HAIKOU, အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) -- တရုတ်နိုင်ငံ၏ ရှိရှာ (Xisha) ကျွန်းစု အနီး တောင်တရုတ်ပင်လယ်ပြင်တွင် မုန်တိုင်းဒဏ်ကြောင့် အန္တရာယ်များနှင့် ကြုံတွေ့ခဲ့ရပြီး စက်ချို့ ယွင်းမှုဖြစ်ပွားခဲ့သော သင်္ဘောပေါ်မှ မြန်မာသင်္ဘောသား ၁၀ ဦးလုံးကို တရုတ်နိုင်ငံက အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့သည်ဟု တရုတ်နိုင်ငံ စန်းရှား (Sansha) ပင်လယ်ပြင် ရှာဖွေကယ်ဆယ်ရေးစင်တာ ၏ ကြာသပတေးနေ့ သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၂၆ ရက်နေ့တွင်၊ တရုတ်နိုင်ငံ တောင်ဘက်စွန်းရှိ ဟိုင်နန် (Hainan) ပြည်နယ် စန်းရှားမြို့ရှိ ယုန်ရှင်း (Yongxing) ကျွန်း ၏ အရှေ့တောင်ဘက် ၂၀၃ ကီလိုမီတာခန့်အကွာတွင် မြန်မာသင်္ဘောသား ၁၀ ဦးကို တင်ဆောင်လာသည့် သင်္ဘောတစ်စီး ပဲ့ကိုင်ဂီယာ စက်ချို့ယွင်းမှု ဖြစ်ပွားပြီး ထိန်းချုပ်မရဘဲ မျောပါနေကြောင်း စင်တာသို့ သတင်းကိုရရှိခဲ့သည်။
ယခုနှစ်၏ ၂၀ခုမြောက် မုန်တိုင်း ဖြစ်သော ဘူအာလွိုင် (Bualoi) တိုင်ဖွန်းမုန်တိုင်း သည် ၎င်းတို့ရှိရာသို့ လျင်မြန်စွာ ချဉ်းကပ်လာနေသဖြင့် သင်္ဘောသားများ ချက်ချင်း အန္တရာယ်နှင့် ရင်ဆိုင်နေရချိန်တွင် စင်တာမှ ချက်ချင်း အရေးပေါ် တုံ့ပြန်မှုစနစ် (emergency response) ကို ဖွင့်လှစ်ကာ ကယ်ဆယ်ရေး သင်္ဘောတစ်စီးကို စေလွှတ်ခဲ့သည်။
စက်တင်ဘာ ၂၇ ရက်နေ့ နံနက်အစောပိုင်းတွင် ကယ်ဆယ်ရေးသင်္ဘောသည် ရှိရှာကျွန်းစုအနီးရှိ အခက်အခဲကြုံတွေ့နေရသော သင်္ဘောအနီးသို့ ရောက်ရှိလာခဲ့သည်။ သို့သော် မုန်တိုင်းချဉ်းကပ်လာမှု ကြောင့် ဆွဲယူခြင်း (towing) သည် မဖြစ်နိုင်သေး၍ စင်တာမှ သင်္ဘောသားများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် ဆုံးဖြတ်ခဲ့ပြီး သင်္ဘောသား ၁၀ ဦးလုံးကို ထိုနေ့တွင်ပင် ကယ်ဆယ်ရေးသင်္ဘောသို့ ပြောင်းရွှေ့ပေးခဲ့သည်။
မုန်တိုင်းကင်းစင်သွားပြီးနောက် စင်တာမှ လျှပ်စစ်ဓာတ်အားနှင့် လျှပ်စစ်စနစ်များ ရပ်သွားသောကြောင့် အဆက်အသွယ်ပြတ်တောက်နေသည့် ချို့ယွင်းသင်္ဘောကို ရဟတ်ယာဉ်များနှင့် ဂြိုလ်တုများဖြင့် ရှာဖွေခဲ့သည်။ ၃၆ နာရီကြာ ရှာဖွေမှုများအပြီး စက်တင်ဘာ ၂၈ ရက်နေ့ နေ့လယ်ပိုင်းတွင် မျောပါနေသည့် သင်္ဘောကို ယုန်ရှင်းကျွန်းအနီး ရေပြင်တွင် ရှာဖွေတွေ့ရှိခဲ့သည်။
