#Local_News
Published 1 Apirl 2025
▪️ မန္တလေးတိုင်းဒေသကြီး၌ ငလျင်လှုပ်ပြီး လေးရက်အကြာတွင် (၄၀၃)ဦးအား အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ အဆိုပါ မန္တလေးတိုင်း၌ ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အဦထိခိုက်ပျက်စီးမှုများတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ တရုတ်နိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ရုရှားနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် အိန္ဒိယနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မတ်လ ၃၁ ရက်နေ့ကလည်း မ (၅)ဦးအား အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ပြီး သေဆုံးသူ ကျား(၁၆)ဦး၊ မ(၁၁)ဦး၊ စုစုပေါင်း (၂၇)ဦး၏ ရုပ်အလောင်းများအား ထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။
▪️ ထို့ကြောင့် စတင်ဖြစ်ပွားအချိန်မှာ ယခုအချိန်ထိ မန္တလေးတိုင်းဒေသကြီးအတွင်း စုစုပေါင်းလူဦးရေ (၄၀၃)ဦးအား အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ပြီး သေဆုံးသူ (၂၅၉)ဦး၏ ရုပ်အလောင်းများကို ထုတ်ယူနိုင်ခဲ့ ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 1 April 2025
▪️ ရန်ကုန်တွင် လက်ရှိကြုံတွေ့နေရသည် လျှပ်စစ်မီးပျက်သည့်အခြေအနေများနှင့်ပတ်သက်၍ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာကို ယနေ့ ဧပြီလ၁ရက်မှစ၍ အရေးပေါ်ဖုန်းအားသွင်းရန်လိုအပ်သူများ အခမဲ့အားသွင်းနိုင်ရန်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့ပြင် စင်တာတွင်လျှပ်စစ်မီးအသုံးပြုနိုင်သည့်အတွက် ဂျပန်စာလေ့လာနေသူများ စင်တာသို့လာရောက်ခြင်းကိုလည်း ကြိုဆိုကြောင်း၊စင်တာဖွင့်ချိန်မှာ မနက် ၉ နာရီခွဲမှ ညနေ ၃ နာရီခွဲဖြစ်ပြီး အပတ်စဉ် အင်္ဂါနေ့မှစနေနေ့အထိ ဖွင့်လှစ်ပေးထားမည်ဖြစ်ကြောင်း၊ စင်တာသို့လာရောက်အားသွင်းချိန်တွင် စင်တာမှသတ်မှတ်ချက်များကိုလိုက်နာပေးပါရန်မေတ္တာရပ်ခံကြောင်း၊ ငလျင်ဒဏ်သင့်ပြည်သူများနှင့် အရပ်ဒေသများ အမြန်ဆုံး ပြန်လည်ထူထောင်လာစေရန် ဆုတောင်းမေတ္တာပို့အပ်ပြီး ဂျပန်ဖောင်ဒေးရှင်း(JF)သည် ဂျပန်နိုင်ငံ၏မိတ်ဆွေသင်္ဂဟဖြစ်သည့် မြန်မာနိုင်ငံမှ ပြည်သူပြည်သားများအား တတ်စွမ်းသမျှကူညီထောက်ပံ့သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
▪️ အရေးပေါ်ဖုန်းအားသွင်းရန်လိုအပ်သူများအနေဖြင့် ယနေ့မှစတင်ကာ အမှတ် ၇၀၊ နတ်မောက်လမ်းသွယ်(၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ရှိဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာ၌ လူတဉီးလျှင် ဖုန်းတလုံးနှုန်းဖြင့်လာရောက်အားသွင်းနိုင်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Daily_News
Published 31 March 2025
၁။ ဧည့်မထဆန်အိတ်(၃)သိန်းကို ငလျင်ဘေးဒဏ်သင့် ဒေသများအတွက် ရောင်းချပေးမည်
၂။ ပြည်ပသို့ကျွမ်းကျင်မြန်မာလုပ်သားအဖြစ် မိမိအစီအစဉ်ဖြင့်သွားရောက်ရန် လျှောက်ထားမှုကို ဧပြီ ၂၂ ရက်တွင် စတင်လက်ခံသွားမည်
၃။ ဧပြီလဆန်း၌ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင်ဟုဆို
၄။ တရုတ်သမ္မတရှီကျင့်ဖျင်နှင့် ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအကြီးအကဲ ယူနွတ်စ်တို့တွေ့ဆုံ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
စည်းကမ်းဖောက်ဖျက်တဲ့ YBS ယာဉ်များကို Traffic Control Center မှ နည်းပညာမြင့် Telematics စက်များ၊ CCTV record များဖြင့် မှတ်တမ်းရယူပြီး အရေးယူနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ကသိရပါတယ်။
#Local_News
Published 31 March 2025
#Traffic_Control_Center #YRTC
#YMG/NN #Yangon_Times
လာမယ့် ဧပြီလဆန်းကစတင်ပြီး လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင်တယ်လို့ ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က အသိပေးလိုက်ပါတယ်။
#Local_News
Published 31 March 2025
#လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင် #မိုးလေဝသပညာရှင်ဦးဝင်းနိုင်
#YMG/NN #Yangon_Times
ပြည်ပနိုင်ငံတွေကို ကျွမ်းကျင်မြန်မာလုပ်သားအဖြစ် မိမိအစီအစဉ်နဲ့ သွားရောက်ဖို့ လျှောက်ထားမှုတွေကို လာမယ့် ဧပြီ၂၂ရက်မှာ စတင်လက်ခံသွားမယ်လို့ အလုပ်သမားဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News
Published 31 March 2025
#ကျွမ်းကျင်မြန်မာလုပ်သား #အလုပ်သမားဝန်ကြီးဌာန
#YMG/SW #Yangon_Times
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေနဲ့ ဧည့်မထဆန်အိတ် (၃) သိန်းကို ငလျင်ဘေးဒဏ်သင့် ဒေသတွေအတွက် ရောင်းချပေးသွားမယ်လို့ သိရပါတယ်။
#Local_News
Published 31 March 2025
#ငလျင်ဘေးဒဏ်သင့်ဒေသ #ဧည့်မထဆန်အိတ်ရောင်းချပေး
#YMG/SW #Yangon_Times
Page 313 of 2237