#Local_News
Published 15 November 2025

▪️ ရန်ကုန်-ပြည်ကားလမ်းပေါ်တွင် ဆန်ကားမှောက်ပြီး အမျိုးသားတစ်ဦး ‌ေ-သဆုံးမှူတစ်ခု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

▪️ နိုဝင်ဘာလ ၁၅ရက်နေ့၊ နေ့လယ် ၁၁နာရီ ၅၆မိနစ် အချိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ တာဂွကျေးရွာအုပ်စု၊ ရန်ကုန်-ပြည်ကားလမ်းမပေါ်တွင် ဆန်ကားမှောက်၍ ယာဉ်မောင်းညပ်နေကြောင်း သိရသည်။

▪️ အဆိုပါသတင်းရရှိသဖြင့် တိုက်ကြီးမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ရာ ၁၂ : ၁၀ အချိန်တွင် ကားခေါင်းခန်းတွင် ညှပ်နေသူ ယာဉ်မောင်းကျား(၁)ဦး (‌ေ-သဆုံး)အား ခိုကိုးရာမဲ့အသင်းသူနာတင်ယာဉ်ဖြင့် တိုက်ကြီးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ ကြောင်းသိရသည်။

#YMG/NN #Yangon_Times