စက်တင်ဘာ ၂၉ ရက်နေ့တွင် သင်္ဘောသားများကို ၎င်းတို့၏သင်္ဘောသို့ ကယ်ဆယ်ရေး ရဟတ်ယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး တရုတ်ကယ်ဆယ်ရေးသင်္ဘောမှ ဆွဲယူခြင်းလုပ်ငန်းကို စတင်ခဲ့သည်။ အခက်အခဲကြုံတွေ့ခဲ့ရသော သင်္ဘောကို အောက်တိုဘာ ၁ ရက်နေ့ နံနက်ပိုင်းတွင် သင်္ဘောပိုင်ရှင်၏ ဆွဲသင်္ဘောသို့ လွှဲပြောင်းပေးခဲ့ပြီး ထိုနေ့ ကြာသပတေးနေ့ နေ့လယ် ၂ နာရီ ၃၀ မိနစ်ခန့်တွင် ၎င်း၏ ခရီးပန်းတိုင်ဖြစ်သော ဗီယက်နမ်နိုင်ငံ ဒါနန်း (Da Nang) ဆိပ်ကမ်း သို့ ရောက်ရှိခဲ့ကြောင်း စင်တာ၏ ထုတ်ပြန်ချက်အရ သိရသည်။
စန်းရှား ပင်လယ်ပြင် ဘေးကင်းရေး အုပ်ချုပ်ရေးအဖွဲ့ ၏ ပြောကြားချက်အရ ဤကယ် ဆယ်ရေးစစ်ဆင်ရေးသည် သင်္ဘောသားများ၏ အသက်များကို ကာကွယ်ပေးနိုင်ခဲ့သလို ဖြစ်ပေါ် လာနိုင်သည့် ပင်လယ်ပြင် ပတ်ဝန်းကျင်ညစ်ညမ်းမှု ကိုလည်း တားဆီးနိုင်ခဲ့သည်ဟုဆိုသည်။ မကြာသေး မီနှစ်များအတွင်း တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်ပြင်၌ ၎င်း၏ ပင်လယ်ပြင်နှင့် လေကြောင်း အရေးပေါ် တုံ့ပြန်မှုစနစ် ကို စဉ်ဆက်မပြတ် မြှင့်တင်လျက်ရှိပြီး အမျိုးမျိုးသော နိုင်ငံများမှ သင်္ဘောများ အတွက် စိတ်ချရသော အထောက်အပံ့များကို ပေးစွမ်းလျက်ရှိကြောင်းလည်းသိရသည်။
Source: Xinhua Myanmar
#Local_News
Published 03 October 2025
▪️ ကုန်သွယ်ရေးလိုငွေပြမှု မဖြစ်ပေါ်စေရေးအတွက် ပို့ကုန်များ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေး အထူးအလေးထား ကြိုးပမ်းဆောင်ရွက်သွားကြရန် ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ၊စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက တိုက်တွန်းပြောကြားခဲ့သည်။
▪️ ယမန်နေ့က ကျင်းပသည့်ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ (၃/၂၀၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
▪️ ပြည်ထောင်စုဝန်ကြီးက မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ညီနောင်အသင်းအဖွဲ့များပူးပေါင်း၍ ပြည်ပဈေးကွက်ကို ပိုမိုရရှိအောင် ဆောင်ရွက်ကြစေလိုကြောင်း၊ ပြည်တွင်း/ပြည်ပ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူလူထုအကျိုးစီးပွား ပိုမိုဖွံ့ဖြိုးရေးကို ရှေးရှူဆောင်ရွက်ရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
▪️ ထို့ပြင် ပို့ကုန်တင်ပို့ပြီး ပို့ကုန်ရငွေများ အချိန်မီ ပြန်လည်ဝင်ရောက်ရေးကိစ္စရပ်များ၊ စက်သုံးဆီ/စားသုံးဆီ ဖြန့်ဖြူးမှုကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေးနှင့် CMP လုပ်ငန်းများ ပိုမိုတင်ပို့နိုင်ရေး ကြိုပမ်းဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။
#YMG/SW #Yangon_Times
#Local_News
Published 03 October 2025
