ငလျင်ဒဏ်ကြောင့် ယာယီရပ်နားထားတဲ့ ရထားလမ်းပိုင်းတွေကိုအမြန်ဆုံးပြုပြင်ပြီး ပြန်လည်ပြေးဆွဲသွားမယ်လို့ မြန်မာ့မီးရထားမှ သိရပါတယ်။
#Local_News
Published 2 Apirl 2025
#ယာယီရပ်နားထားရထားလမ်း #အမြန်ဆုံးပြုပြင်
#YMG/SW #Yangon_Times
ပြီးခဲ့တဲ့မတ်လ(၂၈)ရက်ကစတင်ပြီး ဖျက်အားပြင်း ငလျင်ကြီး စတင်လှုပ်ခတ်ခဲ့ပြီးနောက် ဒီကနေ့ ဧပြီလ(၂)ရက် မနက်ပိုင်းအချိန် အထိ ၆ရက်တာကာလအတွင်း မြေငလျင်(၅၅)ကြိမ်လှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားတယ်။
#Local_News
Published 2 Apirl 2025
#မြေငလျင်(၅၅)ကြိမ်လှုပ်ခတ် #မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက
#YMG/NN #Yangon_Times
ငလျင်ကယ်ဆယ်ရေးမှာ အသုံးပြုဖို့ တရုတ်-မြန်မာ-အင်္ဂလိပ် ဘာသာပြန်ဆိုစနစ်ကို အရေးပေါ်ဖော်ဆောင်ခဲ့တယ်လို့ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
#Local_News
Published 2 Apirl 2025
#တရုတ်-မြန်မာ-အင်္ဂလိပ် # ဘာသာပြန်ဆိုစနစ်
#YMG/SW #Yangon_Times
#Local_News
Published_2 April 2025
▪️ အင်အားပြင်းမြေငလျင်လှုပ်ခတ်မှုကြောင့် မြန်မာနိုင်ငံတစ်ဝန်းထိခိုက် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော စစ် ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အရှေ့မြောက် ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသများရှိ ငလျင်ဒဏ်သင့် ပြည်သူများအား ကူညီကယ်ဆယ်ရေး နှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် အိန္ဒိယနိုင်ငံမှ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ရန် ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ် ရာများ တင်ဆောင်လာသော အိန္ဒိယရေတပ်မှစစ်ရေယာဉ်(၂)စင်းသည် ဧပြီလ ၁ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ရှိ သီလဝါ ဆိပ်ကမ်း MITT သို့ရောက်ရှိခဲ့ကြောင်း သိရသည်။
▪️ ယင်းကူညီကယ်ဆယ် ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများထဲတွင် အခြေခံလူသုံးကုန်များ၊ အခြေ ခံစား သောက်ကုန်များနှင့် ဆေးဝါး များပါဝင်ပြီး အိန္ဒိယရေတပ်မှ စစ်ရေယာဉ်များ ထပ်မံရောက်ရှိမည်ဖြစ် ကြောင်း လည်း သိရသည်။
▪️ ရောက်ရှိလာသည့် ကယ်ဆယ်ရေးပစ္စည်းများကို တပ်မတော်(ရေ)မှ အရာရှိစစ်သည်များ၊ ကျောက်တန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ ကျောက်တန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ သန္ဓေနှင့်အရန် တပ်ဖွဲ့ဝင်များကသက်ဆိုင်ရာမော်တော်ယာဉ်များပေါ်သို့ တင်ဆောင်ပြီး ငလျင်ဘေးသင့်ဒေသများသို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆက်လက် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။
▪️ ပြီးခဲ့သည့် မတ်လ ၃၁ ရက်ကလည်းကူညီကယ်ဆယ်ရေး ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများတင် ဆောင် လာ သော အိန္ဒိယရေတပ်မှစစ်ရေယာဉ် INS Satpura(F-48)နှင့် INS Savitri(P-53)တို့ ရန်ကုန်မြို့ရှိ သီလဝါ ဆိပ်ကမ်း MITT သို့ရောက်ရှိခဲ့သေးကြောင်း သိရသည်။
#Yangon_Times/PP
#Local_News
Published 2 Apirl 2025
