နိုင်ငံကျော်တေးသံရှင် ရှမ်းတိုင်းရင်းသား အနုပညာရှင်ကြီးစိုင်းဆိုင်မောဝ်ကွယ်လွန်သွားတဲ့အတွက်ဝမ်းနည်းကြေကွဲကြောင်းကို ဂီတအစည်းအရုံးနဲ့ ရှမ်းတိုင်းရင်းသားအဆိုတော်များ ဖြစ်တဲ့စိုင်းစိုင်းခမ်းလှိုင်၊ The Sai တို့မှ ဖော်ပြထားပါတယ်။ ဇူလိုင်(၂၀)ရက်သဂြိုဟ်ရန်မှန်းထားပေမယ့် ဇူလိုင်(၁၉)ရက်မှာ သဂြိုဟ်သွားပါမယ်။
#Local_News
Published 18 July 2024
#စိုင်းဆိုင်မောဝ် #ကွယ်လွန်
#tthl #Yangon_Times
သင်္ဘောသားဖြစ်ချင်သူများအတွက် သင်ထောက်ကူပစ္စည်းအပြည့်အစုံနဲ့ အခမဲ့ ကုန်းပတ်သင်တန်းကို ဩဂုတ်လ(၁၀)ရက်မှ (၂၄)ရက်အတွင်း အပတ်စဉ်စနေတနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်ပေးဖို့ရှိတယ်လို့ MSF အဖွဲ့ချုပ်မှ သိရပါတယ်။
#Local_News
Published 18 July 2024
#ကုန်းပတ်သင်တန်း #အခမဲ့ထပ်ဖွင့်
#tthl #Yangon_Times
#Local_News
Published 18 July 2024
▪️ လွိုင်ကော်တွင် သီရိမင်္ဂလာဈေးသစ်ကြီးတည် ဆောက်ရန်ရှိပြီးဆိုင်ခန်း(၁၀၉၆)ခန်းနှင့် အစားသောက်တန်း (၅၄)ခန်းပါဝင်မည်ဖြစ်ကြောင်း သိရသည်။
▪️ သီရိမင်္ဂလာဈေး အဆင့်မြင့်ဈေးသစ် ပြန်လည်တည်ဆောက်နိုင်ရန်အတွက် ပန္နက်တင်အခမ်းအနားကို ဇူလိုင်လ(၁၇)ရက်နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များမှ သီရိမင်္ဂလာ အဆင့်မြင့်ဈေးသစ် ဆောက်လုပ်မည့်မြေနေရာအား ပန္နက်တော်တင်ခြင်း၊ အမွေးနံ့သာရည်များ ပက်ဖျန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
▪️ အဆိုပါ သီရိမင်္ဂလာအဆင့်မြင့်ဈေးကြီးကို (၁)ထပ်ဆိုင်ခန်း (၃၀၀)ခန်း၊ (၈)ခန်းတွဲ (၆၇၂)ခန်း၊ (၆)ခန်းတွဲ (၁၂၄)ခန်း၊ အစားသောက်တန်း (၅၄)ခန်းတို့ဖြင့် အဆင့်မြင့်ဈေးသစ်ကြီးအဖြစ် အမြန်ပြန်လည်တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
▪️ သီရိမင်္ဂလာ(ယာယီ) ဈေးဆောက်လုပ်ပေးနေမှု အခြေအနေများနှင့် ဈေးဖွင့်လှစ်ရောင်းချနေမှုတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဈေးရောင်းချလျက်ရှိသည့် ဈေးသူ၊ ဈေးသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကား ပြောကြားကာ ကုန်ဈေးနှုန်းတည်ငြိမ်မှုရှိစေရေး၊ သန့်ရှင်းလတ်ဆတ်သော အစားအသောက်များ ရောင်းချနိုင်ရေး၊ ဈေးပရိဝုဏ်အတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေးအတွက် တာဝန်ရှိသူများက စနစ်တကျ ကြီးကြပ်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
#tthl #Yangon_Times
#Local_News
Published 18 July 2024
▪️ ပြည်သူများသုံးစွဲသည့်ဆေးဝါးများ ဘေးကင်းလုံခြုံစေရေးအတွက်ရွှေပြည့်စုံဈေးရှိ ဆေးဆိုင်အား ရှောင်တခင်စစ်ဆေးခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
▪️ ထိုသို့စစ်ဆေးရာတွင် ရန်ကုန်တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) မှတာဝန်ရှိသူများယမန်နေ့နံနက်ပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ်၊ရွှေပြည့်စုံဈေးအတွင်း ဆေးဝါးဖြန့်ချီရေးဆိုင်အား ရှောင်တခင် စစ်ဆေးရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ကျန်းမာရေးဌာနသည်မြို့နယ်ဆေးဆိုင်ဆေးခန်းကြီးကြပ်ရေးကော်မတီနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
#NN #Yangon_Times
#Local_News
Published -18 July 2024
