မတ်လ၂၈ရက်မှာဖြစ်ပွါးခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရတဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်းမှာ မနက်ဖြန်ကစပြီးယာဉ်ငယ်တွေကို ရန်ကုန်ကနေ နေပြည်တော်အထိသွားလာခွင့် ပြုမယ်လို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ သိရပါတယ်။
#Local_News
Published 04 Apirl 2025
#ရန်ကုန်-မန္တလေးအမြန်လမ်း #ငလျင်ဒဏ်ကြောင့်ပျက်စီး
#YMG/SW #Yangon_Times
#Local_News
Published 4 April 2025
▪️ မတ်လ (၂၈)ရက်က မန္တလေးနှင့်စစ်ကိုင်းမြို့များကို အထိနာစေ ခဲ့သည့် ရစ်(ခ်)တာစကေး ၇ ဒဿမ ၇ ရှိ အလွန်အင်အားပြင်း ငလျင်တစ်ခုလှုပ်ခတ်ပြီးနောက်ပိုင်း ငလျင်ငယ်များဆက်လက်လှုပ်ခတ်လျှက်ရှိရာ ယနေ့ ဧပြီ(၄)ရက် နေ့လယ်ပိုင်း အချိန်အထိ နောက်ဆက်တွဲငလျင် အရေအတွက် (၇၃)ကြိမ် အထိ လှုပ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မိုး/ဇလ၏ အသိပေးချက်အရ သိရသည်။
▪️ အဆိုပါ နောက်ဆက်တွဲ ငလျင်ငယ်များသည်အမြင့်ဆုံး ရစ်(ခ်) တာစကေး ၇ ဒသမ ၅ အဆင့်မှ အနိမ့်ဆုံး ရစ်(ခ်) တာစကေး၂ ဒသမ ၈ အဆင့်အထိ ရှိကြပြီး မိတ္ထီလာ၊ သံတောင်ကြီး၊ ထီးချိုင့် ၊ စစ်ကိုင်း၊ နေပြည်တော်၊ မလှိုင်၊ တပ်ကုန်း၊ ပျဉ်းမနား၊ မြို့လှ၊ ဧလာ၊ ရေတာရှည်၊ ရွာငံ၊ ဝမ်းတွင်း၊ ကျောက်ဆည် ၊ ထန်းတပင်၊ ပုသိမ်ကြီး၊ ကျောက်မြောင်း ၊ ဝက်လက် ၊ သာဂရ၊ နထိုးကြီး၊ စဉ့်ကိုင်၊ တောင်ငူ၊ သာစည်၊ အုတ်တွင်း၊ မတ္တရာ၊ ဖြူး၊ ပြင်စလူ၊ကျောက်တံခါး စသည်တို့တွင် လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
မတ်လ ၄ရက် ယနေ့နေ့လယ်ပိုင်း အချိမ်အထိ ငလျင်ငယ်သုံးကြိမ်အထိလှုပ်ခတ်ခဲ့ပြီး ယင်းငလျင်ငယ်များမှာ မနက်ပိုင်း၆ နာရီ ၅မိနစ်၁၆ စက္ကန့်အချိန်တွင် သာစည်မြို့၏ အရှေ့အရှေ့မြောက်ဘက် (၁၀)ခန့်အကွာတွင် ရစ်(ခ်) တာစကေး ၃ ဒသမ ၀ အဆင့်ရှိ ငလျင်တစ်ခုနှင့် ၆ နာရီ ၂၉မိနစ်၅၃စက္ကန့်အချိန်၌ မြန်မာပင်လယ်ပြင် ပြင်စလူမြို့၏ အနောက် အနောက်တောင်ဘက် (၇၄) မိုင်အကွာတွင် ဗဟိုပြု၍ ရစ်(ခ်) တာစကေး ၄ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသည့် ငလျင်တစ်ခု၊ နေ့လယ် ၁၂ နာရီ ၃၃မိနစ်၅၆ စက္ကန့် အချိန်၌ ကျောက်တံခါးမြို့၏ အနောက်- အနောက်တောင်ဘက် (၂၃) မိုင်ခန့်အကွာတွင် ဗဟိုပြု၍ ရစ်(ခ်)တာစကေး ၃ ဒသမ ၈အဆင့်ရှိ တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
၄ ဧပြီ ၂၀၂၅
ဆဋ္ဌမအကြိမ်မြောက် ဘင်မ်စတက်BIMSTEC အဖွဲ့ (ဘင်္ဂလားပင်လယ်အော် ဒေသတွင်း ကဏ္ဍစုံ နည်း ပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ဦးဆောင်ဦးရွက်ပြုမှုအစီအစဉ် ) ထိပ်သီးအစည်းအဝေးကို ယနေ့ ဧပြီလ ၄ရက်မနက်က ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ ရှန်ဂရီလာဟိုတယ်တွင် စတင်ကျင်းပနေ ပါတယ်။