▪️ ရန်ကုန်မြို့၊ မှော်ဘီမြို့နယ်၌ ယနေ့မနက်မနက်အသောပိုင်းတွင် ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူတစ်ဦးညှပ်နေ၍ ကယ်ထုတ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဧပြီ ၂ ရက်နေ့၊ မနက်၁၂နာရီ၉ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဘန့်ဘွေးကုန်းရပ်ကွက်၊ ပြည်လမ်းမကြီး၊ စုပေါင်းရုံးမှတ်တိုင်အနီးတွင် ယာဉ်မတော်တဆမှုဖြစ်ပွားပြီး လူညပ်နေကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် မှော်ဘီမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယာဉ်မောင်း ကျား(၁)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)အားကယ်ထုတ်နိုင်ခဲ့ပြီး မြို့မလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မှော်ဘီမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 2 Apirl 2025
▪️ ရန်ကုန်မြို့၊ မှော်ဘီမြို့နယ်၌ ယနေ့မနက်မနက်အသောပိုင်းတွင် ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူတစ်ဦးညှပ်နေ၍ ကယ်ထုတ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဧပြီ ၂ ရက်နေ့၊ မနက်၁၂နာရီ၉ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဘန့်ဘွေးကုန်းရပ်ကွက်၊ ပြည်လမ်းမကြီး၊ စုပေါင်းရုံးမှတ်တိုင်အနီးတွင် ယာဉ်မတော်တဆမှုဖြစ်ပွားပြီး လူညပ်နေကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် မှော်ဘီမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယာဉ်မောင်း ကျား(၁)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)အားကယ်ထုတ်နိုင်ခဲ့ပြီး မြို့မလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မှော်ဘီမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 2 April 2025
ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အရေးပါသည့် အဆောက်အဦများအား ပြန်လည် လည်ပတ်နိုင်ရေးဆောင်ရွက်လျက်ရှိရာ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လေယာဉ်ဆီဖြည့်တင်းခြင်း၊ နိုင်ငံတကာလေယာဉ်များအတွက် ထိန်းသိမ်းခြင်းလုပ်ငန်းများ၊ မြေပြင်လုပ်ငန်းဆောင်တာများအပါအဝင် လုပ်ငန်းဆောင်ရွက်မှုများ ပုံမှန်ပြန်လည်စတင်လျက်ရှိကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက် က စစ်ကိုင်းမြို့အနီးကို ဗဟိုပြု၍ ပြင်းအား ၇.၇ ရစ်ချ်တာစကေးရှိသည့် အင်အားပြင်းမြေငလျင် လှုပ်ခတ်ခဲ့မှုကြောင့် ဧပြီလ ၂ ရက်၊ နံနက်ပိုင်းအထိ ရရှိထားသော စာရင်းများအရ အသက်ဆုံးရှုံးခဲ့ရသူ ၂,၇၁၉ ဦး၊ ဒဏ်ရာရရှိသူ ၄,၅၂၁ ဦးရှိပြီး၊ ပျောက်ဆုံးသူ ၄၄၁ ဦးရှိကြောင်း၊ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ငလျင်ဒဏ်ခံစားရသည့်ဒေသများတွင် အစိုးရတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအသင်းများနှင့်အတူ စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် အခြားသောအာဆီယံနိုင်ငံများ၊ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ဘင်္ဂလာဒေ့ရှ်နိုင်ငံနှင့် အခြားသောမိတ်ဆွေနိုင်ငံများမှ ကယ်ဆယ်ရေးအဖွဲ့များ၊ ဆရာဝန်၊ သူနာပြုဆေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းလျက် အဖွဲ့များခွဲကာ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ငလျင်ဒဏ်သင့်ဒေသများရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင် ရွက်လျက်ရှိကြောင်း၊ ဂျပန်နိုင်ငံမှလည်းအကူအညီများ ပေးအပ်နိုင်ရေး ဆန်းစစ်ရန် အဖွဲ့ဝင်-၅ ဦးပါ လေ့လာရေး အဖွဲ့တစ်ဖွဲ့အား မြန်မာနိုင်ငံသို့စေလွှတ်ခဲ့ပြီး ဆရာဝန် နှင့်သူနာပြု (၃၂) ဦး ပါဝင်သည့် ဆေးကုသရေးအဖွဲ့တစ်ဖွဲ့ကိုလည်း စေလွှတ်ထားရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 310 of 2237