▪️ ၂၀၂၄ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကို ယမန်နေ့ ဇူလိုင်လ ၁၇ ရက်နံနက်ပိုင်းက ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)၊ အနော်ရထာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
▪️ ယင်းအခမ်းအနားသို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညို၍ ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်း၊နေ့ဆွမ်းတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းနစကသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
▪️ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဓဇ မဟာဓမ္မကထိကဗဟုဇနဟိတဓရ ဘဒ္ဒန္တ ဝါသေဋ္ဌာဘိဝံသတို့ အမှူးပြုသော ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများ အပါအဝင် ပင့်ဖိတ်ထားသည့် ဆရာတော်ကြီး ၂၇ ပါး ကြွရောက်ချီးမြှင့်တော်မူခဲ့ကြကြောင်းသိရသည်။
▪️ နစကဥက္ကဋ္ဌက အနော်ရထာခန်းမအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို၍ မြသပိတ်ဆွမ်းတော်၊ သစ်သီး၊ ပန်း၊ သောက်တော်ရေချမ်းနှင့် ဆီမီးတို့ကို ကပ်လှူပူဇော်ခဲ့ပြီးနောက် အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်၍ အခမ်းအနားသို့ တက်ရောက်လာကြသူများက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်း ဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်ကြီးများ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြကာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ သန်လျင်မင်းကျောင်း ဆရာတော်ကြီးထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
▪️ ယင်းနောက် နစက ဒုဥက္ကဋ္ဌက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မစိုးရိမ်တိုက်သစ်ဆရာတော်ကြီးထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကာ တက်ရောက်လာကြသူများနှင့် ဇနီးများက ဆရာတော်၊ သံဃာ တော်များထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို အသီးသီးဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
▪️ ယင်းအခမ်းအနားသို့ နစကဥက္ကဋ္ဌနှင့် ဇနီး၊နစကဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ တပ်မတော် (ကြည်း၊ရေ၊လေ) အဆင့်မြင့်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
#Yangon -Times/PP
#Daily_News
Published 17 July 2024
၁။ သက်သာသည့်ဈေးနှုန်းဖြင့် ဆေးဝါးများ တိုက်ရိုက်ရောင်းချမှုစတင်
၂။ မိုးခေါင်ခြင်း၊ မြစ်ရေနစ်မြုပ်ခြင်းကြောင့် မိုးမြေပဲနှင့်သီးနှံအချို့ ဆုံးရှုံးမှုရှိ၍ ပြန်စိုက်ပျိုးရမည်
၃။ 'ကမ္ဘာ့နဂါးလှေပြိုင်ပွဲ'သို့ မြန်မာလှေလှော်အသင်း ပါဝင်ယှဉ်ပြိုင်ရန် လက်ရည်စစ်ပွဲစပြိုင်မည်
၄။ တရုတ်သဘာဝကျောက်နံရံတောင်တက်ပြိုင်ပွဲကြီး တင်ရှီမြို့ကျဲ့ယန်တောင်၌ကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်တိုင်းအတွင်းရှိမြို့နယ်တွေကို လှော်ကားရေလှောင်ကန်အပါအဝင် ရေသန့်စင်စက်ရုံများမှ နေ့စဉ်ရေဂါလန် ၂၃၇ သန်း ဖြန့်ဝေပေးနေတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)က သိရပါတယ်။
#Local_News
Published 17 July 2024
#ရေသန့်စင်စက်ရုံ #နေ့စဉ်ရေဂါလန်၂၃၇သန်း
#NN #Yangon_Times
Page 316 of 1965