သီတင်းကျွတ်၊ တန်ဆောင်တိုင်ကာလမှာ ထိုင်းမှတင်သွင်းတဲ့ ငှက်သိုက်ဗူးတွေပစ္စည်းပြတ်တဲ့အထိရောင်းချခဲ့ရတယ်လို့ ငှက်သိုက်အရောင်းဆိုင်တွေမှ သိရပါတယ်။
#Local_News
Published 20 November 2024
#ငှက်သိုက်အရောင်းဆိုင် #ငှက်သိုက်များပစ္စည်းပြတ်
#YMG/tthl #Yangon_Times
ပြည်တွင်းဆီစက်များချေးငွေရရှိမှု နည်းပါးနေသေးတာကြောင့် ချေးငွေချထားပေးတဲ့ မူဝါဒတွေကို ဖြေလျော့ပေးဖို့ လိုအပ်နေပြီး အခက်အခဲတွေပြေလည်စေနိုင်မယ်လို့ မြန်မာနိုင်ငံဆီစက်လုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Local_News
Published 20 November 2024
#ပြည်တွင်းဆီစက် #ဆီစက်လုပ်ငန်းရှင်များအသင်း
#YMG/NN #Yangon_Times
ရေကျော်ပွဲဈေးပြန်ကျင်းပနိုင်ဖို့ ဆိုင်ခန်းနေရာတွေ ရေးဆွဲတာ၊ ဆိုင်ခန်းအငှားတွေချထားတာတွေ စတင်ဆောင်ရွက်နေပြီလို့ သိရပါတယ်။
#Local_News
Published 20 November 2024
#ရေကျော်ပွဲဈေး #ဆိုင်ခန်းအငှား
#YMG/tthl #Yangon_Times
#Local_News
Published 20 November 2024
▪️ သွားလာရေးနှင့် လူမှုရေးခက်ခဲသောဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၆)ခုတို့မှ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများအားဆေးတက္ကသိုလ်ဝင်ခွင့် လျှောက်လွှာခေါ်ယူနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
▪️ နိုင်ငံတော်မှ ထုတ်ပြန်ထားသော ဒေသစရိတ်ခံစားခွင့်ရှိသည့် သွားလာရေးနှင့် လူမှုရေးခက်ခဲသောဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၆ခု (နာဂ၊ဓနု၊ပအိုဝ်း၊ပလောင်၊ကိုးကန့်၊ဝ တို့မှ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကို သိပ္ပံဘာသာတွဲဖြင့် အောင်မြင်ပြီး ခြောက်ဘာသာစုစုပေါင်းရမှတ် ၄၅၀ နှင့်အထက် ရှိသူများအနက် အင်္ဂလိပ်စာ၊ ဓာတုဗေဒ၊ ဇီဝဗေဒ သုံးဘာသာ စုစုပေါင်းရမှတ် (အများ/အနည်း )ပေါ်မူတည်၍ သတ်မှတ်ချက်များနှင့်ကိုက်ညီ သူများကို လူတွေ့နှုတ်မေးစာမေးပွဲစစ်ဆေးပြီး ဆေးတက္ကသိုလ် ဝင်ခွင့်အတွက် ရွေးချယ်ခေါ်ယူသွားမည်ဖြစ်သည်။
▪️ ထို့ကြောင့် ဝေးလံခက်ခဲသောဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိ စာစစ်ဌာနများမှ အောင်မြင်ပြီး သတ်မှတ်ချက်များနှင့်ပြည့်စုံ၍ ရမှတ်အကျုံးဝင်သူများသည် ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန ၊နေပြည်တော် ၊ဖုန်း-၀၆၇-၃၄၁၁၂၃၉ နှင့် E-mail
#YMG/NN #Yangon_Times
#Local_News
Published 20 November 2024
▪️ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအပါအဝင် ဦးစီးဌာန အချို့ လစ်လပ်နေရာများအတွက် ဝန်ထမ်း ၅၀၀ခန့်ခေါ်ယူ နေကြောင်း ယင်းဌာနများမှ သိရသည်။
▪️ ထိုသို့ခေါ်ယူရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများတွင် လစ်လပ်လျက်ရှိသော အငယ်တန်းအင်ဂျင်နီယာ(၂) ရာထူး (၇၀)နေရာအတွက် အလုပ်လျှောက်လွှာခေါ်ယူနေကြောင်း သိရသည်။
▪️ ထို့အပြင် ပြည်သူ့အင်အားဦးစီးဌာနတွင် ယာယီနေ့စား (၁၀၀)ဦး ခန့်ထားရန် အလုပ်လျှောက်လွှာခေါ်ယူနေပြီး လူမှုဝန်ထမ်းဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ဖော်ပြပါရာထူး (၃၂၆)နေရာများအတွက် အလုပ်လျှောက်လွှာခေါ်ယူနေကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 20 November 2024
▪️ ယခု ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးရာသီ၌ နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ် ငါးခု၌သဘာဝမြေဩဇာများပေါင်းစပ်အသုံးပြုမှုဆိုင်ရာ သုတေသနစံပြကွက် (၃၉)ကွက်ဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
