင့် လှိုင်မြစ်ကူးရွှေပြည်သာ တံတားရေလမ်းပြောင်းလဲမည် ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
▪️ ရွှေပြည်သာတံတားရေလမ်းတွင် ယခင်က ရေယာဉ်များ ဖြတ်သန်းသွားလာရန် ရေလမ်းကြောင်းကို အစုန်လမ်းအဖြစ် ရေလယ်တိုင်အမှတ် (၃) နှင့် (၄) အကြားမှ လည်းကောင်း၊ အဆန်လမ်းအဖြစ် ရေလယ်တိုင်အမှတ် (၂) နှင့် (၃)အကြားမှလည်းကောင်း ဖွင့်လှစ်ထားသော်လည်း ယခုအခါတံတားမြစ်ကြမ်းပြင်မြစ်ရေတိုက်စားမှု ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်မည်ဖြစ်သောကြောင့် ရေယာဉ်များဖြတ်သန်းသွားလာရန် ရေလမ်းကြောင်းကို ယနေ့ နိုဝင်ဘာ ၁၄ ရက်မှစ၍ အစုန်၊ အဆန်ရေလမ်းအဖြစ် ရေလယ်တိုင်အမှတ် (၂) နှင့် (၃) အကြားမှ ပြောင်းလဲဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ ပြောင်းလဲမည့် ရေလမ်း၏ကင်းလွတ်အကျယ်သည် ၃၄၅ ပေနှင့် ကင်းလွတ်အမြင့်သည် အမြင့်ဆုံး ရေမျက်နှာပြင် အထက် ၃၆ ပေရှိ ကြောင်း၊ရေယာဉ်များ ဖြတ်သန်းရမည့် ဝင်ပေါက်ရေလမ်းတွင် နေ့အခါ အစိမ်းရောင်တြိဂံအမှတ်အသား ပြသထားမည်ဖြစ်ပြီး ညအခါ မီးစိမ်းထွန်းပြသထားမည်ဖြစ်သည်။
▪️ ထို့အတူ မဝင်ရမည့်ရေလမ်းတွင် နေ့အခါအနီရောင်ကြက်ခြေခတ် အမှတ်အသားပြသထားပြီး ညအခါ မီးနီထွန်း ပြသထားမည်ဖြစ်သည်။
▪️ အဆိုပါ ရွှေပြည်သာတံတားတိုင်များ၏ အောက်ခြေပိုင်တိုင် အုတ်ခုံများသည် ရေလယ်တိုင်များ၏တစ်ဖက်တစ်ချက်တွင် ၁၅ ပေခန့် ထိုးထွက်နေသဖြင့် ရေယာဉ်များရေလယ်တိုင်နှစ်ခုအကြားမှ ယှဉ်ပြိုင်ခုတ်မောင်းခြင်း မပြုရန်၊ တွဲတွန်းရေယာဉ်များ တစ်တွဲချင်းသာ ချိတ်ဆွဲဖြတ်သန်းကြရန်နှင့် အစုန်ဦးစားပေး၍ ဝင်ပေါက်သို့ ချဉ်းကပ်ရာတွင် လုံလောက်သော အကွာအဝေးမှ ချဉ်းကပ်လမ်းကြောင်းမှန်ဖြင့် ထိန်းသိမ်းခုတ်မောင်းကြရန် အသိပေးထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 322 of 2088