တိုင်းနဲ့ပြည်နယ်တွေမှာညအအေးပိုပြီး နေ့အပူချိန်များချိန်များနိုင်တာကြောင့် မီးသတိပြုဖို့ လိုအပ်တယ်လို့ မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က သတိပေးထားပါတယ်။
#Local_News
Published 10 January 2025
#နေ့အပူချိန်များ #မီးသတိပြုရန်လို
#YMG/NN #Yangon_Times
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေနဲ့ ရုပ်ရှင်လောကသားတွေအတွက် စားသောက်ကုန်တွေ ထောက်ပံ့လျှက်ရှိရာမှာ ယခုလတတိယပတ်မှာလည်း
ထောက်ပံ့ပေးအပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 10 January 2025
#ရုပ်ရှင်လောကသား #စားသောက်ကုန်များထောက်ပံ့
#YMG/SW #Yangon_Times
ရန်ကုန်ဈေးကွက်မှာ နှစ်ပတ်ဆက်တိုက်ကျဆင်းခဲ့တဲ့ စက်သုံးဆီဈေးတွေဟာ ဒီကနေ့မှာတော့ ပြန်လည်မြင့်တက်လာပြီး 92တစ်လီတာကို ကျပ် ၃,၀၀၀ ကျော်အထိပြန်လည် ရောက်ရှိလာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက သိရပါတယ်။
#Local_News
Published 10 January 2025
#စက်သုံးဆီဈေးတက် #စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း
#YMG/NN #Yangon_Times
#Local_News
Published 10 January 2025
▪️ KBZPay အသုံးပြုသူများအားလုံး အသုံးပြုနိုင်မည့် Device Management စနစ်အသစ်တစ်ခုကို မကြာမီ မိတ်ဆက်သွားရန်ရှိကြောင်း KBZPay က ယမန်နေ့တွင်အသိပေးထုတ်ပြန်ထားသည်။
▪️ ဇန်နဝါရီလ ၃ ရက်တွင် ပြုလုပ်ခဲ့သည့် ထုတ်ပြန်ချက်အရ ခေတ္တရပ်နားခဲ့သည့် KBZPay ၏ ဖုန်းဟန်းဆက်ပြောင်းလဲသည့် လုပ်ငန်းစဉ် (Device Change) လုပ်ဆောင်ချက်အား ယခုအချိန်တွင် ပြန်လည် အသုံးပြုနိုင်ပြီဖြစ်သော်လည်း KBZPay အကောင့်အသုံးပြုသည့် မိုဘိုင်းအော်ပရေတာ အပေါ်မူတည်ပြီး ဖုန်းဟန်းဆက်ပြောင်းလဲသည့် လုပ်ငန်းစဉ် (Device Change) ဆောင်ရွက်ပုံ ကွာခြားနိုင်ကြောင်း သိရသည်။
▪️ ထို့ကြောင့်ယခုအချိန်တွင် ဖုန်းဟန်းဆက်ပြောင်းလဲမှုနည်းလမ်းများမှာ ဖုန်းအော်ပရေတာ အပေါ်မူတည်ပြီး ကွဲပြားနေမည် ဖြစ်သော်လည်း မကြာမီအချိန်အတွင်း KBZPay အသုံးပြုသူများအားလုံး အသုံးပြုနိုင်မည့် Device Management စနစ်အသစ်တစ်ခုကို မိတ်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 10 January 2025
▪️ မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်၊ မြင်းခြံမြိုနယ်အတွင်းရှိ တောင်ပင်လယ်ဆည်ကြိုးပြင်ကာကွယ်တော သတ်မှတ်လိုက်ကြောင်းသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ အသိပေးကြေညာထားချက်အရ သိရသည်။
▪️ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (င) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်၊ မြင်းခြံမြိုနယ်အတွင်းကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၅,၈၆၁ ဧကရှိသော နယ်မြေကို “တောင်ပင်လယ်ဆည် ကြိုးပြင် ကာကွယ်တော” အဖြစ် အမိန့် ကြော်ငြာစာအမှတ် (၂/၂၀၂၅) အရ ၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက်(၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာထားခြင်းဖြစ်သည်။