ထိပ်သီးအစည်းအဝေးကို မြန်မာနစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် ဘင်စတက်နိုင်ငံ များရဲ့ နိုင်ငံခေါင်းဆောင်များ စုပေါင်းဓါတ်ပုံရိုက်ပြီး ဖွင့်လှစ်ပေးခဲ့ပါတယ်။
ဘင်စတက်ထိပ်သီးအစည်းအဝေးကို ကမကထကျင်းပတဲ့ အိမ်ရှင် ထိုင်းနိုင်ငံဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝါတရာက အခြားခေါင်းဆောင်တွေနှင့်ကိုယ်စားလှယ်အဖွဲ့တွေကို နှုတ်ဆက်ခဲ့ပါတယ်။
အဆိုပါထိပ်သီးအစည်းအဝေးမှာအဖွဲ့ဝင်နိုင်ငံ့ခေါင်းဆောင်တွေမိန့်ခွန်းတွေပြောကြားပြီးတဲ့နောက်ဘင်မ်စတက် ရေကြောင်းသယ်ယူပို့ဆောင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက် တစ်ရပ် ကို လက်မှတ်ရေးထိုးကြဖို့ရှိနေပါတယ်။
#ymg/knl
#Local_News
Published 4 April 2025
▪️ မြန်မာနိုင်ငံအတွက် WHO ၏ အရေးပေါ်ကျန်းမာရေးပစ္စည်းများ တန်ချိန် ၃၅ တန်ယမန်နေ့ကထပ်မံ ရောက်ရှိခဲ့ကြောင်း သိရသည်။
▪️ ထိုတန်ချိန် ၃၅ တန် ပစ္စည်းများမှာ မြန်မာနိုင်ငံတွင် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ခံစားနေရသူများအား အရေးပေါ်ကုသမှုပေးနိုင်ရန် WHO မှ Interagency Emergency Health Kits (IEHK) နှင့် Trauma & Emergency Surgery Kits အပါအဝင် အရေးပေါ်ဆေးဘက်ဆိုင်ရာပစ္စည်းများဖြစ်ကြောင်း၊
▪️ ယခုအကြိမ် ရောက်ရှိလာသည့်ဆေးဘက်ဆိုင်ရာအထောက်အပံ့ပစ္စည်းများ၏ ပမာဏနှင့် ငလျင်ဖြစ်ပွားပြီးနောက် WHO မှ ပေးပို့ခဲ့သော ဆေးဘက်ဆိုင်ရာပစ္စည်းများ၏ပမာဏသည် စုစုပေါင်း တန်ချိန် ၁၀၀ နီးပါးအထိ ရှိလာပြီဖြစ်ပြီး အထောက်အပံ့ပစ္စည်းများထဲတွင် အရေးကြီးသော ဆေးဝါးများ၊ ဒဏ်ရာကုသရေးပစ္စည်းများ၊ ခွဲစိတ်မှုဆိုင်ရာကိရိယာများနှင့် ရွေ့လျားကျန်းမာရေးတဲများ ပါဝင်ကြောင်း သိရသည်။
▪️ အဆိုပါ ပစ္စည်းများကို ငလျင်ဒဏ်အထိခိုက်ခံရဆုံးဒေသများသို့ ဖြန့်ဝေရန် အသင့်ပြင်ဆင်လျက်ရှိပြီး ဆေးရုံများနှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်နေသူများအနေဖြင့် အသက်ကယ်လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နိုင်ရန် အထောက်အကူပြုစေမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 4 April 2025
▪️ တရုတ်နိုင်ငံက မန္တလေးနှင့် နေပြည်တော်ရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် ယာယီကယ်ဆယ်ရေးစခန်းများ တည်ဆောက်ပေးခဲ့ပြီး အဆိုပါစခန်းများတွင် ဒုက္ခသည် ၉၀၀ ဦးခန့်အား လက်ခံထားရှိပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။