▪️ ပြီးခဲ့သည့်အပတ်က တက်ရိပ်ပြလာသည့် စက်သုံးဆီ အမျိုးအစားအားလုံး ဈေးနှုန်းများကျဆင်းလာပြီး တစ်လီတာလျှင် ၃၅ကျပ်မှ ၉၀ကျပ် အတွင်းကျဆင်းလာကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ယခုတစ်ပတ်အတွက်ထုတ်ပြန်ချက်အရ သိရသည်။
▪️ ထိုသို့ကျဆင်းရာတွင် 92 ဓာတ်ဆီ ဈေးနှုန်းတစ်လီတာလျှင် ၉၀ကျပ် ၊95 ဓာတ်ဆီ ဈေးနှုန်းတစ်လီတာလျှင် ၈၅ကျပ် အထိကျဆင်းလာကြောင်းသိရသည်။
▪️ ဒီဇယ်ဈေးနှုန်းတစ်လီတာလျှင် ၃၅ကျပ်နှင့်ပရီမီယမ်ဒီဇယ်ဈေးနှုန်းတစ်လီတာလျှင် ၆၀ကျပ်အထိ အသီးသီးကျဆင်းလာကြောင်း သိရသည်။
▪️ ယခုတစ်ပတ်အတွက်စက်သုံးဆီ ရည်ညွှန်းဈေးများမှာ 92တစ်လီတာလျှင် ၂ ,၈၃၀ ကျပ်၊95 တစ်လီတာလျှင် ၂,၈၉၅ကျပ် ၊ဒီဇယ်ဆီ တစ်လီတာလျှင် ၂,၅၄၅ ကျပ် ၊ပရီမီယံဒီဇယ်ဆီ တစ်လီတာလျှင် ၃,၁၁၅ ကျပ်အထိ ဈေးနှုန်းအသီးသီးရှိနေကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 03 October 2025
▪️ ပြင်ဦးလွင်-ဂုတ်ထိပ်-နောင်ပိန် ရထားလမ်းပိုင်း၌ ပြည်တွင်း/ပြည်ပခရီးသွားများအား ဆွဲဆောင်နိုင် သည့် ကျောက်မီးသွေးသုံးမီးရထားစက်ခေါင်းများ အသုံးပြု၍ ပြေးဆွဲနိုင်ရေးဆောင်ရွက်ရန် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လမ်းညွှန်ခဲ့ကြောင်းသိရသည်။
▪️ ယနေ့ အောက်တိုဘာလ ၂ ရက် ညနေပိုင်းတွင် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြင်ဦးလွင်ဘူတာကြီး သို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် အထက်ပါအတိုင်းလမ်းညွှန်ခဲ့ခြင်းလည်း ဖြစ်သည်။
▪️ အလားတူ အကြမ်းဖက်သောင်းကျန်းသူများ၏ မိုင်းခွဲဖျက်ဆီးမှုကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ဂုတ်ထိပ်တံတားပြုပြင်ခြင်း လုပ်ငန်းများနှင့် တံတား လုံခြုံရေးအတွက် လိုအပ်သည်များကိုလည်း စနစ်တကျဖြင့် ဆောင်ရွက်သွားရန် ၊ အလားတူ ရထားလမ်းပိုင်းများအလိုက် ပြန်လည်ပြုပြင်ဆောင်ရွက်ခြင်းများ ဆောင်ရွက်ရာတွင်မီးရထားများ လုံခြုံချောမွေ့စွာဖြင့် ပြေးဆွဲနိုင်ရေး စနစ်တကျတွက်ချက်ဆောင်ရွက်ရန်၊ ရထားလမ်းအတွက်လိုအပ်သည့် ကျောက်များကိုသတ်မှတ်ချက်နှင့်အညီ ထည့်သွင်းဆောင်ရွက်ရန်၊ ရထားလမ်းပိုင်း တစ်လျှောက်ရှိ တံတားများ၏ ကြံ့ခိုင်ရေးကိုလည်း ပြန်လည်စစ်ဆေးပြီး လိုအပ်သည့် ပြုပြင်ထိန်းသိမ်းခြင်းများကို ဆောင်ရွက်သွားရန်၊ ရထားလမ်းပိုင်းပြန်လည် ဖွင့်လှစ်ချိန်တွင် ရထားများ အဆင်ပြေချောမွေ့စွာဖြင့် ပြေးဆွဲဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားရန်၊ ပြင်ဦးလွင်-ဂုတ်ထိပ်-နောင်ပိန် ရထားလမ်းပိုင်း၌ ပြည်တွင်း/ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်သည့် ကျောက်မီးသွေးသုံးမီးရထားစက်ခေါင်းများ အသုံးပြု၍ ပြေးဆွဲနိုင်ရေး ဆောင်ရွက်သွားရန်၊ယခုကျရောက်မည့် သီတင်းကျွတ်ကာလ အများပြည်သူရုံးပိတ်ရက်များတွင် ရန်ကုန်-နေပြည်တော်-မန္တလေး လူစီးရထားများ ထပ်မံတိုးချဲ့ပြေးဆွဲသွားရန်တို့ကိုလည်း ယာယီသမ္မတက လမ်းညွှန်ခဲ့ကြောင်း သိရသည်။
