အခုရက်ပိုင်းအတွင်း ဒေါ်လာဈေးနဲ့အတူ ရွှေဈေးနှုန်းတွေဆက်တိုက်ကျဆင်းနေပြီး ၂၀၂၄ ပြင်ဆင်ထားတဲ့ အခွန်အကောက်ဥပဒေဟာ လာမယ့်နိုဝင်ဘာလအတွင်းမှာ စတင်အသက်ဝင်မှာဖြစ်တာကြောင့် ရွှေဈေးအခုထက်ပိုတည်ငြိမ်နိုင်မယ်လို့ ရွှေဈေးကွက်ကျွမ်းကျင်သူတွေဆီက သိရပါတယ်။
#Local_News
Published 28 September 2024
#အခွန်အကောက်ဥပဒေ #ရွှေဈေးပိုတည်ငြိမ်နိုင်
#YMG/NN #Yangon_Times
ပြီးခဲ့တဲ့ ၂နှစ်ကျော်က တင်ပို့ထားတဲ့ ပို့ကုန်ရငွေတွေကိုပါ ၇၅ ရာခိုင်နှုန်းအထိရောင်းချနိုင်ဖို့ ဖြေလျှော့ထားပြီးဖြစ်တာကြောင့် လာမယ့်နိုဝင်ဘာလကုန် မတိုင်မီ ပို့ကုန်ရငွေတွေ အမြန်ဆုံးပေးသွင်းဖို့နဲ့ ပျက်ကွက်သူတွေကို အရေးယူသွားမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အသိပေးလိုက်ပါတယ်။
#Local_News
Published 28 September 2024
#ဗဟိုဘဏ်အသိပေး #ပို့ကုန်ရငွေများပေးသွင်းရန်
#YMG/NN #Yangon_Times
ရေဘေးကြောင့် အခုသီတင်းကျွတ်ပိတ်ရက်မှာ ချောင်းသာလာမယ့်သူတွေ မနှစ်ကထက်နည်းပေမယ့်ဟိုတယ်၊ တည်းခိုခန်းဘိုကင်(၆၀)ရာခိုင်နှုန်းပြည့်လာပြီး (၄၀)ရာခိုင်နှုန်းသာကျန်တော့တယ်လို့ သိရပါတယ်။
#Local_News
Published 28 September 2024
#သီတင်းကျွတ်ပိတ်ရက် #ချောင်းသာဘိုကင်တင်သူပြည့်
#YMG/tthl #Yangon_Times
လာမယ့် အောက်တိုဘာလ(၃)ရက်ကနေ (၆)ရက်အတွင်း ရန်ကုန်မြစ်အတွင်း သာမန်ထက် ထူးကဲဒီရေတက်နိုင်လို့ မြစ်ကမ်းနားဒေသတွေမှာ နေထိုင်ကြသူတွေ သတိထားကြဖို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က အသိပေးထုတ်ပြန်ထားပါတယ်။
#Local_News
Published 28 September 2024
#ထူးကဲဒီရေတက်နိုင် # မြစ်ကမ်းဘေးနေသူများသတိထား
#YMG/tthl #Yangon_Times
#Local_News
Published 28 September 2024
▪️ ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များ အပါအဝင်ခရိုင်နှင့် မြို့နယ်များတွင် ယနေ့မှစတင်၍ မီးပေးချိန်အား ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ သိရသည်။
▪️ ထိုသို့ပြောင်းလဲရာ၌ မီးပေးချိန်အား ယနေ့မှစတင်၍ ပြောင်းလဲပြီဖြစ်သဖြင့်အုပ်စုအေကို မနက် ၅နာရီအချိန်၌ စတင်ပိတ်မည်ဖြစ်ပြီး စက်မှုဇုန်များအား မနက် ၉နာရီမှ ညနေ ၅ နာရီ အထိဓာတ်အားပေးမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် မနက် ၅နာရီမှ ၉ နာရီ အထိတစ်ကြိမ် အရှေ့ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်၊ တောင်ပိုင်းခရိုင်၊ မြောက်ပိုင်းခရိုင် ၊ မနက်၉နာရီမှ နေ့လယ် ၁နာရီအထိ တကြိမ်အရှေ့ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်၊ တောင်ပိုင်းခရိုင်၊ မြောက်ပိုင်းခရိုင်၊ နေ့လယ် ၁နာရီ မှ ညနေ ၅နာရီအထိ တကြိမ်အရှေ့ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်၊တောင်ပိုင်းခရိုင်၊ မြောက်ပိုင်းခရိုင် ညနေ ၅နာရီ မှ ည ၉နာရီအထိ တကြိမ်အရှေ့ပိုင်းခရိုင်၊ တောင်ပိုင်းခရိုင်၊ မြောက်ပိုင်းခရိုင် စသဖြင့် ၄ကြိမ် အုပ်စု ချိန်းခြင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 28 September 2024
▪️ နေပြည်တော် ကောင်စီနယ်မြေအတွင်း၌ ရေကြီး၊ရေလျှံမှုများကြောင့် ထိခိုက်ပျက်စီးမှုများအား ရှင်းလင်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် မီးသတ်တပ်ဖွဲ့ဝင် ၅၀ သည် ဖိအားမြင့် မီးသတ်စက်ကြီးများဖြင့် ထွက်ခွာနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ အဆိုပါ ရေကြီးရေလျှံမှုနှင့် ရေလွှမ်းမိုးမှု ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးမှုများအား ရှင်းလင်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဥက္ကဌ၏ လုပ်ငန်းလမ်းညွှန်ချက်နှင့်အညီ ပိုမိုအားဖြည့် အရှိန်အဟုန်မြှင့် ကူညီဆောင်ရွက်နိုင်ရန် သွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့သွားရောက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၅၀ ဦးတို့သည် ဂျပန်နိုင်ငံထုတ် မြင်းကောင်ရေ ၆၀ ရှိ Tohatsu အမျိုးအစား (High Pressure Pump) ဖိအားမြင့်မီးသတ်စက်ကြီးများဖြင့် နေပြည်တော်သို့ စက်တင်ဘာ၂၈ ရက်နေ့၊ မနက်၁၁ နာရီ အချိန်တွင် ထွက်ခွာသွားပြီဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အဆိုပါ တပ်ဖွဲ့ဝင်များအတွက် လိုအပ်သော ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 27 September 2024
၁။ မြန်မာ-ဗီယက်နမ်ကုန်စည်ပြပွဲ နိုဝင်ဘာလ၌ ကျင်းပမည်
၂။ စက်သုံးဆီ ဈေးနှုန်းများမြင့်တက်
၃။ မိုးတိမ်တောင်ကြောင့် ဒေသ(၇)ခု၌ မိုးသက်လေပြင်းများတိုက်ခတ်နိုင်
၄။ လူ့အခွင့်အရေးဘန်းပြကာ နိုင်ငံရေးခုတုံးလုပ်နေသည်များကို ဆန့်ကျင်သည့်တရုတ်ရပ်တည်ချက်အား ကုလသမဂ္ဂတွင် နိုင်ငံပေါင်းတစ်ရာကျော်ထောက်ခံ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 311 of 2029