▪️ ဧပြီလ ၂ ရက်နေ့ ညနေပိုင်းတွင် တရုတ်နိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေရှင်းနှင့် ဒေသခံအင်အားစုတို့ ပူးပေါင်းပြီး မန္တလေးမြို့၌ တရုတ်ကယ်ဆယ်ရေး ပစ္စည်းများကိုအသုံးပြု၍ ယာယီစခန်းတည်ဆောက်ပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါစခန်းသည် မတ်လ ၂၈ ရက်နေ့ မြန်မာနိုင်ငံ ငလျင်ဖြစ်ပွားပြီးနောက် ပထမဆုံးသော အပြည်ပြည်ဆိုင်ရာ ယာယီ ကယ်ဆယ်ရေးစခန်းဖြစ်ကြောင်း၊ ထို့နောက်CITIC MYANMAR ကုမ္ပဏီနှင့် တရုတ်နိုင်ငံကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေရှင်းတို့ ပူးပေါင်း၍ နေပြည်တော်တွင် ဒုတိယမြောက် ယာယီကယ်ဆယ်ရေးစခန်းကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ကြောင်း သိရသည်။
▪️ ထိုယာယီစခန်းများသည် ဒုက္ခသည် ၉၀၀ ဦးခန့်အား လက်ခံထားရှိပေးနိုင်မည် ဖြစ်ပြီးနောက်ပိုင်းတွင် တရုတ်မော်တော်ယာဉ်ကုမ္ပဏီ FAW သည် တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေရှင်းနှင့် ပူးပေါင်း၍ မန္တလေးနှင့် နေပြည်တော်မြို့များတွင် ယာယီစခန်းများ ထပ်မံတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ငလျင်ဒဏ်ကြောင့် မန္တလေး၊ နေပြည်တော်စသည့် ဒေသများ၏ အဆောက်အဦများ ဆိုးဝါးစွာ ပျက်စီးခဲ့ပြီး သောက်သုံးရေနှင့် လျှပ်စစ်မီးများ ပျက်တောက်ခဲ့သည့်အပြင် ၄၀ ဒီဂရီနီးပါးရှိသော အပူချိန်နှင့် ခြင်ယင်များကိုက်ခံရမှုတို့ကြောင့် ဘေးဒဏ်သင့်ပြည်သူများ၏ နေထိုင်မှုဘဝသည် အလွန်ခက်ခဲလှရာ တရုတ်နိုင်ငံအစိုးရ၊ အဖွဲ့အစည်းများနှင့် လုပ်ငန်းရှင်များသည် ဘေးအန္တရာယ်ဖြစ်ပွား ပြီးချိန်တွင် ချက်ချင်းကူညီပံ့ပိုးပေးခဲ့ပြီး ဘေးဒဏ်သင့်ပြည်သူများ ပြန်လည်နေရာချထားရေး၊ အထောက်အပံ့ပေးရေး၊ သောက်သုံးရေရရှိရေးနှင့် ကျန်းမာရေ ကူးစက်ရောဂါကာကွယ်ရေး လုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်ပေးခဲ့ကြောက်း၊ ဧပြီလ ၃ ရက်နေ့တွင် တရုတ်နိုင်ငံ၏ နိုင်ငံတကာကယ်ဆယ်ရေးနှင့်ဆေးကုသရေးအဖွဲ့ခွဲမှ မန္တလေးမြို့မင်္ဂလာဈေးအနီးရှိ ယာယီ ကယ်ဆယ်ရေးစခန်းတွင် ရောဂါတိုင်ပင်ဆွေးနွေးခြင်း၊ ဆေးစစ်ခြင်းနှင့် အနာပိုးသန့်စင်ခြင်းစသည့် အခြေခံကျန်းမာရေးဝန်ဆောင်မှုများ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times

၃ဧပြီ ၂၀၂၅
