#Local_News
Published 26 September 2025
▪️ မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများအနေဖြင့် မလေးရှားသို့ ကာလတို ၁၄ ရက်အလည်အပတ် သွားရောက်ရာတွင် ပြည်ဝင်ခွင့်ဗီဇာလိုအပ်ချက်များ ကင်းလွတ်ခွင့်ပြုကြောင်း ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံးက သတင်းထုတ်ပြန်ချက်အရ သိရသည်။
▪️ ထိုသို့ကင်းလွတ်ခွင့်ပြုရာတွင် အောက်တိုဘာ ၁ ရက်မှ စတင်ပြီး မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများအနေဖြင့် မလေးရှားနိုင်ငံသို့ ကာလတိုလူမှုရေး အလည်အပတ်ခရီးသွားရောက်ရန် ပြည်ဝင်ခွင့် ဗီဇာလိုအပ်ချက်များကို ကင်းလွတ်ခွင့်ပြုကာ ၁၄ ရက်အထိ နေထိုင်ခွင့်ပြုကြောင်း ဖော်ပြထားသည်။
▪️ ထို့ပြင် မလေးရှားနိုင်ငံသို့ ဝင်ရောက်ခွင့်သည် သတ်မှတ်ထားသည့် နိုင်ငံဝင်ပေါက်၊ ထွက်ပေါက်များရှိ လူဝင်မှုကြီးကြပ်ရေးအရာရှိ၏ အတည်ပြုမှုချက်အပေါ် မူတည်သဖြင့်ဗီဇာလိုအပ်ချက်များ ကင်းလွတ်ခွင့်ပြုခြင်းသည် မလေးရှားနိုင်ငံသို့ ဝင်ရောက်ခွင့်ရရန် အာမခံချက်မဟုတ်သည်ကို သတိပြုစေလိုကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 26 September 2025
▪️ စိုးရိမ်ရေအမှတ်ကျော်လွန်နေသည့် စစ်တောင်းမြစ်ရေသည် လာမည့် ၂၄နာရီအတွင်း ထပ်မံမြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
▪️ မိုး/ဇလ၏ နံနက် ၇နာရီအချိန်ထုတ်ပြန်ချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် စိုးရိမ်ရေအမှတ်အထက်သို့ ပေဝက်ကျော် ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း ပေဝက်ခန့်ထပ်မံမြင့်တက်လာနိုင်ကာ မဒေါက်မြို့၏ စိုးရိမ်ရေအမှတ်အထက် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့ကြောင့် ဘားအံ့မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် သတိပြုနေထိုင်ရန်နှင့် မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းနေထိုငိသူများအနေဖြင့်ရေဘေးလွတ်ရာများသို့ ရှောင်ရှားကြရန် အသိပေးထားသည်။
#YMG/SW #Yangon_Times
နေပြည်တော်၊ စက်တင်ဘာ - ၂၅
ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနှင့် ရုရှားနှစ်နိုင်ငံအစိုးရနှစ်ရပ်အကြားရရှိထားသည့် သဘော တူညီချက် များကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွား နိုင်ရေး အသေးစိတ်ဆွေးနွေးသွားမယ်လို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာ ပူတင်က မော်စကို ကိုရောက်ရှိနေတဲ့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ပြောကြားပါတယ်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့ညပိုင်းတွင် မော်စကို မြို့၊ ကရင်မလင်နန်းတော်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin နှင့်တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။
မြန်မာ -ရုရှားနှစ်နိုင်ငံ သံတမန်ဆက်ဆံရေးသည် နှစ်ပေါင်း ၇၀ ကျော်ကြာမြင့် ခဲ့ပြီဖြစ်ပြီး နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား စစ်ဘက်သံတမန်ဆက်ဆံရေးသည် လည်း ခိုင်မြဲ သော ချစ်ကြည်ရင်းနှီးမှုဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို အတူတကွ ပူးပေါင်းလက်တွဲဆောင်ရွက်နေတယ်လို့ ဗိုလ်ချုုပ်မှူးကြီးကပြောပါတယ်။
ထို့နောက် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် ဆောင်ရွက်ရေးဆိုင်ရေး၊ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုရေး ကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ လျှပ်စစ်စွမ်းအင်ကဏ္ဍ၊ ကျန်းမာရေးနှင့် ဆေးဝါး ထုတ်လုပ် ရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ပညာသင်ကြား ရေးကဏ္ဍ၊ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကဏ္ဍ၊ ရွေးကောက်ပွဲကို နိုင်ငံတကာနှင့် ပူးပေါင်းဆောင်မှုများနှင့် အခြား ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့် လင်းစွာဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါတယ်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ဗိုလ်ချုပ်မှူးကြီးနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက် အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဉာဏ်ထွန်း၊ ဦးကိုကိုလွင်၊ ဒေါက်တာ မျိုးသိမ်းကျော်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် တာဝန်ရှိသူတို့ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတနှင့်အတူ သမ္မတအုပ်ချုပ်မှုရုံး ဒုတိယအကြီးအကဲ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ လက်ထောက်အရာရှိ၊ ဘဏ္ဍာရေး၊ စွမ်းအင် ဝန်ကြီး ဌာနတို့မှ ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အစိုးရအဖွဲ့အကြီးအကဲများ တက်ရောက် ကြပါတယ်။
#ymg/knl
မော်စကို၊၂၀၂၅ခုနှစ် စက်တင်ဘာ၂၅