▪️ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် အပူပိုင်းဒေသဖြစ်သော မြင်းခြံမြိုနှင့်ပတ်ဝန်းကျင်ဒေသအား အပူချိန်လျော့ နည်းကျဆင်းပြီး ပူပြင်းခြောက် သွေ့မှု ကာကွယ်ရန်၊ ရာသီဥတု သာယာမျှတစေပြီး စိမ်းလန်းစိုပြည်သာယာလှပစေရန်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုလျော့နည်းသက်သာစေရန်၊ မြေဆီလွှာပိုမိုကောင်းမွန် လာစေရန်၊ မြေဆီလွှာတိုက်စား မှုများ တားဆီးကာကွယ်ရန်၊ သဘာဝဘေးအန္တရာယ်များမှ အကာအကွယ်ပေးနိုင်ရန်၊ ဒေသခံပြည်သူများ၏ လယ်ယာ သုံး သစ်၊ ထင်း၊ ဝါး စသည့် သစ်တောထွက်ပစ္စည်းများ စဉ်ဆက်မပြတ် ထောက်ပံ့ပေးနိုင် ရန်နှင့် ရေဝေရေလဲဒေသများနှင့် အပူပိုင်းသစ်တောများ ထိန်းသိမ်းရန်ရည်ရွယ်၍ ကြိုးဝိုင်း/ ကြိုးပြင် ကာကွယ်တောများအဖြစ် ဖွဲစည်းသတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။
▪️ တောင်ပင်လယ်ဆည် ကြိုး ပြင် ကာကွယ်တောသတ်မှတ်ခြင်းဖြင့် အဆိုပါဧရိယာအတွင်း ပေါက်ရောက်လျက်ရှိသော အပူပိုင်းဒေသ၏ ဒေသမျိုးရင်းသစ်မျိုးများဖြစ်သည့် သန်း၊ ဒဟတ်၊ ရှား၊ ထနောင်း၊ တမာ၊ ဆူးဖြူစသည့် သစ်မျိုးများအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ ဒေသခံပြည်သူများအတွက် လယ်ယာလုပ်ငန်းသုံး သစ်၊ ထင်း၊ ဝါးနှင့် အခြားအပူပိုင်းဒေသထွက် သစ်တောထွက်ပစ္စည်းများ ပိုမိုရရှိနိုင် ခြင်း၊ အရိပ်နှင့်နားခိုရာနေရာများ တိုးပွားလာစေခြင်း၊ ခါ၊ ချိုး၊ ဖွတ်၊ ပဒက်၊ တောကြောင်၊ ငုံး၊ ယုန် စသည့်တိရစ္ဆာန်များ၏ နေထိုင်ကျက်စားရာဒေသနှင့် ဇီဝမျိုးစုံ မျိုးကွဲများ ထိန်းသိမ်းနိုင်မည် ဖြစ်ခြင်း၊ သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေး အထောက်အကူ ပြုလုပ်ငန်းများ ဆောင်ရွက်နိုင် မည်ဖြစ်ခြင်း၊ ရေတိုက်စားမှု၊ လေတိုက်စားမှုများမှ တားဆီးကာကွယ်နိုင်မည်ဖြစ်ခြင်း၊ မြေ ဆီလွှာထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်နိုင်မည်ဖြစ်ခြင်း၊ မြေအောက်ရေ ထိန်းသိမ်းနိုင်ခြင်းနှင့် သစ်တောဖုံးလွှမ်းမှု တိုးလာပြီး ရာသီဥတုပိုမိုကောင်းမွန် မျှတလာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 10 January 2025
▪️ မန္တလေးမြို့ရှိ ချမ်းအေးသာစံမြို့နယ်တွင် ယနေ့မနက်ပိုင်း၌ မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ ဇန်နဝါရီ ၁၀ ရက်နေ့၊ ၉နာရီ ၅၀မိနစ် အချိန်ခန့်က၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း(၃၀)၊ (၆၈x၆၉)ကြားတွင် မီးလောင်မှုဖြစ်ပွာခဲ့ ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် Level 1 ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၉နာရီ ၅၉ မိနစ်အချိန် ၌ မီးထိန်းနိုင်ခဲ့ပြီး ၁၀ နာရီ ၃မိနစ် အချိန်၌ မီးငြိမ်းနိုင်ခဲ့ကြောင်းသိရသည်။
▪️ မီးလောင်မှု ဖြစ်စဉ်နှင့်ပတ်သက်သည့်ကိစ္စရပ်များအပါအဝင် ပျက်စီးဆုံးရှုံးမှုတန်ဖိုးများအားဆက်လက်စုံစမ်းလျှက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 9 January 2025
၁။ မြန်မာနိုင်ငံတွင်ပထမဆုံး Coffee Quality Institute အသိအမှတ်ပြု Robusta သင်တန်းဖွင့်မည်
၂။ ဆန်နှင့်ဆန်ကွဲတန်ချိန် နှစ်သန်းကျော်ဖြင့်လျာထားချက်နီးပါးပြည့်မှီတင်ပို့ထား
၃။ လာမည့်လမှသာ အင်းလေးမှ ခရမ်းချဉ်သီးများ ပြန်လည်ထွက်ရှိနိုင်မည်
၄။ အိုကီနာဝါစီရင်စုသို့ အမေရိကန်စစ်စခန်းရွှေ့ပြောင်းခြင်းအပေါ် ဂျပန်ပြည်သူအချို့ဆန့်ကျင်ဆန္ဒပြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 318 of 2150