ငလျင်ဘေး ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် နီပေါနိုင်ငံ၏ အတွေ့အကြုံများကို မျှဝေပေးပါရန် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နီပေါနိုင်ငံဝန်ကြီးချုပ် Mr. K P Sharma Oli ကို ပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် BIMSTEC ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ဖို့ရောက်ရှိနေကြတဲ့ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နီပေါဝန်ကြီးချုပ်.Mr. K P Sharma Oli တိုံ
ယနေ့ ဧပြီလ ၃ရက်ညနေပိုင်း၌ ဘန်ကောက်ရှိ ရှန်ဂရီလာဟိုတယ်တွင် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။
နီပေါနိုင်ငံတွင် ၂၀၁၅ ခုနှစ်အတွင်း ငလျင်လှုပ်ခတ်ခဲ့စဉ်ကလည်းသေဆုံးသူ ၉၀၀၀ ကျော်ခန့်ရှိပြီး ထိခိုက်သူ ၂၃၀၀၀ ကျော်ရှိခဲ့တဲ့အတွက် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် အဆောက်အဦများ ပြန်လည်ထူထောင်ရေးအတွက်လည်းဆောင်ရွက်ခဲ့ရတယ်လို့ နီပေါဝန်ကြီးချုပ်က ပြောကြားခဲ့တဲ့အပေါ် ဗိုလ်ချုပ်မှူးကြီးက တုန့်ပြန်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း နစကရဲ့ သတင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
၂၀၁၅ ခုနှစ်၌ နီပေါငလျင်လှုပ်ခတ်ခဲ့စဉ်ကလည်း မြန်မာ့တပ်မတော်မှ ကယ်ဆယ်ရေးပစ္စည်းများကို အချိန်နှင့်တစ်ပြေးညီပေးပို့ကူညီပေးခဲ့သကဲ့သို့ ယခုမိမိတို့နိုင်ငံ၌ ငလျင်ဘေးဒဏ်ကျရောက်ချိန်၌လည်း အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးမှုများအတွက် ကျေးဇူးတင်ရှိတယ်လို့ ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီးက မြန်မာနိုင်ငံတွင် ဒီဇင်ဘာလ၌ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုတွေကို အသိပေးပြောကြားခဲ့ပြီး ဝန်ကြီးချုပ်နှစ်ဦးသည် နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်ဆောင်ရွက်မှုများ မြှင့်တင် ဆောင်ရွက်သွားမည့်အခြေအနေများ၊ ကုန်သွယ်ရေးကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ခရီးသွားကဏ္ဍနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှု များ မြှင့်တင်ဆောင်ရွက်သွားမည့်အခြေအနေတွေကို ဆွေးနွေး ခဲ့ကြတယ်လို့ သိရပါတယ်။
#Daily_News
Published 03 Apirl 2025
၁။ MCEF က ငလျင်ဘေးသင့် ပြည်သူများအတွက် ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးများ ကူညီပံ့ပိုးပေးမည်
၂။ ယခုလကုန်အထိ လိုင်စင်လျှောက်ထားရန်မလိုဘဲပို့ကုန်များတင်ပို့နိုင်မည်
၃။ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များမှ ကျပ်သိန်းတစ်သောင်းဝန်းကျင် လှူဒါန်းသွားမည်
၄။ ပြင်သစ်ဈေးကွက်မျှတရေးစောင့်ကြည့်အဖွဲ့က Appleအားယူရိုးသန်း(၁၅၀)ဒဏ်ရိုက်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်
#YMG #Yangon_Times #Yangon_Media_Group
Page 307 of 2237