မြန်မာနိုင်ငံတွင် ဉာဏ်ရည်တုနည်းပညာကို စိုက်ပျိုးရေးကဏ္ဍတွင် ကျယ်ကျယ် ပြန့်ပြန့် အသုံးပြုနိုင်ရေးကြိုးပမ်းဆောင်ရွက်သွားကြရန် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ အရပ်ဘက် တက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိသည့် သင်တန်းသားများကို စက်တင်ဘာ ၂၅ ရက်က မော်စကိုတွင်ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲတစ်ခုတွင် မှာကြားပါတယ်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေသည့် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မော်စကိုမြို့ RADISSON COLLECTION ဟိုတယ်၊ Conference Hall ၌ ကျင်းပတဲ့ “လူငယ်နှင့်အနာဂတ်မြန်မာ-သိပ္ပံနှင့် နည်းပညာ” ခေါင်းစဉ်ဖြင့် သိပ္ပံပညာရပ် ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ယင်းကဲ့သို့ မှာကြားခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
မြန်မာနိုင်ငံတွင် ပညာရေးကဏ္ဍ၊ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ၊ သယ်ယူ ပို့ဆောင်ရေးကဏ္ဍများတွင် ဉာဏ်ရည်တု နည်းပညာ အသုံးပြုနိုင်ရေး ကြိုးပမ်း သွားရမည်ဖြစ်သကဲ့သို့ စိုက်ပျိုး ရေးကို အခြေခံသည့်နိုင်ငံဖြစ်သည့်အတွက် ဉာဏ်ရည်တုနည်းပညာကို စိုက်ပျိုးရေး ကဏ္ဍတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြု နိုင်အောင်ဆောင်ရွက်ရန် ဗိုလ်ချုပ်မှူးကြီးက မှာကြားခြင်းဖြစ်ပါတယ်။

ဉာဏ် ရည်တုနည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့် အသုံးချမှုများမှတစ်ဆင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် ထိရောက်စွာဆောင်ရွက် သွားဖို့လည်း ဗိုလ်ချုပ်မှူးကြီးက ဆက်လက်တိုက်တွန်းပါတယ်။
မြန်မာနိုင်ငံတွင် နျူကလီး ယား နည်းပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြု နိုင်ရေးဆောင်ရွက်ရမယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောကြားပါတယ်။
နျူကလီးယား နှင့် ဓာတ်ရောင်ခြည်နည်းပညာ ကို စွမ်းအင်ကဏ္ဍအပြင် ကျန်းမာ ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကဏ္ဍများတွင် အသုံးချနိုင်သည့်အတွက် နျူကလီးယား အခြေခံ အဆောက်အအုံ တည် ထောင်နိုင်ရေး ကျွမ်းကျင်သော လူ့စွမ်းအား အရင်းအမြစ်များ လိုအပ်လိမ့်မယ်လို့ လည်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးက ပြောကြားပါတယ်။
အဲဒီနောက်ရုရှားနိုင်ငံ အရပ်ဘက်တက္ကသိုလ်အသီးသီးတွင် ပညာသင်ကြား လျက်ရှိတဲ့ သင်တန်းသားများထဲမှကိုယ်စားလှယ်သင်တန်းသားများက သိပ္ပံနည်းပညာ ဆိုင်ရာဆန်းစစ်လေ့လာချက်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါတယ်။
အဆိုပါဆွေးနွေးတင်ပြမှုတွေနှင့်ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီးနှင့် တက်ရောက် လာသည့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များက မေးခွန်းများမေးမြန်းဆွေးနွေခြင်းနှင့် အကြံပြုခြင်းတွေကို ပြုလုပ်ခဲ့ကြကြောင်းသိရှိရပါတယ်။
အဆိုပါ သိပ္ပံပညာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဉာဏ်ထွန်း၊ ဦးကိုကိုလွင်၊ ဒေါက်တာ မျိုးသိမ်းကျော်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် ဒုတိယဝန်ကြီးများ၊တာဝန်ရှိ သူ များ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ အရပ်ဘက်တက္ကသိုလ်များတွင် ပညာသင်ကြားလျက် ရှိသည့် သင်တန်းသားများ တက်ရောက်ခဲ့ကြပါတယ်။
#ymg/knl

အာရှရဲ့ အကြီးဆုံးကမ္ဘာ့အထူးတန်းဝင် ကော်ဖီပြပွဲနှင့်ညီလာခံမှာ မြန်မာ့အထူးတန်းဝင်ကော်ဖီများ ပါဝင်ပြသလျှက်ရှိတယ်လို့သိရပါတယ်။
#Local_News
Published 25 September 2025
#ကော်ဖီ #မြန်မာ့ကော်ဖီ
#YMG/SW #Yangon_Times
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရဲ့ (၉/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ရန်ကင်းမြို့နယ်၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံးမှာကျင်းပခဲ့ပြီးမတည်ရင်းနှီးငွေကျပ် ၆,၄၇၃.၈၀၅ သန်းနှင့်အမေရိကန်ဒေါ်လာ ၄.၆၉၃ သန်း တန်ကြေးရှိတဲ့ လုပ်ငန်းတွေကိုဆောင်ရွက်ဖို့ ခွင့်ပြုခဲ့တယ်လို့သိရပါတယ်။
#Local_News
Published 25 September 2025
#ရန်ကုန်တိုင်းဒေသကြီး #ရန်ကင်းမြို့နယ်
#YMG/SW #Yangon_Times
မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကြီးကို အခုလနှောင်းပိုင်းမှာရန်ကုန်မြို့ရှိသိမ်ဖြူအားကစားကွင်းမှာကျင်းပသွားမယ်လို့ စက်တင်ဘာ(၂၄)ရက်က တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ ရွှေထွဋ်တင်ဝန်းမှာ ကျင်းပခဲ့တဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲက သိရပါတယ်။
#Local_News
Published 25 September 2025
#မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကြီး #သိမ်ဖြူကွင်း
#YMG/NN #Yangon_Times
Page 314 of 2443