▪️ ထိုသို့ ဆောင်ရွက်ရာတွင် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် စုစုပေါင်း (၃၉)ကွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
▪️ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် သဘာဝမြေဩဇာထုတ်လုပ်သည့် ကုမ္ပဏီများပူးပေါင်း၍ တောင်သူလယ်သမားများ သဘာဝမြေဩဇာသုံးစွဲမှုတိုးမြှင့်သုံးစွဲခြင်းဖြင့် စပါးအထွက်နှုန်းပိုမိုကောင်းမွန်ခြင်း၊ ကုန်ကျစရိတ်သက်သာ၍ ဝင်ငွေပိုမိုစေခြင်း၊ ရေရှည်တည်တံ့သည့် စိုက်ပျိုးထုတ်လုပ်မှုဖြစ်စေခြင်း၊ စိုက်ပျိုးရေး အလေ့အကျင့်ကောင်းများရရှိစေခြင်းစသည့် ရည်ရွယ်ချက်များဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးရာသီတွင် သဘာဝ မြေဩဇာများပေါင်းစပ်အသုံးပြုမှုဆိုင်ရာ သုတေသနစံပြကွက်များကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
▪️ အဆိုပါ သုတေသနစံပြကွက်များအား တောင်သူပညာပေးပြသခြင်း၊ စံကွက်ရိတ်သိမ်းခြင်းများကို ဒေသအလိုက် စံပြကွက်များတွင် ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၂၉ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်တွင် လည်းကောင်း၊ နိုဝင်ဘာ ၅ရက်နေ့တွင်၊ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်တွင်လည်းကောင်း၊ နိုဝင်ဘာ၁၉ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်လည်းကောင်း ဆက်လက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
▪️ ယင်းတောင်သူပညာပေးပြသပွဲသို့ စိုက်ပျိုးရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်နှင့် သက်ဆိုင်ရာ သဘာဝမြေဩဇာကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ဒေသရှိတောင်သူလယ်သမားများ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published_ 20 November 2024
▪️ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ ဖြစ်ပွားခဲ့တဲ့ “မဲမသမာမှု နှင့် တရားမဲ့ပြုကျင့်မှုများ” ကို စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့်စပ်လျဉ်း၍ ပြည်တွင်း၊ ပြည်ပမှ လေ့လာလိုသူများအနေဖြင့် Website နှင့် Mobile Application တို့တွင် ဘာသာစကား ၅ မျိုးဖြင့် လေ့လာဖတ်ရှုနိုင်မယ်လို့ သိရပါတယ်။
▪️ မြန်မာ၊ အင်္ဂလိပ်၊ တရုတ်၊ ရုရှား၊ ဂျပန် စတဲ့ ဘာသာစကား(၅)မျိုးနဲ့ လွှင့်တင်မှာစ်၍ လေ့လာဖတ်ရှုလိုသူများသည် https://2020election.uec.gov.mm တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍ လည်းကောင်း လေ့လာဖတ်ရှုနိုင်မယ်လို့ ဆိုပါတယ်။
▪️ အဆိုပါ Website နဲ့ Mobile Application တို့၌ ရွေးကောက်ပွဲအကြိုကာလတွင် ကြိုတင် ကြံစည်ဆောင်ရွက်ခဲ့မှုများ၊ ရွေးကောက်ပွဲကာလတွင် ဆောင်ရွက်ခဲ့မှုများ၊ ရွေးကောက်ပွဲ အလွန်ကာလ ဖြစ်စဉ်များ၊ မြန်မာနိုင်ငံတစ်ဝန်းလုံး ရွေးကောက်ပွဲကျင်းပခဲ့တဲ့ မြို့နယ် ၃၁၅ မြို့နယ်၌ မဲစာရင်း စိစစ်ခြင်းနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း၊ ရွေးကောက်ပွဲ ဖြစ်စဉ်တစ်ခုလုံးအပေါ် ခြုံငုံစစ်ဆေးတွေ့ရှိချက်၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲရလဒ်များကို ပယ်ဖျက်ခြင်း၊ ရွေးကောက်ပွဲအပေါ် သုံးသပ်ချက်၊ မှတ်တမ်း ဓာတ်ပုံများ စသည်ဖြင့် ရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့တဲ့ မဲမသမာမှုနဲ့ တရားမဲ့ပြုကျင့်မှုများ အပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်များကို တစ်နေရာတည်းတွင် ကဏ္ဍစုံလင်စွာ လေ့လာဖတ်ရှုနိုင်မယ်လို့ ဖော်ပြထားပါတယ်။
#Ymg_mnn #Yangon_Media_Group
Page 317 of 2088