▪️ ယင်းအပြင် ပြင်ဦးလွင်မြို့၊ သုမင်္ဂလာဈေး(ညံတောဈေး) ၆ ထပ် အဆင့်မြင့် ဈေးသစ်တည်ဆောက်ရေးစီမံကိန်း သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ယခုအဆင့်မြင့်ဈေးသစ်တည်ဆောက်စေခြင်းသည် ပြင်ဦးလွင်မြို့၏ လူနေမှု ထူထပ်လာမှုများ၊ ခရီးသွားလာမှု များပြားလာမှုများနှင့် ကိုက်ညီသည့် အဆင့်မီဈေးတစ်ခုဖြစ်ပေါ်လာစေရန်နှင့် ဒေသထွက်နှင့် အခြေခံသုံးကုန် ပစ္စည်းများကို တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်းရရှိနိုင်စေရန် ရည်ရွယ်ဆောင်ရွက်စေခဲ့ခြင်းဖြစ်ကြောင်း၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့်ကိုက်ညီသည့် အဆင့်မြင့်ဈေးဖြစ်ပေါ်လာစေရေး ကြပ်မတ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်း များအားလုံးပြီးစီးပါက ဈေးဆိုင် ခန်း များ စနစ်တကျဖြစ်စေရေးအတွက်လည်း ကြပ်မတ်ဆောင်ရွက်သွားရန်လိုပြီး သန့်ရှင်းမှုရှိစေရေးကို အလေးထားဆောင်ရွက်သွားရန်နှင့် ရေ/မီးစနစ်များ စနစ်တကျရှိစေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် အခြားလိုအပ်သည် များကိုလမ်းညွှန်ခဲ့ကြောင်း သိရသည်။
#YMG/PP #Yangon_Times
၁၀၅ နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့နဲ့ ၄၈ ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနားကို ယခုလ၁၃ရက်မှာကျင်းပသွားမယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သိရပါတယ်။
#Local_News
Published 02 October 2025
#မြန်မာ့ရုပ်ရှင်နေ့ #ရုပ်ရှင်သက်ကြီးပူဇော်ပွဲ
#YMG/SW #Yangon_Times
၂၀၂၅ ခုနှစ် စက်တင်ဘာလအတွက် စေလွှတ်လချုပ်ပေးပိုရန် ကျန်ရှိတဲ့ အေဂျင်စီပေါင်း နှစ်ရာခန့်ရှိတယ်လို့ အလုပ်သမားဝန်ကြီးဌာန Safe Migration Channel က ထုတ်ပြန်ပါတယ်။
#Local_News
Published 02 October 2025
#စေလွှတ်လချုပ် #Safe_Migration_Channel
#YMG/SW #Yangon_Times
လာမယ့် ၂၀၂၆ခုနှစ် မိုးရာသီအတွင်း ဒီရေတောအပင် ၄ သန်းခန့် တိုးချဲ့တည်ထောင်စိုက်ပျိုးသွားမယ်လို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက သိရပါတယ်။
#Local_News
Published 02 October 2025
#ဒီရေတောအပင် #မိုးရာသီအတွင်း
#YMG/NN #Yangon_Times
Page 307 of 2444